Main menu

ဗီယက်နမ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှု တိုးတက်လာ

Powered by Drupal

​          ဗီယက်နမ်နိုင်ငံ၏ အမျိုးသားစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဗီယက်နမ် သတင်းအေဂျင်စီက ဇွန်လ ၈ ရက်နေ့တွင် ဖော်ပြချက်အရ ဇန်နဝါရီလမှ မေလအထိ ငါးလတာ ကာလအတွင်း ဗီယက်နမ်၏ စက်မှုကုန်ထုတ်လုပ်မှုသည် လွန်ခဲ့သော နှစ်တာကာလအတွင်း အားအကောင်းဆုံး တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

​         အဆိုပါ အစီရင်ခံစာအရ ယခု ငါးလတာကာလအတွင်း စက်မှုကုန်ထုတ်လုပ်မှုညွှန်းကိန်း (Index of Industrial Production) သည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက . ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

​          စက်မှုကဏ္ဍတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သော ကုန်ထုတ်လုပ်မှုနှင့် ပြုပြင်မွမ်းမံမှုကဏ္ဍ (Manufacturing and Processing sector) သည် . ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး စုစုပေါင်းတိုးတက်မှုနှုန်း၏ . ရာခိုင်နှုန်းအထိ ပါဝင်ပံ့ပိုးပေးနိုင်ခဲ့သည်။ ထို့အပြင် သတ္တုတွင်း တူးဖော်ရေးကဏ္ဍသည် . ရာခိုင်နှုန်း ပြန်လည်ဦးမော့လာခဲ့ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကဏ္ဍသည်လည်း . ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။

​          အဓိက စက်မှုလုပ်ငန်းကြီး အချို့တွင်လည်း ဂဏန်းနှစ်လုံးရှိသော တိုးတက်မှုနှုန်းများ (Double-digit gains) ရရှိခဲ့ပြီး ၎င်းတို့ထဲတွင် သတ္တုထုတ်လုပ်မှု၊ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ဓာတုဗေဒထုတ်ကုန်လုပ်ငန်းများ ပါဝင်သည်။ ထို့ပြင် မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုမှာ ၃၆ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်ခဲ့ပြီး မော်တော်ကားထုတ်လုပ်မှုမှာလည်း ၂၆. ရာခိုင်နှုန်း အထိ ခုန်တက်သွားခဲ့ကြောင်း သိရသည်။

​            ဗီယက်နမ်နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ်နှင့် မြို့ကြီး ၃၄ ခုလုံးတွင် စက်မှုကဏ္ဍတိုးတက်မှုများ ရရှိခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)