သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘိုသည် (၇.၄.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ထူးကြီးမြို့၊ အမှတ်(၁) ရပ်ကွက်၊ ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၇.၄.၂၀၂၂) ရက်နေ့ နံနက် (၀၉၀၀) နာရီအချိန်တွင် နန်းတော်ကုန်းကျေးရွာ ဝင်းသီင်္ဂီ ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဧပြီလ (၁၈)ရက်နေ့ ၊ နံနက် (၀၈:၀၀) နာရီတွင် ကုန်ခြောက်ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့နယ်တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၂၀.၄.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့ အောင်သပြေဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိမရှိကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ ဗိုလ်ချုပ်လမ်းရှိ WED အလှကုန်အမျိုးမျိုး အရောင်းဆိုင်သို့ သွားရောက်၍ သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။
