ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံတို့တွင် ကြက်သွန်နီအရောင်းအဝယ်ဖြစ်မှုအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုး ဖြစ်သည့် ကြက်သွန်နီ‌ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (ပထမပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၉၀၀-၁၄၀၀-၁၅၀၀)ဖြစ်ပြီး ဇူလိုင်လ (စတုတ္ထပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၈၀၀-၁၃၀၀-၁၄၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀) မြင့်တက်လာကြောင်း သိရသည်။ ကြက်သွန်နီကို စကု၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း၊ ဆိပ်ဖြူ တို့မှဝယ်ယူပြီး ပွဲရုံမှတစ်ဆင့် မင်းလှ၊ သစ်ရာကောက်၊ မြင်ကွန်း၊ နတ်မောက်မြို့တို့မှပြန်လည်ဝယ်ယူကြကြောင်း၊ တစ်ပတ်လျှင် တန်ချိန် (၁၃)တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

  ရေနံချောင်းဈေးကွက်အတွင်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီဈေးနှုန်းများမှာ ဩဂုတ်လ (ပထမပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၈၀၀-၁၂၀၀-၁၄၀၀)ဖြစ်ပြီး  ယခင်တစ်ပတ် ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရသည်။ ကြက်သွန်နီကို ပွဲရုံမှတစ်ဆင့် ရန်ကုန်၊ ပြည်မြို့သို့ တင်ပို့ပြီး တစ်ပတ်လျှင် တန်ချိန်(၅၈)တန်ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)

မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာ၌ မိုးနှမ်းစိုက်တောင်သူများ ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ ဘုရားပြို၊ ဝက်သိုက်၊ နွားကူး၊ သန်းတောကုန်း၊ မကြီးကန်၊  ဆားတိုင်ကန်စသည့်ကျေးရွာများသည် မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံနှင့် အခြား စားဖိုဆောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ ဆားတိုင်ကန်ကျေးရွာ၌ မိုးနှမ်းကို ၂၀၂၅ခုနှစ်၊ မေလဆန်းတွင်စိုက်ပျိုး၍ ဇူလိုင်လ(စတုတ္ထပတ်)တွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရှိရသည်။

   ဆားတိုင်ကန်ကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် နှမ်းနက်()ဧကခန့်ကို ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)အကြာတွင် ရိတ်သိမ်း ရကြောင်း၊  သိပ္ပံနှမ်းနက်မျိုးကို အများဆုံးစိုက်ပျိုးပြီး ()ဧကလျှင် မျိုး()ပြည်ခန့်ကုန် ကျကြောင်း၊ မျိုးကို နှမ်းစိုက်တောင်သူအချင်းချင်းဆီမှဝယ်ယူပြီး ()ပြည်လျှင် ကျပ်(၁၉၀၀၀)ပေးရကြောင်း၊  ယခင် နှစ်က(၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြား သွင်းအားစု စရိတ်အပါအဝင် စုစုပေါင်း ကျပ်(၅၀၀၀၀၀)ခန့် ကုန်ကျသော်လည်း ယခုနှစ်တွင်မှု သွင်းအားစုစရိတ်မြင့်တက်လာ၍ ကျပ် (၆၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် တင်းရေ(၁၃)တင်းထွက်ရှိပြီး နှမ်းနက်(၁)တင်းလျှင် ကျပ်(၂၆၀၀၀၀) ထိဈေးရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၂၇၈၀၀၀၀) ထိ ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင်မူ မိုးရွာ သွန်းမှုများ၍ နှမ်းပင်များပျက်စီးဆုံးရှုံးမှုရှိခဲ့သော်လည်း အထွက်နှုန်းကောင်းသည့်အပြင် နှမ်းနက် (စမုံနက်)မှာ ဈေးကောင်းလည်းရရှိသောကြောင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိခဲ့ကြောင်း သိရ သည်။

DOCA(မကွေး)

 

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

         အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇူလိုင်လ(၂9)ရက်နေ့မှ ဩဂုတ် လ (၅)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက ်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် 20၀၀ မှ 28၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် 8၀၀ မှ 15၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် 15၀၀ မှ 25၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် 40၀၀ မှ 45၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် 90၀၀ မှ 120၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် 40၀၀ မှ 60၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် 300၀ မှ 40၀၀ အတွင်း၊ ကြက်သွန် နီ(ဆိပ်ဖြူ)ကျပ် 11၀၀ မှ 160၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် 50၀၀ မှ 70၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် 100၀၀ မှ 110၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် 30၀၀ မှ 50၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် 30၀ မှ 50၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် 10၀ မှ 20၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် 25၀၀ မှ 30၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် 5၀ မှ 20၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် 30၀၀ မှ 40၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် 15၀၀ မှ 60၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက် သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (1447950)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (58570) ကျော်၊ ဗူးသီးအလုံးပေါင်း (15305)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(10010)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (187670)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (74350)ကျော်၊ မုန်ညှင်း ထုပ်(ပိဿာ)ပေါင်း (13355) ကျော်၊ ဖရဲသီးလုံးပေါင်း(23375)ကျော် အသီးသီးကုန်အဝင် ရှိကြောင်း သိရပါသည်။

