ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံမြို့တွင် ရေချိုတောငါးများ ဈေးကောင်းရ

  ကရင်ပြည်နယ်၊ ဘားအံမြို့ ဩဂုတ်လဒုတိယပတ်အတွင်း ဘားအံမြို့ပေါ်ဈေးကွက် အတွင်းသို့ ရေချိုတောငါးများ ဝင်ရောက်ကာ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

  အခြေခံစားကုန်များတွင် ပါဝင်သော ဒေသထွက်ရေချိုငါးများဖြစ်သည့် ငါးဇင်ရိုင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးပဲဖြူ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးခုံးမ တစ်ပိဿာလျှင် (၁၅၀၀၀)  ကျပ်၊ ငါးသံချိတ် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးစင်စပ် တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးသလဲထိုး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်တို့ဖြစ် ဈေးကောင်းရကာ အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။

  ကရင်ပြည်နယ်သည် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ သောင်းရင်းမြစ်ကို အခြေခံ၍ မြစ်လက်တက်၊ ချောင်းလက်တက်များ ပေါများပြီး ဒေသထွက်ရေချိုငါးများထွက်ရှိသည်။ ဘားအံမြို့အနီးတဝိုက် ကျေးရွာများရှိ ဒေသခံအချို့သည်သံလွင်မြစ်ကိုအမှီသဟဲပြု၍ တံငါအလုပ်ဖြင့်အသက်မွေးကြကာ ရေချိုငါးဖမ်းလုပ်ငန်းများ တနိုင်တပိုင်လုပ်ကိုင်ကြပြီး ဘားအံမြို့ပေါ်ဈေးများတို့ အဓိကထား လာရောက်ရောင်းချကြောင်း  သိရသည်။

DOCA(ကရင်)

ဘားအံမြို့ပေါ်ရှိ ဒေသထွက်ရွှေဖရုံသီးဈေးနှုန်း

  ကရင်ပြည်နယ်၊ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် ရွှေဖရုံသီးကို တပိုင်တနိုင်စိုက်ပျိုး ကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ဘားအံမြို့ဈေးများရှိ ရွှေဖရုံသီးများသည် ဒေသထွက် ရွှေဖရုံသီးရှိသလို အခြားဒေသမှဝင်ရောက်လာသည့် ရွှေဖရုံသီးများလည်းရှိကြောင်း သိရသည်။

  ဘားအံမြို့အနီးတဝိုက်ကျေးရွာများရှိ ဒေသထွက်ရွှေဖရုံသီးများကို ဘားအံမြို့ပေါ်ဈေးများတို့ အဓိကထားကာ            လာရောက်ရောင်းချကြသည်။ ရွှေဖရုံသီးများကို ရောင်းချဝယ်ယူရာတွင် အရွယ်အစား လိုက်ပြီး ဈေးနှုန်းကွာဟမှုရှိသည်။ ရွှေဖရုံသီး အလုံးကြီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ရွှေဖရုံသီး အလုံသေး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်နှင့် ရွှေဖရုံသီး အလုံးသေး တစ်ပိဿာလျှင် (၁၀၀၀၊ ၁၅၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ယခင်လ ရွှေဖရုံသီးဈေးနှုန်းနှင့် ယခုလ ရွှေဖရုံသီး ဈေးနှုန်းမှာ အနည်းငယ်မျှသာ ကွာဟမှုရှိပြီး ယခုလိုကွာဟရခြင်းမှာ မိုးရာသီ ဝါတွင်းကာလ ဖြစ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့၏ အခြေခံစားကုန် ငါးခြောက်ဈေးနှုန်း

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ကရင်ပြည်နယ်၊ဘားအံမြို့ရေပေါ်ဈေးရှိအခြေခံ စားကုန်ဖြစ်သည့် ငါးခြောက်အမျိုးမျိုးတို့မှာလည်း ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

          ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေးတွင် ဒေသထွက်ငါးခြောက်နှင့်အခြားဒေသမှ ဝင်ရောက် လာသည့် ငါးခြောက်မျိုးစုံရောင်းချလျက်ရှိသည်။ ငါးခြောက်မျိုးစုံဈေးနှုန်းများမှာ ငါးရံခြောက် တစ်ပိဿာလျှင် (၁၆၀၀၀၀)ကျပ်၊ အာဗြဲခြောက် တစ်ပိဿာလျှင် (၄၀၀၀၀ ၊၅၀၀၀၀)ကျပ်၊ ငါးယောင် ခြောက် တစ်ပိဿာလျှင် (၄၅၀၀၀)ကျပ်၊ ငါးဒန်ခြောက် တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ငါးနီတူ ခြောက် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ငါးမြှီးတံရှည်ခြောက် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ငါးဇင်ရိုင်းခြောက် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ဇလားဗီးယားခြောက် တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ် တို့ဖြစ် အရောင်းအဝယ်ဖြစ်ကြသည်။

