ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ဒညင်းသီးဈေးနှုန်း

      ဒညင်းသီးပင်သည် ကရင်၊ ပဲခူး၊ မော်လမြိုင်နှင့် ရခိုင် စသည့်ဒေသများတွင် အများဆုံးပေါက် ရောက်ပါတယ်။ ဒညင်းသီးကိုစားသုံးသူ တော်တော်များများ စားသုံးကြိုက်နှစ်သက်တဲ့ အစားအစာတစ်ခုအဖြစ်တွေ့ရကြောင်း၊ ဒညင်းသီးအုန်းနို့ဆမ်း၊ ဒညင်းသီးဝက်သားချက်၊ ဒညင်းသီးပြုတ်ဆီ ဆမ်းဆားဖြူးစားဖြူးစားတာတို့ ဒညင်းသီးမီးဖုတ် ငပိရည်နဲ့တို့စားတာ စသည်ဖြင့်အမျိုးမျိုးစားသုံး ကြကြောင်း၊ သို့သော် ဒညင်းသီးသည် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်းမဖြစ်အောင် စားသုံးရန် လိုအပ်ကြောင်း လေ့လာသိရရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့တွင် ဒညင်းသီးအသေး(၁)လုံးလျှင် (၁၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၁၅၀)ကျပ်နှင့် (၁၁)လုံးလျှင် (၁၅၀၀)ကျပ်၊ ဒညင်းသီးပြုတ်(၁) လုံးလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကန့်ဘလူမြို့တွင် ရောင်းချနေသည့် ဒညင်းသီးများကို မြစ်ကြီးနားမြို့နှင့် မော်လမြိုင်မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း ဒညင်းသီးရောင်းချသူ များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော တို့ဟူးခြောက်နှင့်တို့ဟူးစိမ်းဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်အစားအစာများ၊ ဒေသထွက်အသီးအနှံများနှင့် အခြားဒေသမှဝင်ရောက်လာသည့် အရန်သင့်အစားအစာများရောင်းချလျက်ရှိရာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန်အတွက် ကုလားပဲကို အမှုန့်ကြိတ်၍ တို့ဟူးစိမ်းနှင့် တို့ဟူးခြောက်များပြုလုပ်ပြီး ကန့်ဘလူမြို့မဈေးတွင် နေ့စဉ်ရောင်းချလျှက်ရှိကြောင်း၊ ကန့်ဘလူမြို့ “မြို့မဈေး”တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်းဖြစ်ပေါ်နေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်းလက်လီတစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ တို့ဟူးစိမ်းလက်ကား တစ်ပိဿာလျှင် (၂၄၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၅၀)ကျပ်နှင့် တို့ဟူးခြောက် (၁)ထုပ်လျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးရှိ တို့ဟူးစိမ်းနှင့်တို့ဟူးခြောက် ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ပဲနီရေပွနှင့်စားတော်ပဲပြုတ် ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများသည် မိသားစုစားဝတ်နေ ရေးအဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများအပြင် စွန်တာနီ(ခေါ်)ပဲနီ နှင့် စားတော်ပဲတို့ကိုပြုတ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရှိရသည်။

    မြန်မာလူမျိုးတို့သည် နံနက်စာ ထမင်းဆီဆမ်းပူပူလေးနှင့် စားတော်ပဲပြုတ်ကို တွဲဖက်စားသုံး ကြသလို ကောက်ညှင်းပေါင်းနှင့်လည်း တွဲဖက်စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ် အတွင်းဖြစ်ပေါ်နေသော ပဲနီရေပွဈေးနှုန်းများမှာ စွန်တာနီပဲ(ခေါ်)ပဲနီရေပွ တစ်ပြည်လျှင် (၄၇၀၀)ကျပ်၊ နို့ဆီတစ်ဘူးလျှင်(၆၀၀)ကျပ်နှင့် စားတော်ပဲပြုတ် (၂)ပုဂံလျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ပဲရေပွနှင့် စားတော်ပဲပြုတ် ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော စကားဝါပန်းနှင့် စကားဖြူပန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်းအမျိုး၊ အလှဆင်းပန်းအမျိုးမျိုးနှင့် စကားဝါပန်း၊ စကားဖြူပန်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။ စကားဝါ/ဖြူပန်းမျိုးမှာ အပင်ကြီးဖြစ်သော်လည်း စိုက်ပျိုးရေးနည်းပညာများ ခေတ်မီလာသည်နှင့်အညီ စကားဝါ/ဖြူပန်းပင်များကို ကိုင်းကူးမျိုးစပ်ကာ အိမ်တွင်းအလှစိုက်ပင်ဖြစ် စိုက်ပျိုးလာကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊  ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ပန်းဈေးကွက်၌ ဖြစ်ပေါ်နေသော စကားဝါပန်းဈေးနှုန်းမှာ စကားဝါ ပန်း(၇)ပွင့်ပါ တစ်ကုံးလျှင်(၅၀၀)ကျပ်၊ စကားဝါပန်း(၃)ကုံးလျှင် (၁၃၀၀)ကျပ်၊ စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၁၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပန်းမျိုးစုံရောင်းချနေသော လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ရာသီစာအင်ဥ(မှိုစေ့)