     DOCA (ရန်ကုန်)

ရွှေဘိုဈေးကွက်ရှိ ပဲကြားဈေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပဲကြားစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပဲကြားများကို ဒေသတွင်း၌ ဧကအလိုက်စိုက်ပျိုးမှုမရှိသော်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးထွက်ရှိသည့်ပဲကြားများနှင့်  မန္တလေးမြို့မှ ဝယ်ယူရောင်းချကြပါသည်။

ပဲကြား

    ရွှေဘိုမြို့ဈေးကွက်အတွင်း ဇူလိုင်လ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ပဲကြားဈေးနှုန်းမှာ ()ပြည် လျှင်(၆၈၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၈၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲကြား(၁)ပြည် လျှင်(၆၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  မေလ၊ ဒုတိယအပတ်မှစတင်၍ ယခုအပတ်ထိ ရောင်းချရသည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများ၊ ပဲပြုတ်၊ ပဲရေဖွရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြ ကြောင်းပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

၇.၈.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

    ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်တို့မှ ငြုပ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက်ပြီး ငြုပ်သီးဈေးနှုန်းများမှာ ၇.၈.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀၊ ပန်းရဲ(AC) အမြင့်ဆုံးဈေး ကျပ် ၁၁၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀၊ မြှားနီ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၉၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀၊ မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံး ကျပ် ၁၁၀၀၀၊ မြစ်ဝ မိုးထောင် အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၇၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၆၀၀၀၊ ဆင်ဖြူကျွန်း(ပု) (AC) ကျပ် ၂၁၀၀၀၊ မြစ်ဝ (ပု) (AC) အမြင့်ဆုံးဈေး ကျပ် ၁၉၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၂၀၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ ငြုပ်သီးဈေးနှုန်းမှာ ဈေးနှုန်းမပြောင်းလဲ သည်မှာ  ရက်အနည်းငယ်ကြာြပီဖြစ်သော်လည်း  ၄.၈.၂၀၂၅ ရက်နေ့နှင့် ယနေ့ ၇.၈.၂၀၂၅ ရက်နေ့ တွင် ငြုပ်သီး မြှားနီ AC၊ မြစ်ဝမိုးထောင်မှာ တစ်ပိဿာလျှင် ကျပ် ၁၅၀၀ ဈေးနှုန်းမြင့်တက်ကြောင်း မြစ်ဝပုမှာလည်း ဈေးနှုန်းအနည်းငယ်မြင့်တက်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရွှေဘိုဈေးကွက်တွင်  ရောင်းချသည့်ပုဂံပဲဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပုဂံပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပုဂံပဲများကို မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇူလိုင်လ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ပုဂံပဲဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-) ကျပ်နှင့်တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပုဂံပဲ(၁)ပြည်လျှင်(၉၅၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချ သည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့် သူများမှဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း ပုဂံပဲကို နိုင်လွန်ပဲဟုလည်းခေါ်ကြကြောင်း  ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချလျက်ရှိသော ပြောင်းချို ဈေးနှုန်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျှက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေ ဖြင့် ပြောင်းချိုပင်များ စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ပြောင်းချိုဖူး ဈေးနှုန်း အနေဖြင့် ပြောင်းချို အဖူးကြီး တစ်ဖူးလျှင်(၇၀၀)ကျပ်၊ ပြောင်းချို အဖူးလတ် တစ်ဖူးလျှင်(၅၀၀)ကျပ်၊ ငွေကျပ်(၂၀၀၀)ဖိုးလျှင်(၅)ဖူး နှင့် ပြောင်းချို အဖူးသေး တစ်ဖူးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုး လျှင်(၃)ဖူး ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချနေသော နှင်းသီး နှင့် ထောပတ်သီးဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ နှင်းသီး၊ ထောပတ်သီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညင်းသီးနှင့် ဖရဲသီးများကို  မန္တလေးမြို့နှင့် လားရှိုးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရ သည်။