  ယခင်လနောက်ဆုံးပတ် ငါးခြောက်ဈေးနှုန်းထက် ယခုလဒုတိယပတ် ငါးခြောက်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေကြောင်း၊ ယခုလို ဈေးအနည်းငယ် မြင့်တက်ရခြင်းမှာ သယ်ယူစရိတ်နှင့် သိုလှောင်စရိတ်ကြီးမြင့်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ငါးခြောက်အရောင်းဆိုင်များမှ သိရသည်။

DOCA(ကရင်)

လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

  ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၈၀၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၈၅)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၂၁၅)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၅၇၅) ကျပ်ဖြင့် ရောင်းချနေကြောင်းသိရပါသည်။

   ယခင်တစ်ပတ်ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၇၄၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၀၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၂၂၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၅၇၅) ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီတာလျှင် (၆၀)ကျပ်၊ Octane(95)တစ်လီတာလျှင်(၈၅)ကျပ် ဈေးနှုန်းမြှင့်တက်လာ ကြောင်း၊  ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် (၅)ကျပ် ဈေးနှုန်းအနည်းငယ် ကျဆင်းကြောင်းနှင့် ရိုးရိုးဒီဇယ် ဈေးနှုန်းမှာ တည်ငြိမ်နေကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ကယား)

၃၁.၇.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

  ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၃၁.၇.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၉၀၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာ လျှင် ၇၈၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၄၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၉၅၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေး ကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန်(၁၉၇၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပြီး ယခင်တစ်ပတ်တွင် မြေပဲဆီဆံ တစ်ပိဿာလျှင် ၈၇၀၀ ကျပ်ခန့်မှန်းခဲ့ရာ ယခုတစ်ပတ်တွင် တစ်ပိဿာကို ၇၈၀၀ ကျပ်ခန့်မှန်းကြောင်း၊ မြေပဲလုံးဆံ ၉၃၀၀ ကျပ်ခန့်မှန်းရာမှ ယုခတစ်ပတ်တွင် ၉၀၀၀ ကျပ်ခန့်မှန်းကြောင်း   သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက် ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ ၊ မြင်းခြံ၊ မုံရွာ၊ ရွှေဘိုဒေသတို့မှ ကြက်သွန်နီ (၇၂၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှု ရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန် မှာ (၂၈၈၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၈၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၀၀ ၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၇၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၃၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၉၀၀၊ မုံရွာ ကြက်သွန် နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၉၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၅၀ ၊ အကြီးမှာ ကျပ် ၁၅၅၀၊ ရှယ်မှာ ကျပ် ၁၈၅၀၊ ရွှေဘို ကြက်သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၁၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၅၀၀ ၊ အကြီးမှာ ကျပ် ၁၈၅၀၊ ရှယ်မှာ ကျပ် ၁၉၅၀ ဈေးတို့အသီးသီး ရှိကြောင်း စုံစမ်းသိရှိရပါသည်။

     ယခုတစ်ပတ် မုံရွာကြက်သွန်နီနှင့် ရွှေဘိုကြက်သွန်နီဈေးနှုန်းများမှာ  ယခင်အပတ်ထက် ဈေး အနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက် ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ပင်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကင်ပွန်းချဉ်ရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ကင်ပွန်းချဉ်ပင်သည် အနွယ်တက်သည့် အပင်အမျိုးအစားဖြစ်ပြီး ကင်ပွန်းချဉ်ပင်မှ ထွက်ရှိသော အရွက်ရော အသီးပါ အလွန်ဆေးဘက်ဝင်ကြောင်း ကင်ပွန်းချဉ်ရွက်သည် ကျန်းမာရေး ကောင်းသူ များအတွက် အဟာရဖြစ်စေပြီး မကျန်းမာသူများအတွက် ကျန်းမာရေးဓါတ်စာဖြစ်စေသည့် တန်ဖိုနည်း ဟင်းလျှာဖြစ်သည်။ ကင်ပွန်းချဉ်ရွက်သည် လွယ်ကူစွာချက်ပြုတ်စားသောက်နိုင်သော ဟင်းတစ်မျိုး ဖြစ်ပြီး ကင်ပွန်းချဉ်ရွက်ကို ဟင်းရေသောက်ချက်ခြင်း၊ ကြော်စားခြင်း၊ ပုဇွန် ငါး တို့ဖြင့် ချက်စားခြင်း နှင့်မီးကင်စားခြင်းတို့ ပြုလုပ်နိုင်သည်။ ကင်မွန်းချဉ်ရွက်သည် ဟင်းအဖြစ် ချက်ပြုတ် စားသောက်နိုင် သကဲ့သို့ ဆေးဝါးအဖြစ်လည်း အစွမ်းထက်သည့်အရွက်ဖြစ်ပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ကင်ပွန်းချဉ်ရွက် ဈေးနှုန်းများမှာ ကင်ပွန်းချဉ်ရွက် တစ်စီးလျှင်(၃၀၀)ကျပ်၊ ကင်ပွန်းချဉ်ရွက် (၂)စီးလျှင် (၅၀၀)ကျပ်နှင့် ကင်ပွန်းချဉ်ရွက်(၁၀)စီး တစ်ထုံးလျှင်(၂၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း  ချဉ်ပေါင်ရွက် ဈေးနှုန်းအနေဖြင့် ချဉ်ပေါင်ရွက်()ပိဿာလျှင်(၁၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၅၀)ကျပ်သား လျှင်(၈၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ဘီးလင်းမြို့နယ်တွင် ကတွတ်သီးများ လှိုင်လှိုင်ထွက်ရှိ

