ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ငါန်းဇွန်မြို့နယ်၏ ဖူးစားပြောင်းစိုက်ပျိုးမှု

 ငါန်းဇွန်မြို့နယ်သည် ၂၀၂၄-၂၀၂၅ ခုနှစ် ဖူးစားပြောင်း(မိုး)လျာထားဧက( ၂၇၄၂)ဧက၊ စိုက်ပျိုးဧက(၃၆၆၉)ဧက၊ အထွက်နှုန်း(၁၂၀၀၀)ဖူး နှင့် အထွက်ပေါင်း(၃၃၃၃၆၀၀၀)ဖူး ထွက်ရှိ ကြောင်းသိရသည်။ ဆောင်းဖူးစားပြောင်း လျာထားဧကမှာ(၂၆၂၇)ဧက၊ စိုက်ပျိုးဧကမှာ (၆၁၆၉) ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်း (၁၂၀၀၀) ဖူး နှင့် အထွက်နှုန်းပေါင်း (၇၄၀၂၈၀၀၀)ဖူး ထွက်ရှိကြောင်း သိရသည်။ စိုက်ပျိုးသောမျိုးမှာ ဒေသခေါ် သူတော်မျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ မျိုး၊သွင်းအားစုနှင့် လုပ်သားခအပါအဝင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၅) သိန်းကျပ်ဝန်းကျင်ခန့် ကုန်ကျပါကြောင်း၊ ပေါ်စချိန်တွင် (၂၅၀/၃၀၀)ကျပ်ခန့် ဖောက်သည်ဈေးဖြင့် ရောင်းချရပါကြောင်း၊ မန္တလေးမြို့နှင့် ငါန်းဇွန်မြို့မဈေးသို့ ရောင်းချကြပါကြောင်း သိရှိရ သည်။ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ် ဖူးစားပြောင်း(မိုး) လျာထားဧက ( ၂၇၇၈)ဧကရှိပြီး၊ စိုက်ပျိုး ဧက(၁၃၈)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။ ဖူးစားပြောင်းစိုက်ပျိုးခြင်းဖြင့် နွားစာအဖြစ် ပြောင်းရိုးများကိုလည်း ပြန်လည်ရောင်းချရသည့်အတွက် တွက်ခြေကိုက်သည့် သီးနှံတစ်မျိုးဖြစ် ကြောင်း ပြောင်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။  

DOCA(မန္တလေး)   

ကန့်ဘလူမြို့၌ အရောင်းအဝယ်ဖြစ်နေသည့် အညာဒေသထွက် ထန်းလျက်ဈေးနှုန်း

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက် ရှိသည့် ထန်းလျက်များကို ရွှေဘိုမြို့လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချလျက်ရှိသော ထန်းလျက်ဈေးနှုန်းမှာ ကြက်မင်းကြီးထန်းလျက်(၁)ပိဿာ (၇၅၀၀)ကျပ်၊ ဝါးတောထန်းလျက်(၁)ပိဿာ (၆၀၀၀)ကျပ်၊ စမုံထန်းလျက်(၁)ပိဿာလျှင် (၉၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ထန်းလျက်သည် ထန်းပင် မှရရှိသည့် ထန်းရည်ကိုချက်လုပ်ထားသည့် တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုဖြစ်ကြောင်း၊ ထန်းလျက်ကို အစားအသောက်များ၊ မြန်မာ့ရိုးရာမုန့်များ၌ ထည့်သွင်းအသုံးပြုကြကြောင်း၊ ထန်းလျက်ရောင်းချ သူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ညောင်ဦးမြို့နယ် မိုးသီးနှံစိုက်ပျိုးထားရှိမှု အခြေအနေ

  ညောင်ဦးမြို့နယ်တွင် မိုးသီးနှံများဖြစ်သော ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ မြေပဲ၊ နှမ်း စသည့် သီးနှံများ ကို တောင်သူများစိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၅ -၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးသီးနှံ လျာထားချက်များ အနေဖြင့်  ပဲတီစိမ်း(၁၇၀၁၂)ဧက၊ ပဲစဉ်းငုံ(၁၁၈၆၈)ဧက၊ မြေပဲ (၁၀၁၇၂၇) ဧက၊ နှမ်း (၁၈၁၃၇)ဧက လျာထားပြီး စိုက်ပျိုးပြီးစီးမှုအနေဖြင့် ပဲတီစိမ်း (၂၆၁၉)ဧက ၊ ပဲစဉ်းငုံ (၈၃၁၄)ဧက၊ မြေပဲ(၃၂၄၂၅) ဧက၊ နှမ်း(၃၂၆၀)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ ယခင်နှစ် အထွက်နှုန်းအနေဖြင့် ပဲတီ စိမ်း၊ တစ်ဧကလျှင် (၁၁)တင်း ၊ ပဲစဉ်းငုံတစ်ဧကလျှင် (၁၂)တင်း၊ မြေပဲ တစ်ဧကလျှင် (၄၇)တင်းနှင့် နှမ်းတစ်တင်းလျှင် (၅)တင်းခန့် ထွက်ရှိကြောင်း သိရှိရသည်။

