Main menu

ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏ တိုးတက်လာ

Powered by Drupal

        အမျိုးသားစာရင်းအင်းရုံးက ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၆ ခုနှစ်၏ ပထမ (၅) လအတွင်း ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏသည် ယခင်နှစ် ကာလတူထက် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၄၅.၁၂ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

         အဆိုပါ ကာလအတွင်း ပို့ကုန်တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် ၁၉.၅ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၂၁၅.၆၆ ဘီလီယံရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုမှာမူ ၃၀.၈ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်ခဲ့ပြီး ဒေါ်လာ ၂၂၉.၄၆ ဘီလီယံ ရှိခဲ့သည်။ ထို့ကြောင့် ကုန်သွယ်မှုလိုငွေ ပြောင်းပြန်ပြကာ ဒေါ်လာ ၁၃.၈ ဘီလီယံအထိ ရှိလာခဲ့သည်။ ယခင်နှစ် ကာလတူတွင်မူ ဗီယက်နမ်နိုင်ငံသည် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၅.၁ ဘီလီယံ ရရှိခဲ့ဖူးသည်။

       မေလတစ်လတည်းတွင် စုစုပေါင်း ပို့ကုန်-သွင်းကုန် ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၉၉.၀၇ ဘီလီယံအထိရှိခဲ့ရာ ဧပြီလထက် ၃.၂ ရာခိုင်နှုန်းနှင့် ယခင်နှစ် မေလထက် ၂၅.၈ ရာခိုင်နှုန်း ပိုမိုမြင့်မားလာခဲ့သည်။ မေလအတွင်း ပို့ကုန်တင်ပို့မှုမှာ ပြီးခဲ့သည့်လထက် ၂.၁ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၄၆.၉၃ ဘီလီယံရှိခဲ့ပြီး သွင်းကုန်မှာမူ ၄.၃ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၅၂.၁၄ ဘီလီယံရှိခဲ့သဖြင့် မေလတစ်လတည်း၌ပင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၅.၂၁ ဘီလီယံအထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

       နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ (Foreign-invested sector) သည် ဗီယက်နမ်၏ ပို့ကုန်ကဏ္ဍတွင် အဓိကအခန်းကဏ္ဍမှ ဆက်လက်ဦးဆောင်နေပြီး၊ ယခင်နှစ်ထက် ၂၄.၇ ရာခိုင်နှုန်း မြင့်တက်ကာ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၇၂.၁၆ ဘီလီယံအထိ တင်ပို့နိုင်ခဲ့သဖြင့် စုစုပေါင်း ပို့ကုန်ပမာဏ၏ နီးပါး ၈၀ ရာခိုင်နှုန်းခန့်အထိ ရှိခဲ့ကြောင်း သိရသည်။

           အုပ်စုအလိုက်ကြည့်ပါက ပြုပြင်မွမ်းမံပြီး စက်မှုကုန်ချောပစ္စည်းများ (Processed industrial goods) သည် ဗီယက်နမ်၏ အကြီးမားဆုံး ပို့ကုန်အမျိုးအစားအဖြစ် ဆက်လက်ရပ်တည်နေပြီး ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁၉၃.၇၁ ဘီလီယံ ရရှိခဲ့ကာ စုစုပေါင်းပို့ကုန်၏ ၈၉.၈ ရာခိုင်နှုန်းကို ကိုယ်စားပြုနေသည်။ စိုက်ပျိုးရေးနှင့် သစ်တောထွက်ပစ္စည်းများ တင်ပို့မှုမှ ဒေါ်လာ ၁၅.၇၉ ဘီလီယံ ရရှိခဲ့ပြီး ရေထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၄.၆၇ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။

        အမေရိကန်ပြည်ထောင်စုသည် ဗီယက်နမ်၏ အကြီးမားဆုံး ပို့ကုန်စျေးကွက်အဖြစ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၉.၆ ဘီလီယံဖြင့် ဆက်လက်တည်ရှိနေပြီး၊ တရုတ်နိုင်ငံသည် ဗီယက်နမ်၏ အကြီးမားဆုံး သွင်းကုန်တင်သွင်းရာနိုင်ငံအဖြစ် ဒေါ်လာ ၉၂.၆ ဘီလီယံဖြင့် ထိပ်ဆုံးကရှိနေကြောင်း သိရှိရပါသည်။

Source : Vn Economy                                                                         

DOCA (ရန်ကုန်)