
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ငှက်ပျောသီးဆိုင်တွင် ဖီးကြမ်းငှက်ပျောသီး၊ ခွံစိမ်းငှက်ပျောသီးနှင့် ကက်သဲငှက်ပျောသီးများ ရောင်းချလျက်ရှိကြောင်း၊ ဒေသထွက် ဖီးကြမ်းသီးနှင့် ကက်သဲငှက်ပျောသီးများ အရောင်းသွက်လျက်ရှိပြီး ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့မှ ဝင်ရောက်လျက်ရှိကြောင်း ငှက်ပျောသီးဆိုင်များမှ သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ ငှက်ပျောသီးဆိုင်များတွင် ရောင်းချလျက်ရှိသော ဒေသထွက် ဖီကြမ်းငှက်ပျောသီး အလုံးလှ(၁)ဖီးလျှင် (၃၅၀၀)ကျပ်၊ အလုံး အသေး(၁)ဖီးလျှင် (၂၅၀၀)ကျပ်နှင့် ကက်သဲငှက်ပျောသီး(၁)ဖီးလျှင် (၂၅၀၀)ကျပ်တို့ဖြင့် ရောင်းချ ကြောင်း၊ ဖီးကြမ်းငှက်ပျောသီးကို ကျန်းမာရေးအတွက် စားသုံးကြသလို၊ ကက်သဲငှက်ပျောသီးကို ဘာသာရေးဆိုင်ရာပွဲများ၊ ကန်တော့ပွဲများ၌လည်းကောင်း အသုံးပြုကြသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ငှက်ပျောသီးရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)