Main menu

ကမ်းရိုးတန်းသွားရေယာဉ်များပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

                   ရန်ကုန်တိုင်းဒေသကြီး ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လမ်းညွှန်မှုအရ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  ၂-၁-၂၀၂၅ ရက်နေ့ မှ ၁၄-၁-၂၀၂၅ ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ရွှေမဲဆိပ်ကမ်း၊ သာကေတဆိပ်ကမ်း ၊ မုတ္တမဆိပ်ကမ်း ၊ Motherဆိပ်ကမ်း များသို့  စားသုံးသူရေးရာ ဦးစီးဌာန ၊ တိုင်းရဲတပ်ဖွဲ့ ၊ မူးယစ်ရဲတပ်ဖွဲ့ ၊  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်း ရဲတပ်ဖွဲ့ စသည့် ပူးပေါင်းအဖွဲ့များနှင့်အတူ သွားရောက်၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)