ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင် ဇူလိုင်လ စတုတ္ထပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

   မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် ဇူလိုင်လ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၁၀၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၁၆၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၈၃၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၄၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ် ဇူလိုင်လ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၀၇၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၁၃၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၈၅၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချ နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၀)ကျပ် ဈေးနှုန်း၊ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး၊ ဒီဇယ် (ရိုးရိုး) တစ်လီတာ လျှင်(၂၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင်(၂၅)ကျပ် ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

 

ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော ငှက်ပျောသီးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ သာစည်ဈေး၊ ဗန္ဓုလဈေး၊ ပြည်ထောင်စုဈေး၊ မန်းကျည်းပင်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဒေသထွက် ငှက်ပျောနှင့် အခြား ဒေသများမှ ငှက်ပျောသီးများကို ရောင်းချလျက်ရှိရာ  ၂၀၂၅ခုနှစ် ဇူလိုင်လစတုတ္ထပတ်တွင် ဖြစ်ပေါ် နေသော ငှက်ပျောသီး ဈေးနှုန်းများမှာ ဌက်ပျောချဉ်/ ရခိုင် ငှက်ပျော( ၁ )ဖီးလျှင် ( ၂၀၀၀)ကျပ်၊ ငှက်ပျောဖီးနု အလုံးလှ ( ၁ ) ဖီးလျှင် ( ၃၀၀၀)ကျပ်၊ ငှက်ပျော ဖီးကြမ်း( ၁ )ဖီးလျှင် ( ၂၅၀၀) ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ရောင်းချနေသော ဒေသထွက် သောက်ရေအိုး(မြေအိုး)ဈေးနှုန်း

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် ဒေသထွက်သောက်ရေအိုးများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ကျွန်းလှမြို့နယ်နှင့် တန့်ဆည်မြို့နယ်မှ ဝယ်ယူရောင်းချကြောင်း သိရသည်။

     အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်မှုတို့သည် ရေအေးအေးလေး သောက်လိုက်လျှင် ပြေ ပျောက်သွားကြောင်း၊ ယခုအခါ ရေကိုအေးအောင် ရေခဲသေတ္ထာများ၊ Water Coolerများ အသုံးပြု ကြသော်လည်း မြန်မာလူမျိုးတို့သည် ရှေးယခင်ကတည်းက သောက်ရေအိုး(မြေအိုး)များကို အစဉ် အဆက်အသုံးပြုလာကြသည်မှာ ယနေ့ထိပင်ဖြစ်ကြောင်း၊ ကန့်ဘလူဒေသထွက် သောက်ရေအိုး (မြေအိုး)ဈေးနှုန်းမှာ အကြီး(၁)လုံးလျှင် ၆၀၀၀ကျပ်၊ အလတ်(၁)လုံးလျှင် ၄၀၀၀ကျပ်နှင့် အသေး (၁)လုံးလျှင် ၃၀၀၀ကျပ်နှင့် ကျွန်းလှမြို့နယ်ထွက် သောက်ရေအိုး(မြေအိုး)(၁)လုံးလျှင် (၃၅၀၀မှ ၅၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ သောက်ရေအိုး(မြေအိုး)တွင် ထည့်ထားသည့် ရေသည် သဘာဝအတိုင်း အအေးဓာတ်ကိုပေးသည့်အတွက် ကျန်းမာရေးနှင့် ပိုမိုညီညွတ်သည့်အတွက် ယခုတိုင်အသုံးပြုလျက်ရှိကာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့၌ အညာဒေသထွက် မြေပဲယို ဈေးနှုန်းအနည်းငယ်ကျဆင်း

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် မြေပဲယိုများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်းမှာ (၁)ပိဿာလျှင် (၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၉၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ မြေပဲယိုကို မြေပဲ၊ ထန်းလျက် စသည့်တို့ဖြင့် ပြုလုပ်ထားသည့်အတွက် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ရောင်းချနေသော အညာဒေသထွက် နှမ်းပျစ်(ခေါ်)နှမ်းကပ်ယို ဈေးနှုန်း

