သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီစျေးနှုန်းများ ပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေများကြောင့် ၁၉.၄.၂၀၂၂ ရက်နေ့တွင် သက်ဆိုင်ရာခရိုင်ဦးစီးမှူးနှင့်အဖွဲ့များသည် မိမိတို့ခရိုင်အတွင်း စက်သုံးဆီဆိုင်များအား ကွင်းဆင်းစိစစ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့ (၇)ရပ်ကွက်ရှိ ကျော်ဇေယျာထွန်း ဆန်စက်အား (၇.၄.၂၀၂၂) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဧပြီလ ၄ ရက်နေ့ ၊ နေ့လည် (၂:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးပြုလုပ်ခဲ့ရာ ဉက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် (၄) ဦးနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၅) ဦးတက်ရောက်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်မြို့ မြို့ရှောင်လမ်းနှင့် သိုက်ကုန်းလမ်းရှိ ထွန်းသူဇာ မတ်ပဲရောင်းဝယ်ရေးလုပ်ငန်းသို့ (၁၈.၄.၂၀၂၂) နေ့ နံနက်ပိုင်း(၁၁၀၀)နာရီချိန်တွင် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၇.၄.၂၀၂၂) နေ့ နံနက်ပိုင်းတွင် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မအူပင်မြို့ပေါ်ရှိ စတိုးဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များသို့ ကွင်းဆင်း၍ ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်မှု ဆောင်ရွက်ခဲ့ပါသည်။