     ယခုနှစ်တွင် မျိုးဈေးနှုန်းများအနေဖြင့် မျိုးပဲတီစိမ်း တစ်ပြည်(၈၀၀၀)ကျပ်၊ မျိုးပဲစဉ်းငုံ တစ်ပြည်(၆၀၀၀)ကျပ်၊ မြေပဲတစ်ပြည် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးလျက်ရှိပါသည်။ သီးနှံ ဈေးနှုန်းအနေဖြင့် ပဲတီစိမ်း တစ်တင်း(၁၀၄၀၀၀)ကျပ်၊ ပဲစဉ်းငုံတစ်တင်း (၆၇၂၀၀)ကျပ်၊ ပင်ထောင် မြေပဲ တစ်တင်း(၁၄၀၀၀၀)ကျပ်၊ ပင်ပြန့်မြေပဲတစ်တင်း (၁၄၄၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်း (၁၄၀၀၀၀)ကျပ်နှင့် နှမ်းညိုတစ်တင်း (၁၀၀၀၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရ သည်။

DOCA(မန္တလေး)

မိုးနှမ်းသီးနှံများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိ

  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ မိုးနှမ်းများကို ညောင်ဦးမြို့နယ်တွင် (၃၂၆၀) ဧက၊ ငါ့သရောက်မြို့နယ်တွင် (၆၉၂၇) ဧက စုစုပေါင်း (၁၀၁၈၇) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၏ စာရင်း အရ သိရသည်။

          မိုးနှမ်းကို ဧပြီလတွင် စိုက်ပျိုးကြပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်လျှက်ရှိကြောင်း နှမ်းမျိုးအနေဖြင့် ဆင်းရတနာ-၃၊ မယ်သီလနှင့် နှမ်းနီ ၂၅/၁၆၀ မျိုးများကို  အများဆုံး စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ (၂)ပြည်ခန့် ကုန်ကျကြောင်း၊ မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင် တစ်ဧက လျှင် စုစုပေါင်း (၃၀၀၀၀၀) သုံးသိန်းကျပ်ခန့် ကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၅.၆) တင်းခန့် ထွက်ရှိကြောင်း ဈေးကွက်အနေဖြင့် တောင်သူများက ညောင်ဦးမြို့ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြကြောင်း၊ နှမ်းအထွက်နှုန်းနှင့် ဈေးနှုန်း ပိုကောင်းပါက အကျိုးအမြတ်များရရှိနိုင် မည်ဖြစ်ကြောင်း နှမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို၌ ရောင်းချလျှက်ရှိသော မျှစ်ချဉ်နှင့် မျှစ်စိမ်းဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဒေသအတွင်းမှထွက်ရှိသည့် သဘာဝမျှစ်များ၊ စိုက်မျှစ်များကို မျှစ်စိမ်းနှင့် မျှစ်ပြုတ်အဖြစ်ရောင်းချသလို မျှစ်ချဉ်သိပ်၍ သိုလှောင်ထားကြပြီး ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်စိမ်းနှင့် မျှစ်ချဉ်ဈေးနှုန်းမှာ မျှစ်စိမ်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ်နှင့် မျှစ်ချဉ် တစ်ပိဿာလျှင်(၅၃၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၇၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၅၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုလိုမိုးရာသီတွင် မျှစ်များလှိုင်လှိုင်ပေါ်နေသောကြောင့် နောက်နှစ်အတွက် မျှစ်ခြောက်လှန်းရန်အတွက် ဝယ်ယူကြသလို၊ မျှစ်ချဉ်ပြုလုပ်ရန်အတွက် ဝယ်ယူကြသည့်အတွက် မျှဉ်စိမ်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မျှစ်ချဉ်သည် မျှစ်စိမ်းရှားပါးလာသည့်အချိန်၌သာ အရောင်းသွက်လေ့ရှိကြောင်း မျှစ်စိမ်း၊ မျှစ်ခြောက်နှင့် မျှစ်ချဉ်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ငရုတ်သီးခြောက်နှင့် ငရုတ်သီးမှုန့်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော ငရုတ်သီးခြောက် ဈေးနှုန်းများမှာ ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ အိန္ဒိယခြောက်(အပု) တစ်ပိဿာလျှင် (၃၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၇၀၀၀)ကျပ်နှင့် ငရုပ်သီးမှုန့် (၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း အိန္ဒိယခြောက်(ပု)တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ခန့် မြင့်တက်လာကြောင်း ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော အုန်းသီး ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ အုန်းသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုး များနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး အုန်းသီးများကို ကျွန်းလှမြို့နယ် အတွင်းရှိကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများနှင့် မိမိတို့ကျေးရွာများ တွင်  ရောင်းချလျက်ရှိကြောင်းသိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ အုန်းသီး ဈေးနှုန်းများမှာ အုန်းသီးစိမ်း တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ အုန်းသီးအရင့် အလုံး အကြီး အသေးပေါ် မူတည်၍ တစ်လုံးလျှင်(၃၅၀၀ မှ ၅၀၀၀)အထိ ဈေးနှုန်းအသီးသီတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သစ်ရာမြိုင်ဈေး၌ အုန်းသီး  ရောင်းချနေသောဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

