သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် တာဝန်ခံနှင့်အဖွဲ့သည် (၉.၅.၂၀၂၂) ရက်နေ့ နံနက်(၉:၀၀) တွင် စောပြာအုပ်စု၊ လှော်ကထားကျေးရွာ ဦးဂျမား၏နေအိမ်၌ မွေးမြူရေးလုပ်ငန်းရှင် (၁၂)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် ခရိုင်တိုင်းရင်းဆေးဦးစီးဌာန၊ ခရိုင်စည်ပင်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၁.၅.၂၀၂၂) ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့ပေါ်ဆေးဆိုင်များသို့သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တာဝန်ခံ ဦးမြင့်အောင်သည် ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ နံနက်(၉:၃၀) အချိန်တွင် အမှတ်(၃)ရပ်ကွက်၊ KBZဘဏ်၌ ဘဏ်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ (၂၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မုံရွာမြို့တွင် (၁၀.၅.၂၀၂၂)ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် Competition Economist (MmCC) Durham University မှ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် စီးပွားရေးအကြံပေးပညာရှင်ဦးသုတအောင် အား ဖိတ်ခေါ်၍ မုံရွာစီးပွားရေးတက္ကသိုလ်မှပါမောက္ခ ဆရာ၊ ဆရာမများ ဌာနဆိုင်ရာမှဝန်ထမ်းများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းအသင်းဥက္ကဌနှင့် အသင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်နှင့် ဝန်ထမ်းများသည်(၁၀.၅.၂၀၂၂)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၌ စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးလှမြင့်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းစုစုပေါင်း(၆၅)ဦး တက်ရောက်ခဲ့ပါသည်။
