ကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်သို့ရွှေတောင်၊ အင်းမ၊ ဝက်ပုတ်၊ ပုတီးကုန်း၊ သဲကုန်းနှင့် ပြည်မြို့အရှေ့ဘက်ရှိ ဇီးအုပ်၊ နတ်တလင်း ရွာများမှ ပဲတောင့်ရှည် (ခေါ်) ဗုံလုံသီးများ အဝင်များလျက်ရှိပြီး ယခုကာလတွင် အရောင်းအဝယ် ကောင်းလျက်ရှိနေသည်။ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ယခုကာလ တွင်တစ်ရက်လျှင် ဗုံလုံသီးအလုံးရေ (၅၀၀-၆၀၀)ခန့်အဝင်ရှိနေသည်။ အဝင်ရှိသလောက် အရောင်းအဝယ်သွက်လျက်ရှိပြီး ဈေးနှုန်းမှာ ဗုံလုံသီး တစ်တောင့်လျှင် အလုံးအချော/ အသေးအပေါ်မူတည်၍ ကျပ်(၆၀၀-၇၀၀-၈၀၀)နှုန်း တို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေပြီ

ငါးစီဖောင်းသည်ငါးပိုက်အတွင်းမှ အဖြူရောင်လေဖောင်းအလုံးလေး (၂)လုံးကို ခေါ်ခြင်း ဖြစ်ပါသည်။ ငါးစီဖောင်းကို အင်္ဂလိပ်လို Swim bladder (or) Air Bladder (or) Fish Maw ဟု ခေါ်ဆိုကြပါသည်။ ငါးစီဖောင်းသည် အရိုးမာငါးအုပ်စုတွေမှာ အများဆုံးပါရှိပြီး စီဖောင်း အရွယ် အစားနှင့် ငါးအမျိုးအစားအလိုက်တန်ဖိုးကြီးမြင့်ပါသည်။ ငါးစီဖောင်းမှန်သမျှ ဈေးကောင်း ရရှိပြီး ဆေးဘက်ဝင် ကြပါသည်။ ငါးစီဖောင်းပါရှိသောငါးများတွင် စီဖောင်းအရွယ်အစားများမှာ ရေချိုငါး တွင် ခန္တကိုယ်တည်၏ ၅%<

ပြည်ဈေးကွက်တွင်ရောင်းချနေသောနံနံပင်များကိုပြည်ဒေသတစ်ဝိုက်မြို့နယ်များဖြစ်သော ရွှေတောင်မြို့နှင့် မှော်ဇာမြို့နယ်များမှ ဈေးကွက်သို့ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ ယခုဇွန်လဆန်းပိုင်းတွင်တော့မိုးရွာသွန်းမှုများသောကြောင့် နံနံပင်စိုက်ခင်းများမှာ နံနံပင်များ အထွက်နည်းကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်တွင်ရောင်းချလျှက်ရှိသော နံနံပင်ဈေးနှုန်း များမှာ မေလကုန်ပတ်တွင် နံနံပင် တစ်ပိဿာကို (၈၀၀၀)ကျပ်ခန့်နှုန်းဖြင့်ရောင်းချပြီး ယခုဇွန်လ ဒုတိယပတ်တွင် တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်ဖြင့် ဈေးမ

မော်လမြိုင်မြို့၊ မောင်ငံဈေးအတွင်း ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခဝဲသီးတို့ကို ရောင်းချလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ၊ သာစည်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး သစ်သီးဝလံတစ်မျိုးဖြစ်သည့် မိုးဖရဲကို မေလမှာ စတင်စိုက်ပျိုး ကြောင်း၊ သာစည်မြို့နယ်တွင် ဖရဲစိုက်ဧက(၉၄၄)ဧက စိုက်ပျိုးကြကြောင်း မြေစာရင်းဦးစီးဌာနရုံး မှသိရသည်။ ဘာဟူဘာလီ (BAHUBALI) အမှတ်တံဆိပ် ဖရဲမျိုး (၂၀)kg တစ်ထုပ်လျှင် (၅၀၀၀၀) ကျပ်နှုန်းဖြင့် တစ်ဧကလျှင်(၄)ထုပ် စိုက်ပျိုးရပြီး မြေပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ မြောင်း ဖော်ရေသွင်းခြင်းစသည
