သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၅.၂၀၂၂) ရက်နေ့တွင် Online ပေါ်တွင်ရောင်းချနေသည့် “ရသေ့ဆေး” ဟု ခေါ်ဆိုသည့် ထိုင်းတိုင်းရင်းဆေးများ စစ်တွေမြို့မဈေးအတွင်း ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းဦးဆောင်၍ ဒေါ်စန္ဒာမွန်(ဒု-ဦးစီးမှူး)နှင့် ဒေါ်ဇင်မိုးဝါ(အကြီးတန်းစာရေး) ဝန်ထမ်းများအဖွဲ့သည် တပ်ဦးသီတာရပ်ကွက်ရှိ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းရှင် ဉီးဗန်ဇမှုန်အား စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များအား သိရှိစေရန်တွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ပါသည်။
ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၂ ခုနှစ်၊ မေ လ (၁၀)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်ရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်ရှိ စက်ဆီ၊ ချောဆီဆိုင်များ၌ စက်ဆီ/ ချောဆီများ တရားမဝင် တင်သွင်းရောင်းချနေမှုများကို လျော့နည်းပပျောက်စေရန် ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိကို စက်ဆီ၊ ချောဆီ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၆.၅.၂၀၂၂ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ စားသုံးဆီကန်များသို့သွားရောက်၍ ပြည့်ပမှ တင်သွင်းလာသည့် စားသုံးဆီများအရည်အသွေးပြည့်မီရေး၊ ပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စားသုံးဆီတင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းဖြန့်ဖြူးမည့် စားသု

ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်းများ ကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများ၏ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာ ဗဟုသုတနှင့် စွမ်းဆောင်ရည် မည်မျှရှိသည်ကို သိရှိနိုင်ရန်အတွက် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်း စစ်တမ်းအား ကောက်ယူခြင်း ဖြစ်ပါ သည်။