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့မဈေးတွင် ဆန်၊ ဆီ၊ ဆေး၊ ဆား၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ရာသီပေါ်အသီးအနှံများ ရောင်းချလျက်ရှိရာ ဈေးရောင်းသူများ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

    မိုးဦးကာလ မေလ၊ ဇွန်လများတွင် အင်ဥ(မှိုစေ့)များပေါများစွာ တွေ့ရတတ်ပြီး အင်ဥ(မှိုစေ့) မှာမှိုမျိုးနွယ်ဝင် မြေအောင်းမှိုတစ်မျိုးဖြစ်ကြောင်း၊ အင်ဥကို စားသုံးသူများအနေဖြင့် အင်ဥကြော်၊ အင်ဥကင်၊ အင်ဥသုတ်၊ အခြားသောအသီးအရွက်များနှင့်ရော၍ အရသာရှိသော စားသောက်ဖွယ်ရာ ဖြစ်အောင် အမျိုးမျိုးချက်ပြုတ်စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် အင်ဥ(မှိုစေ့)ကို နို့ဆီဘူး(၁)ဘူးလျှင် (၂၅၀၀)ကျပ်၊ လက်လီတစ်ပြည်လျှင် (၂၀၀၀၀)ကျပ်၊ လက်က္ကားတစ်ပြည်လျှင် (၁၉၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ သဘာဝအစားအစာဖြစ်သည့် အင်ဥ(မှိုစေ့)ကို ကြိုက်နှစ်သက်သူများပြားသဖြင့် အရောင်းသွက်လျက်ရှိကြောင်း အင်ဥ(မှိုစေ့)ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသည့် ပဲငပိအစိုနှင့် ပဲငပိအခြောက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ရှိ “မြို့မဈေး”နှင့် ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ပဲငပိအစိုနှင့် ပဲငပိအခြောက်များကို ရွှေဘိုမြို့နှင့် ရေဦးမြို့တို့မှမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ “မြို့မဈေး”နှင့် ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော ပဲငပိအစိုဈေးနှုန်းအနေဖြင့် ပဲငပိအစိုလက္ကား တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊  ပဲငပိအစိုလက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ရေဦးပဲငပိခြောက် (အချို)တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ရေဦးပဲငပိခြောက်(အငံ) တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်း ဆီကြိတ်ခွဲထုတ်လုပ်မှုနှင့်ဆီဈေးနှုန်း/ဈေးကွက် အခြေအနေ

