သခွတ်ပွင့်နှင့် ကြောင်လျှာပွင့်ခြောက်ဈေးနှုန်း အနည်းငယ်ကျဆင်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မြို့မဈေး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန် များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချ ပေးလျက်ရှိကြောင်း၊ ရာသီစာအပွင့်ခြောက်များသည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်အင်းကျေးရွာနှင့် အခြားသောကျေးရွာများမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။

   “မြို့မဈေးတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချနေသည့် ကြောင်လျှာ ပွင့်ခြောက်ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ()ပိဿာလျှင် (၁၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ကြောင်လျှာပွင့်အစိုများကို အခြောက်လှမ်းပြီး သိမ်းဆည်းထားကြောင်း၊ ယခုလိုရှားပါးချိန်တွင် ကြောင်လျှာပွင့်ခြောက်များ အရောင်းသွက်လျက်ရှိ ကြောင်း၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌  ရောင်းချလျက်ရှိသည့် သခွတ်ပွင့် ခြောက်()ပုံလျှင် (၁၀၀၀)ကျပ်နှင့် ()ပုံလျှင် (၁၈၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း၊ ယခုအပတ် အတွင်း ကြောင်လျှာပွင့်ခြောက် ()ပိဿာလျှင်(၃၀၀၀)ကျပ်ကျဆင်းနေကြောင်း၊ ဈေးသည်များထံ မှသိရှိရပါသည်။

DOCA (စစ်ကိုင်း)