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်သည် ရာသီပေါ်သီးနှံများ ထွက်ရှိသည့် မြို့နယ်တစ်ခုဖြစ် သည်။ မိုးရာသီ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများ၌ ကတွတ်သီးများ လှိုင်လှိုင်ထွက်ရှိလျှက်ရှိကြောင်း သိရှိရသည်။ ကတွတ်ပင်သည် တောထဲ၌ အလေ့ကျပေါက်သည့်အပင်ကြီးမျိုးဖြစ်ရာ ဒေသခံများ က တောထဲမှ ကတွတ်သီးများကို ခူးယူကာ ယိုမျိုးစုံထုတ်လုပ်သည့် လုပ်ငန်းများသို့ တစ်ပြည်လျှင် (၁၀၀၀ - ၂၀၀၀) ကျပ်ဖြင့် ‌ရောင်းချရကြောင်း သိရှိရသည်။

DOCA (မွန်)

ဩဂုတ်လ ဒုတိယအပတ်တွင် ရောင်းချနေသော အသား/ငါး ဈေးနှုန်းများတည်ငြိမ်

   မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်ဈေးတွင် ရောင်းချနေသော အသား/ငါး ဈေးနှုန်း များမှာ ယခုဩဂုတ်လ ဒုတိယအပတ်တွင် ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါ သည်။

   သံလွင်ဈေးအတွင်းရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ မွေးမြူရေးကြက် တစ်ပိဿာ လျှင် (၁၇၀၀၀) ကျပ်၊ ဝက်သား (သုံးထပ်သား) တစ်ပိဿာ လျှင် (၃၀၀၀၀) ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၄၀၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ငါးခူ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ အာဗြဲခြောက် တစ်ပိဿာလျှင် (၃၂၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်ရှိ အုန်းသီးဈေးနှုန်းအခြေအနေ

    ချောင်းဆုံမြို့နယ်အတွင်းရှိ ဈေးများတွင် ရာသီစာသီးနှံများ၊ သစ်သီးဝလံများရောင်းချ သည့်အပြင် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးရရှိသည့် အုန်းသီးများကိုလည်း ရောင်းချလျက်ရှိသည်။ အုန်းသီးများမှာ ‌ချောင်းဆုံဒေသမှထွက်ရှိသည့် အုန်းသီးများအပြင် အခြားဒေသမှ ထွက်ရှိသည့် အုန်းသီးများကိုလည်း ရောင်းချလျက်ရှိသည်။ အုန်းသီးမှာ အုန်းစိမ်းနှင့် အုန်းသီးခြောက်ဟူ၍ ရှိပြီး အုန်းစိမ်းများမှာ အညှာမပြတ်ခူးဆွတ်ရ၍ သာသနာပွဲများနှင့် ကန်တော့ပွဲများတွင် အသုံးပြုကြကြောင်း၊ အုန်းသီးခြောက်ကိုမူ မုန့်များပြုလုပ်ရန်နှင့် သရေစာစားသုံးရန်အတွက် အသုံးပြုကြကြောင်း၊ ကန်တော့ပွဲအုန်းမှာ (၁) လုံးလျှင် (၉၀၀၀) ကျပ်၊ ဒေသတွင်းထွက်ရှိသည့် အုန်းသီးခြောက် (၁) လုံးလျှင် (၄၀၀၀) ကျပ်၊ အုန်းစိမ်းရည်သောက်သည့် အုန်းသီးစိမ်း တစ်လုံးလျှင် (၃၅၀၀) ကျပ်၊ အခြားဒေသမှ ထွက်ရှိသည့် အုန်းသီးခြောက် (၁) လုံးလျှင် (၅၀၀၀) မှ ကျပ် (၆၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း