ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဩဂုတ်လ  (ဒုတိယ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၄၆၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၅၀၀၀ ၊ ဧရာမင်း  (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၆၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၂၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ၄၆၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၅၅၀၀၀ ၊ ဧရာမင်း  (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၆၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၂၅၀၀၀ အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀ ၊ ဧည့်မထ (ဆန်)(သစ်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၈,၀၀၀၊ ၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၃,၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။

   အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး)(သစ်)  တင်း၁၀၀ လျှင် ကျပ် ၁၆,၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်(သစ်)  ၂၄ပြည်တစ်အိတ်မှာ ကျပ် ၈၀,၀၀၀၊ ဧရာမင်း(စပါး) (သစ်) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀    ဖြင့်အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

 

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂၈၅၀,၀၀၀၊  ဧရာမင်း (ဆန်)(‌ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၇၀၀၀၀၀၊ ဧရာမင်းဆန် (သစ်) ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၄၅၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၅၅၀၀၀၊ မနောသုခ (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၉၀၀,၀၀၀၊  မနောသုခ (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၃၀၀၀၊ ရွှေဝါထွန်း (စပါး)(ဟ)တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊  ရွှေဝါထွန်း (ဆန်)(ဟ) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၀၀၀၀၊ ရွှေသွယ်ရင်  (စပါး)(သစ် ) တင်း ၁၀၀ လျှင် ကျပ် ၁၃၀၀,၀၀၀၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှထုတ်ပြန်သည့် စိုက်ပျိုးသူတောင်သူများ အပါအဝင် ကုန်သွယ်ရောင်းဝယ်သို လှောင်ကြသူများအထိ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများ အ‌ပေါ်မူတည်၍ ယခုဩဂုတ်လပထမပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့နယ်တို့မှ ရွှေဘိုပေါ်ဆန်း(စပါး)ဈေးနှုန်းမှာ ဈေးနှုန်းဈေးကွက်အတွင်း အရောင်းအဝယ်နည်းပါး၍  ဇူလိုင်လ စတ္ထုထအပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ် လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဆန်စီးထွက်မှုအခြေအနေ

     ဇူလိုင်လ (စတ္ထုထ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ 53023၊ မန္တလေးသို့ အိတ်ရေ ၄၃၁၅၁၊ နေပြည်တော်သို့ အိတ်ရေ ၈၈၀၊ပဲခူးသို့ အိတ်ရေ ၄၈၃၅၊ ပြည်သို့ အိတ်ရေ ၈၀၀၊ တောင်ငူသို့ ၁၃၂၅ အိတ်ရေ ၊ ကျောက်ပန်းတောင်းသို့ အိတ်ရေ ၅၇၀၊ မိတ္ထီလာသို့အိတ်ရေ  ၁၉၀၈၊  ဘားအံသို့ အိတ်ရေ ၇၄၀၊ ရှမ်း(တ) သို့ အိတ်‌ရေ ၁၅၄၆၃၊ ကချင်သို့ အိတ်‌ရေ ၂၁၅၀၊ မွန်သို့ အိတ်ရေ ၄၄၈၅၊မူဆယ်သို့ အိတ်ရေ ၃၆၀၊ ဧရာဝတီသို့ အိတ်ရေ ၅၆၀၊ မကွေးသို့ အိတ်ရေ ၁၃၃၅၊ စုစုပေါင်း အိတ်ရေ ( ၁၂၉၈၅၅) အိတ်၊ တန်အားဖြင့် (၆၄၉၃) စီးထွက်ခဲ့ပြီး၊ ဩဂုတ်လ (ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်း ဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၅3684၊ မန္တလေးသို့ အိတ်ရေ ၄၅၂၃၄၊ နေပြည်တော်သို့ အိတ်ရေ ၁၈၄၈၊ပဲခူးသို့ အိတ်ရေ ၃၇၂၅၊ ပြည်သို့ အိတ်ရေ ၂၂၀၊ တောင်ငူသို့ အိတ်ရေ ၃၇၀၊ ကျောက်ပန်းတောင်းသို့ အိတ်ရေ ၅၆၀၊ မိတ္ထီလာသို့အိတ်ရေ  ၁၁၀၀၊  ဘားအံသို့ အိတ်ရေ ၃၇၄၅၊ ရှမ်း(တ) သို့ အိတ်‌ရေ ၁၆၅၀၇၊ မြိတ်သို့ အိတ်ရေ ၁၀၀၊ကချင်သို့ အိတ်‌ရေ ၁၃၅၀၊ မွန်သို့ အိတ်ရေ ၈၁၆၀၊မူဆယ်သို့ အိတ်ရေ ၆၀၅၊ ဧရာဝတီသို့ အိတ်ရေ ၁၂၅ မကွေးသို့ အိတ်ရေ ၁၂၈၀၊ကရင်သို့ အိတ်ရေ ၁၅၀၊ စုစုပေါင်းအိတ်ရေ ( ၈၉၀၈) အိတ်၊ တန်အားဖြင့် (၆၉၃၈) စီးထွက် ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၂၉၅၇၃) အိတ်၊ တန်အားဖြင့် (၄၄၅)တန် ပိုမိုစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။ 