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နှမ်းရိတ်သိမ်းနေမှုများ တွေ့ရှိနေရဆဲဖြစ်ပြီး၊ မြေပဲခူးဆွပ်လာမှုများကိုလည်း မြို့နယ်(၈)မြို့နယ်လုံးတွင် တွေ့ရှိလာရပါသည်။ နှမ်းဈေးနှုန်း တစ်တင်းလျှင် နှမ်း(နီ) (၉၅၀၀၀)ကျပ်၊ နှမ်း(နက်) (၂၃၀၀၀၀)ကျပ်မှ (၂၅၀၀၀၀)ကျပ်ရှိနေပြီး၊ မြေပဲတစ်ပိဿာဈေးနှုန်းများတွင် မြေပဲတောင့်(အစို)(၁၅၀၀)ကျပ် မြေပဲတောင့်(အခြောက်) (၄၀၀၀)ကျပ်၊ ဈေးနှုန်းရှိနေပါသည်။  နှမ်း(နီ) ဒေသတွင်းဆီကြိတ်ခွဲမှုများတွင် အသုံးပြုနေမှု တွေ့ရှိရပြီး၊ နှမ်း(နက်) မန္တလေးဈေးကွက်သို့တင်ပို့ပါသည်။ ဆီကြိတ်ခွဲထုတ်လုပ်မှု ပိုမိုခဲ့ပြီး၊ လက်ကျန်ဆီများအား ဈေးနှုန်းလျော့ကျမှုရှိစေရန်အတွက် ကြိတ်ခွဲမှုပိုမိုခဲ့ရသည်ဟု  သိရှိရပါသည်။ နဝလီ ကြိတ်ခွဲမှုများတွင်လည်း လျော့ကျမှုမရှိပါ။ ဒေသတွင်း ကြိတ်ခွဲထုတ်လုပ်မှုများသည် ဒေသတွင်း ဈေးကွက် များသို့သာ ရောက်ရှိနေမှုကို တွေ့ရပါသည်။ မြေပဲဆီ (၁၈၀၀၀)ကျပ်၊ နှမ်းဆီ (၁၆၄၀၀) ကျပ်၊ နေပြာ (၁၈၀၀၀)ကျပ်တို့ဖြင့် ဈေးနှုန်း ဖြစ်ပေါ်နေမှုကို တွေ့ရပါသည်။ ဆီကြိတ်ဖတ်တင်ပို့မှု များအား မန္တလေး၊ ပျော်ဘွယ်နှင့် ရန်ကုန်သို့ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။ မြေပဲဖတ် ဈေးနှုန်းတွင် (၄၄၀၀)ကျပ်ဖြင့် တည်ငြိမ်မှုရှိခဲ့ပြီး၊ နှမ်းဖတ်ဈေးနှုန်းတွင် (၂၀၀)ကျပ် မြင့်တက်မှု ဖြင့် (၂၇၀၀)ကျပ် ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

ပခုက္ကူမြို့၏ ဆန်ဈေးနှုန်းအခြေအနေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ဆန်စပါးစိုက်ဧကနည်းပြီး ဆန်လိုအပ်သောဒေသတစ်ခုဖြစ်၍ အခြားတိုင်းဒေသကြီးများမှ ဆန်တင်သွင်းရသော မြို့ကြီးတစ်မြို့လည်း ဖြစ်ပါသည်။ ပခုက္ကူမြို့သို့ ဆန်တင်သွင်းသောဒေသများမှာ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘို၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆင်ဖြူ ကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကုန်းဇောင်းဒေသများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ပခုက္ကူမြို့၏ လူအများဆုံး စားသုံးသောဆန်များမှာ ဧရာပဒေသာ(မြောင်းမြ)၊ ဧရာပဒေသာ (စလင်း)၊ အမေ့နို့ရည်၊ ကုန်းဇောင်း၊ မနောသုခ၊ ဖန်သီး(ရှယ်)တို့မှာ လူကြိုက်အများဆုံး ဆန်များ ဖြစ်ပါသည်။ ပခုက္ကူခရိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီးမှ ရေလမ်းခရီးဖြင့် ယခင်က နေ့စဉ် ဆန်ဝင်ရောက်မှုမှာ တစ်နေ့လျှင် အိတ်ရေ(၁၂၀၀၀)ဝင်ရောက်လျက်ရှိပြီး ယခုအချိန်တွင် တစ်ပတ် လျှင် အိတ်ရေ(၁၂၀၀၀-၁၃၀၀၀)ထိဝင်ရောက်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ယခင်က တစ်ရက် လျှင် အိတ်ရေ(၁၀၀၀)ဝင်ရောက်ခဲ့သော်လည်း ယခုအချိန်တွင် တစ်ပတ်လျှင် အိတ်ရေ(၈၀၀ မှ ၁၂၀၀ ထိ)သာ ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

