သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် ဝန်ထမ်းများအဖွဲ့သည် ဧပြီလ (၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စားသုံးဆီ ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်အမှတ် အသားပြည့်စုံစွာ ဖော်ပြလာရေးအသိပညာပေး ဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးကျော်မိုးလွင်သည် မိုးညှင်းမြို့၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ဖွင့်လှစ်သင်ကြားလျက်ရှိ သော အခြေခံမွေးမြူရေးနှင့်ကုသရေး စာတွေ့လက်တွေ့သင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသား(၁၆)ဦးအား ၂၀၂၂ခုနှစ်၊ ဧပြီလ၂၂ရက်နေ့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုအရ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးဦးဆောင်၍ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူခိုင်၊ စားသုံးဌာနခွဲ တာဝန်ခံ ဦးစီးမှူး ဒေါ်စန္ဒာစိုးလွင်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်အေးအေးခိုင် နှင့် ဒုဦးစီးမှူး ဒေါ်ဖြူသီခိုင်၊ အငယ်တန်းစာရေး ဦးဝေယံဖြိုး တို့သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသော လက်ကာ

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်၊ ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် စားသုံးသူများ ဈေးကွက်အတွင်း အရည်အသွေး အာမခံချက်ရှိသည့် ကုန်ပစ္စည်းများ ရွေးချယ်ဝယ်ယူနိုင်ရေးနှင့် ကုန်ပစ္စည်း အတုအပကင်းစင်ရေး ဘေးကင်းလုံခြုံစွာသုံးစွဲနိုင်ရေးရည်ရွယ်၍ (၂၀.၄.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီထိ ချောက်မြို့ပေါ်ရှိ စက်ဆီ/ချောဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသော အရ

စားသုံးသူရေးရာဦးစီးဌာန ၊ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်ရှိ OK Htoo စက်သုံးဆီဆိုင်၊ စိန်သဇင် စက်သုံးဆီဆိုင်တို့အား သွားရောက်၍ ရရှိထားသည့် စက်သုံးဆီခွဲတမ်းများအား သတ်မှတ်စျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး ၊ အရည်အသွေးနှင့်အချင်အတွယ် မှန်ကန်မှုရှိစေရေးအတွက် ဧပြီလ ၂၂ရက်နေ့တွင် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