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် နှမ်းပျစ်(ခေါ်)နှမ်းကပ်ယိုကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော နှမ်းပျစ်(ခေါ်)နှမ်းကပ်ယို ဈေးနှုန်းမှာ (၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်နှင့် (၁၀)ကျပ်သား လျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ အသင့်ထုတ်ပြီးနှမ်းကပ်ယို(၁)ထုတ် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ နှမ်းပျစ်(ခေါ်)နှမ်းကပ်ယိုကို နှမ်းလှော်၊ ထန်းလျက် စသည့်တို့ဖြင့်ပြုလုပ်ထား သည့်အတွက် နှမ်း၏အစိမ့်အရသာနှင့် အချိုအရသာ ပေါင်းစပ်ထားသောကြောင့် စားဖူးသူတိုင်း ကြိုက်နှစ်သက်၍ ဝယ်ယူစားသုံးသူများကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

         

         

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား  စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့်      ဝန်ထမ်းများသည်(၁၈..၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

               ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)  ဆန်တစ်ပြည်(၂၀၀၀) စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဇီတော်ဖီ(ခေါ်) ဇီးပြားဈေးနှုန်း

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် ဇီးတော်ဖီ(ခေါ်)ဇီးပြားများကို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရှိရ သည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော ဇီးတော်ဖီ(ခေါ်)ဇီးပြား ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၉၀၀) ကျပ်ဖြင့်ရောင်းချကြောင်း၊ ဇီးတော်ဖီကို သဘာဝဇီးသီးမှုန့်၊ ထန်းလျက်၊ သကြား စသည်တို့ဖြင့် ပြုလုပ်ထားသည့်အတွက် ချဉ်ချိုအရသာရှိပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အာလူးဈေးကွက်အရောင်းသွက်

   မန္တလေးမြို့အတွင်းသို့  ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းများမှ  အာလူးများ ဝင်ရောက်လျက်ရှိပါသည်။ဝင်ရောက်သည့်အာလူးများအနေနှင့် သီရီမာလာကုန်စိမ်းတန်း နှင့် ပွဲရုံများသို့အာလူးအလုံးကြီး အလုံးသေး နှစ်မျိုးလုံးဝင်ရောက်လျက်ရှိပါသည်။အာလူးအလုံး ကြီးများကို  စာသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းအာလူးကြော်နှင့်အာလူးအလုံးသေးများကို အာလူးဆနွင်းမကင်း၊ အာလူးထမင်းနှင့် အာလူးထောင်းကြော်လုပ်ငန်းများမှ ဝယ်ယူမှုရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့ပွဲရုံများတွင်အာလူးဈေးကွက်အနေဖြင့် အာလူးအလုံးကြီး(၅)ပိဿာ လျှင်၂၅၀၀၀ကျပ်မှ၂၂၀၀၀ကျပ်၊ အာလူးအလုံးသေး(၅)ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်တို့ နှင့်အရောင်းအဝယ်ဖြစ်ပြီး  လက်လီဈေးကွက်အနေဖြင့်   အာလူးအလုံးကြီး(၁)ပိဿာလျှင် ၇၀၀၀ကျပ် မှ ၆၅၀၀ကျပ်၊ အာလူးအလုံးသေး(၁) ပိဿာလျင်၄၅၀၀ကျပ်မှ၄၀၀၀ကျပ်တို့နှင့် ဈေးကွက် တွင် အရောင်းအဝယ်ဖြစ်ကြောင်းနှင့်  မန္တလေးမြို့အနီးဝန်းကျင်မြို့များသို့  ကုန်စည်စီးဆင်းမှု ရှိကြောင်းလည်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