သစ်ရာမြိုင်ဈေးတွင်  ရောင်းချလျက်ရှိသော  သနပ်ခါးတုံး ဈေးနှုန်း

    ကျွန်းလှမြို့ရှိ သစ်ရာမြိုင်ဈေးတွင်  သနပ်ခါးတုံးများကို ရွှေဘိုမြို့နှင့်မုံရွာမြို့တို့မှ လက်လီ/ လက္ကား အရောင်းဆိုင်များမှ ဝယ်ယူရောင်ချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော မြန်မာ့ရိုးရာ သနပ်ခါးဈေးနှုန်းမှာ သနပ်ခါးတုံး အကြီးအသေးပေါ်မူတည်၍ အတုံးကြီး()တုံးလျှင်(၄၀၀၀မှ ၅၀၀၀)ကျပ်၊ သနပ်ခါးတုံး အလတ်()တုံးလျှင်(၂၀၀၀ မှ ၃၀၀၀)ကျပ်ထိဈေးနှင့် သနပ်ခါးတုံး အသေး ()တုံးလျှင်(၁၀၀၀ မှ ၁၈၀၀)ကျပ်ထိ နှင့် သနပ်ခါးတုံးအမြစ်တုံးကလေးများသည် (၅၀၀ မှ ၇၀၀)ကျပ်ထိဈေးနှုန်းအသီးသီးတို့ဖြင့်  အရွက်အစား အမျိုးအစားပေါ်မူတည်၍ ရောင်းချလျက် ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့တွင် ‌ရောင်းချလျက်ရှိသော  ဝက်သား နှင့် ဝက်အူချောင်း ဈေးနှုန်း

    ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။

    ကျွန်းလှမြို့ ဇူလိုင်လ စတုတ္ထပတ်၏ သားဝက်ဈေးနှုန်းများ အနေဖြင့် ဝက်သားရှယ် (အသားသီး သန့်) လက်လီ တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၂၉၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်) တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဝက်သွေးခဲ(၁)ပိဿာလျှင်(၄၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း ဝက်အူချောင်းဈေးနှုန်း အနေဖြင့် ဝက်အူချောင်း တစ်ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ ဝက်အူချောင်း (၅၀)ကျပ်သားလျှင်(၂၃၀၀၀)ကျပ် နှင့်  ဝက်အူချောင်း(၁၀)ကျပ်သားလျှင်(၄၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ‌ရွှေဖရုံသီး နှင့် ဘူးသီး ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေး ကွက်အတွင်းသို့ လာရောက်ပို့ဆောင် ရောင်းချကြပြီး ရာသီချိန်မဟုတ်သည့် ကာလ များတွင် ရွှေဖရုံသီးများ ကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်အတွင်းရှိ ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ရွှေဖရုံသီး(၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဘူးသီး ဈေးနှုန်း အနေဖြင့် ဘူးသီး အလုံး(အကြီး)တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၂၀၀၀)ကျပ် နှင့် ဘူးသီး တစ်စိတ် လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း