          ပခုက္ကူမြို့၏ ဆန်ဈေးနှုန်းအနေဖြင့် ဧရာပဒေသာ(မြောင်းမြ)သစ် တစ်အိတ်လျှင် ကျပ် (၁၀၇၀၀၀)၊ ကုန်းဇောင်းတစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ဖန်သီး(ရှယ်)တစ်အိတ်လျှင် ကျပ် (၁၀၃၀၀၀)၊ မနောသုခ တစ်အိတ်လျှင် ကျပ်(၈၇၀၀၀)၊ ရက်(၉၀)တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ဝန်ကြီးဧရာပဒေသာတစ်အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ အုန်းသျှစ်ကြီးတစ်အိတ်လျှင် ကျပ် (၁၂၅၀၀၀)၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ သီးထပ်(ရှယ်)တစ်အိတ်လျှင် ကျပ် (၉၉၀၀၀)၊ အမေ့နို့ရည်တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀)တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရှိရသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၏ ငရုတ်သီးဈေးနှုန်းအခြေအနေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊   ပခုက္ကူကျွန်းများဖြစ်သော ကျွန်းဦး၊ ကျွန်ညိုနှင့် မြစ် ခြေမြို့နယ်အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စုဖြစ်သော ဘဲကြီးကျေးရွာ၊ ငကျော်ကျေးရွာ၊ မြင်းဝင်းကျေးရွာများတွင် ငရုတ်သီးကို အဓိကစိုက်ပျိုးကြပြီး ယခင်က စိုက်ဧက(၃)သောင်းကျော်ရှိပြီး ယခုအချိန်တွင် စိုက်ဧက(၂)သောင်းကျော်သာ စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ ငရုတ်သီး ကိုပျိုးဘောင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကလျှင် (၅)ဘောင်မှ(၆)ဘောင်ထိ စိုက်ပျိုးကြောင်း၊ တစ်ဘောင်လျှင် ကျပ်(၅)သိန်းခန့်ကုန်ကျပြီး တစ်ဧကလျှင် ကျပ်သိန်း(၃၀)ကျော်ကုန်ကျကြောင်း သိရှိရသည်။

   ဈေးနှုန်းဈေးကွက်အနေဖြင့် ငရုတ်သီးစိမ်းများမှာ မိမိတို့ဒေသထွက်သာမက အခြား ဒေသ မှထွက်ရှိသော ငရုတ်သီးစိမ်းများလည်း ရောင်းချလျက်ရှိပါသည်။ မုံရွာမှထွက်ရှိသော စက္ကာထာသီး တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ရွှေအပ်သီးတစ်ပိဿာလျှင် ကျပ်(၈၅၀၀)ဖြစ်ပြီး ငရုတ်သီး ခြောက်  အမျိုးအစားကိုလိုက်၍ တစ်ပိဿာလျှင် ကျပ်(၉၀၀၀ မှ ၁၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ငရုတ်သီးခြောက်ဈေးနှုန်းအနေဖြင့်  ငရုတ်သီးခြောက် အမျိုးအစားကိုလိုက်၍ တစ်ပိဿာလျှင် ကျပ်(၉၀၀၀ မှ ၁၃၀၀၀)၊ ငရုတ်သီးခွဲခြမ်းတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း မြို့မဈေးသည်များထံမှ သိရှိရသည်။

DOCA(မကွေး)

 

ပခုက္ကူဈေးကွက်တွင် ကြက်သွန်ဖြူဈေးအနည်းငယ်ကျဆင်း

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့  ကုန်စိမ်းသီးနှံဈေးကွက်တွင် စားသုံးသူများ နေ့စဉ်နှင့်အမျှ ဝယ်ယူသုံးစွဲလျက်ရှိသည့် ကြက်သွန်ဖြူသီးနှံများလည်း နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ဈေးအနည်းငယ်ကျ၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ စိုက်ပျိုးမှုအနေဖြင့် မကွေးတိုင်းဒေသကြီး အအေးပိုင်းဒေသများဖြစ်သည့် ဆော၊ ကျောက်ထု၊ ပေါက်ဒေသများတွင် အများဆုံး စိုက်ပျိုးကြောင်း၊ ပခုက္ကူ ဈေးကွက်သို့  ယောနယ်ဒေသနှင့် ရှမ်းပြည်နယ်ထွက် ကြက်သွန်ဖြူများ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း  သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ဗမာကြက်သွန်ဖြူ အလုံး အကြီး အသေးနှင့် အရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀-၆၅၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ရှမ်းကြက်သွန်ဖြူ(ဥကြီး)မျိုး တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀-၇၀၀၀)ဈေးရှိပြီး ယခင် ဇူလိုင်လ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း