    ချစ်စရာအရောင်အသွေးနဲ့အရသာရှိတဲ့ နှင်းသီးမှာ အဖြူရောင်၊ နှင်းဆီရောင်၊ အစိမ်းရောင်နှင့် ချယ်ရီရောင်စသည့် အရောင်အသွေးမျိုးစုံရှိပြီး နှင်းသီးကို စားသုံးခြင်းဖြင့် အဟာရဓါတ်မျာစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အချက်များမှာ ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ် ပေးခြင်း၊  နှင်းသီးမှာ မျက်စိအတွက်လိုအပ်တဲ့ ဗီတာမင်A ပါဝင်လို မျက်စိကို ကျန်းမာစေခြင်း၊ နှင်းသီး ဟာဆိုရင် အဟာရဓါတ်များစွာပါဝင်တဲ့အထဲမှ သံဓါတ်ပါဝင်လို့ ကိုယ်ဝန်ဆောင်တွေအတွက် ကောင်းမွန် သလို အမျိုးသမီးများအတွက် သွေးအားနည်းရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်သည့်အတွက်  အားဆေးဖြစ်သည့်အပြင် သွားဖုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နှင်းသီး ဈေးနှုန်းများမှာ နှင်းသီး  တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် နှင့် (၂၅)ကျပ် သားလျှင်(၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း ထောပတ်သီး ဈေးနှုန်းအနေဖြင့် ထောပတ်သီး တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်ဖြင့် လည်းကောင်း ထောပတ်သီး(1)kg လျှင်(၈၀၀၀)ကျပ်ဈေးဖြင့်လည်းကောင်း၊ ထောပတ်သီး တစ်လုံးလျှင် (၁၀၀၀/၁၂၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ရှမ်းပြည်နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်နှင့် စားသုံးဆီများ ရောင်းချပေးလျက်ရှိ

    တောင်ကြီးမြို့တွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရှမ်းပြည်နယ်ဆီဖြန့်ဖြူးရောင်းချရေး ဆီကိုယ်စားလှယ်များပူးပေါင်း၍ ဆန်နှင့်စားသုံးဆီများကို နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၁)ဦးလျှင် ဆီ(၁.၅)ပိဿာနှင့် ဆန်(၆)ပြည်တို့အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

   ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ နံနက်(၀၈:၃၀)နာရီ အချိန်မှစ၍ ညနေ (၀၄း၀၀)အချိန်အထိ ရောင်းချပေးခဲ့ပါသည်။ ထိုသို့ရောင်းချပေးရာတွင် နိုင်ငံဝန်ထမ်းအငြိမ်းစား ဝန်ထမ်း(၂၇၂၃)ဦးအား ဧရာဝတီပေါ်ဆန်း(၁၃၉)အိတ်၊ ဧည့်မထဆန်(၁၆၄)အိတ် ဆန်အိတ်ပေါင်း(၃၀၃) အိတ်နှင့် စားသုံးဆီပိဿာပေါင်း (၄၀၈၄.၅)ပိဿာတို့အား ရှမ်းပြည်နယ်၊ ပြည်နယ်အားကစားလေ့ကျင့် ရေးဝင်းတွင် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ရှမ်း)

ထန်းဖို ထန်းလျက်အစစ်နှင့် ထန်းမ ထန်းလျက် ဈေးနှုန်း

    ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ထန်းလျက်များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ထန်းဖိုထန်းလျက်အစစ်သည် မြန်မာရိုးရာ အစားအစာတစ်ခုဖြစ်ပြီး လူတွေရဲ့ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါသည်။ ထန်းလျက်ကို မြန်မာတွေက ထမင်းစားပြီးလျှင် အချိုတည်းစရာ အဖြစ် စားတတ်ကြပြီး အစာကြေလွယ်ပြီး ရင်အေစေ/ရင်ချောင်စေတယ် ဆိုသည့် ရည်ရွယ်ချက်ဖြင့် စားသုံးကြပြီး ထန်းလျက်ကိုစားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ ထန်းလျက်စားသုံးခြင်းဖြင့် သွေးသားကိုသန်းစင်စေနိုင်ခြင်း၊ ထန်းလျက်ကိုဂျင်းနှင့်ရောစားပေးလျှင် အဆစ်အမြစ်နာကျင်ခြင်းနှင့် အမျိုးသမီးများ ဓမ္မတာချုပ်ခြင်းကို ကောင်းမွန်စေခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်လွယ်ပြီး ဖြစ်တတ်သော သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများလည်း ရရှိစေပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ထန်းဖိုထန်းလျက် အစစ် လက်လီဈေး တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ထန်းဖိုထန်းလျက် အစစ်(၅၀)ကျပ်သားလျှင် (၅၀၀၀) ကျပ် နှင့် ထန်းဖို ထန်းလျက်အစစ်(၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့် ရိုးရိုးထန်းလျက် လက်လီဈေး()ပိဿာလျှင်(၈၀၀၀)ကျပ်၊ ရိုးရိုးထန်းလျက်(၅၀)ကျပ်သားလျှင်(၄၀၀၀) ကျပ်နှင့် ရိုးရိုးထန်းလျက်(၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း