ကြက်ဥဈေးနှုန်းဈေးကွက်အခြေအနေ

  မြင်းခြံမြို့နယ်အတွင်းရှိ မွေးမြူရေးကြက်များကို ဒေသတွင်း တစ်ပိုင်တစ်နိုင် မွေးမြူကြကြောင်းနှင့် လိုအပ်သောမွေးမြူရေးကြက်ဥများကို မန္တလေးမြို့နှင့် ပခုက္ကူမြို့တို့မှ ဝယ်ယူရောင်းချ ကြောင်း သိရှိရသည်။ အေးမြသီတာဈေးတွင် ၂၀၂၅ခုနှစ်၊ ဇူလိုင် တတိယပတ်တွင် ရောင်းချနေသော ကြက်ဥလက်လီတစ်လုံးလျှင် (၄၈၀-၅၀၀)ပေါက်ဈေးများရှိကြောင်း၊ နေ့စဉ်ကြက်ဥ(၁၅-၂၀)ပိဿာ ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကြက်ဥအကြီးအသေးနှင့် အရွယ်အစားပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားကြောင်းသိရှိရသည်။ ဒေသတွင်း ဟင်းလျာအဖြစ်နှင့် စားသောက်ကုန် လုပ်ငန်းများ က အများဆုံးဝယ်ယူသောကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်ဥလက်လီလက်ကား ရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ အမျိုးသမီးများ ကျန်းမာရေးအနေဖြင့် မီးယက် သွေးဆုံးပြီးနောက် ခန္ဓာကိုယ်၌ ဟော်မုန်း အီစထြိုဂျင် မထုတ်ပေးနိုင်သောကြောင့် အရိုးပါးခြင်း၊ အရိုးပွခြင်းဖြစ်လာသောကြောင့် ဗီတာမင်ဒီ၊ ကယ်လ်ဆီယမ်နှင့် ပရိုတိန်းဓာတ်တွေပါဝင်သော ကြက်ဥကို နေ့စဉ် (၁-၂)လုံးခန့် စားပေးခြင်းဖြင့် အရိုးတွေကို သန်မာစေကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ငါန်းဇွန်မြို့နယ် စပါးစိုက်ပျိုးထွက်ရှိမှု

  မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်သည် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးလျာထား ဧက (၅၅၃၀)ဧက၊ စိုက်ပျိုးဧက (၅၅၃၁)ဧကစိုက်ပျိုးပြီး အထွက်နှုန်း(၈၅.၁၇)တင်းနှင့် အထွက်တင်း ပေါင်း (၄၇၁၀၇၅)တင်း ထွက်ရှိကြောင်း၊နွေစပါး လျာထားဧက (၁၀၅၀)ဧက၊ စိုက်ပျိုးဧက (၁၀၁၁)ဧကစိုက်ပျိုးပြီး အထွက်နှုန်း( ၉၇.၂၄) တင်းနှင့် အထွက်တင်းပေါင်း (၉၈၃၁၀) တင်းထွက်ရှိကြောင်း သက်ဆိုင်ရာဌာနစာရင်းအရသိရသည်။ စိုက်ပျိုးသော မျိုးများမှာ ဧရာမင်းမျိုးကို အနည်းငယ်သာ စိုက်ပျိုးပြီး မနောသုခမျိုးကိုသာ အဓိကထား စိုက်ပျိုးကြောင်း သိရသည်။  နွေစပါးထွက်ပေါ်ချိန်တွင် စပါးတစ်တင်းကို (၈၅၀၀/၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဆန်တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်နှင့် ရောင်းချရကြောင်း သိရသည်။ စပါးစိုက်ပျိုးသော ကျေးရွာများမှာ သားကျင်၊ ဆင်ဖြူကုန်း၊ ငါန်းမြာ၊ မိုးထောင်၊ မရိုးကုန်း၊ ကုလရွာ၊ ဆင်တပ်၊ ရွာဘို၊ရွာသစ်၊ ကျောက်တလုံး ကျေးရွာများတွင် စိုက်ပျိုးကြောင်း သိရသည်။ နွေစပါးကို မြစ်ရေတင်(၈၇)ဧက၊ စက်ရေတွင်း(၃၀)ဧကနှင့် မြစ်ရေဝင်/မုယင်း စိုက်ပျိုးမှု( ၈၉၄)ဧက စသည်ဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း