DOCA (စစ်ကိုင်း)

ရွှေဘိုပေါ်ဆန်း ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

     ရွှေဘိုခရိုင်အတွင်း ဩဂုတ်လ ပထမပတ်တွင် ရွှေဘိုပေါ်ဆန်း စပါး/ဆန် ဈေးနှုန်းများ အနည်းငယ် မြင့်တက် နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဩဂုတ်လ ပထမပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန်စီးထွက်မှုမှာ ရန်ကုန်သို့ (48247)အိတ်၊ မန္တလေးသို့ (9789) အိတ်၊ကျောက်ပန်းတောင်းမြို့သို့ (370)အိတ်၊ မိတ္ထီလာမြို့သို့ (280)အိတ်၊ ရှမ်းပြည်နယ် တောင်ပိုင်းသို့ (7095)အိတ်၊မူဆယ်သို့(375)အိတ်၊ နေပြည်တော်သို့ (953)အိတ်၊ပဲခူးသို့ (2955)အိတ်၊ ပြည်မြို့သို့ (100)အိတ်၊ တောင်ငူသို့ (370)အိတ်၊ ကရင်ပြည်နယ် ဘားအံသို့(3895)အိတ်၊ တနင်္သာရီတိုင်း မြိတ်မြို့သို့(100)အိတ်၊ ကချင် ပြည်နယ်သို့ (1350)အိတ်၊ မွန်ပြည်နယ်သို့ (8090)အိတ်၊ ဧရာဝတီတိုင်းသို့ (125)အိတ်၊ မကွေးတိုင်းသို့ (1020)အိတ်၊ စုစုပေါင်းအိတ်ရေ(85114)၊တန်အားဖြင့် (4256)တန် စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဩဂုတ်လ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁65၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် ဖြစ်ပေါ်နေသော အသားငါးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့တွင် ဩဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ် နေသော အသားနှင့် ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၇၀၀၀/-)ကျပ်၊ ကြက် (ဗမာ) တစ်ပိဿာ (၃၀၀၀၀/-)ကျပ်၊ ဝက်သား တစ်ပိဿာ (၃၄၀၀၀/-)ကျပ်၊ အမဲသား တစ် ပိဿာ (၄၀၀၀၀/-)ကျပ်၊ ငါးကြင်း (ဖြူ) အကောင်လိုက်ဈေး တစ်ပိဿာ (၁၅၀၀၀/-)ကျပ်၊ ငါးကြင်း (နီ) အကောင်လိုက်ဈေး တစ်ပိဿာ (၁၃၀၀၀/-)ကျပ်၊ ငါးခူ အကောင်လိုက်ဈေး တစ်ပိဿာ (၁၄၀၀၀/-)ကျပ်၊ ငါးတန် တစ်ပိဿာ (၁၀၀၀၀/-) ကျပ်၊ တီလားဗီယား တစ်ပိဿာ (၁၈၀၀၀/-)ကျပ်၊ ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

       ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ကြက်သား(CP)တစ်ပိဿာ (၁၀၀၀/-) ကျပ် ဈေးနှုန်းတက်ပြီး၊ ငါးကြင်း(ဖြူ) အကောင်လိုက်ဈေး တစ်ပိဿာ (၅၀၀၀/-)ကျပ်၊ ငါးတန်တစ်ပိဿာ အကောင်လိုက်ဈေး (၁၀၀၀/-)ကျပ်၊ စီဖြင့် ဈေးနှုန်းကျသွားပြီး ကျန်အသား၊ ငါးဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း ပြည်ထောင်စုဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ အိမ်ဆောက်ပစ္စည်းဆိုင်များတွင် ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ပေါ်တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ် သော “ရွှေသရဖူ၊ သိန်းဇဗ္ဗူအောင်၊ စိန်ဇဗ္ဗူအောင် အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဘိလပ်မြေ အမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ Crow ဘိလပ်မြေများ ရောင်းချလျက်ရှိပါသည်။ ဘိလပ်မြေဈေးနှုန်းဈေးကွက်အနေဖြင့် ဘိလပ်မြေကို မန္တလေးတိုင်းဒေသကြီးမှ  ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် (၂၂၀၀၀) ကျပ် ၊ Crow တစ်အိတ်လျှင် (၂၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် (၂၀၀၀/-) ကျပ်နှင့် ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် (၃၀၀၀/-) ကျပ် ဈေးနှုန်းကျသွားကြောင်း မုံရွာမြို့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ပဲ၊နှမ်းကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီး မှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊နှမ်းကုန်စည်ဒိုင်၏ သီးနှံ အမျိုး အစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍  အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

  ပဲ၊နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဩဂုတ်လ ပထမပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ် ပေါက်ဈေးဖြင့်  (၁၃၅၀)တင်း ၊တန်အားဖြင့် (၄၄)တန် ၊ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၈၃၀၀၀)ကျပ် ပေါက်ဈေးဖြင့် (၂၂၅၀)တင်း၊တန်အားဖြင့် (၇၃)တန်၊ နှမ်းနက် တစ်တင်းလျှင်(၂၅၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် (၄၅၀)တင်း တန်အားဖြင့် (၁၁)တန် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ပဲ၊နှမ်းဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း  ပဲပွဲစားများ ကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

     ရွှေဘိုခရိုင်အတွင်းတွင် ဩဂုတ်လ ပထမပတ်တွင် စပါး/ဆန်ဈေးနှုန်းများအနည်းငယ် မြင့်တက်   နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ (52623)အိတ်၊ မန္တလေးသို့ (44299) အိတ်၊ နေပြည်တော်သို့ (880)အိတ်၊ပဲခူးတိုင်းသို့ (6960)အိတ်၊ မကွေးတိုင်းသို့ (1335)အိတ်၊ ရှမ်း(တောင်)သို့ (15463)အိတ်၊ ကချင်ပြည်နယ်သို့ (215၀)အိတ်၊ မွန်ပြည်နယ်သို့ (4485)အိတ်၊ ကရင်ပြည်နယ်သို့ (740)အိတ် ၊မူဆယ်သို့ (360)အိတ်၊ဧရာဝတီသို့ (560)အိတ် စုစုပေါင်း အိတ်ရေ 129855 တန်အားဖြင့် 6493တန် စီးထွက်ခဲ့ပါသည်။

        ယခင် ဩဂုတ်လ ပထမပတ်တွင် ရန်ကုန်သို့ (53684)အိတ်၊ မန္တလေးသို့ (46894) အိတ်၊ နေပြည်တော်သို့ (1848)အိတ်၊ပဲခူးတိုင်းသို့ (4315)အိတ်၊ မကွေးတိုင်းသို့ (1280)အိတ်၊ ရှမ်း(တောင်)သို့ (16507)အိတ်၊ ကချင်ပြည်နယ်သို့ (135၀)အိတ်၊ မွန်ပြည်နယ်သို့ (8160)အိတ်၊ ကရင်ပြည်နယ်သို့ (3745)အိတ် ၊မူဆယ်သို့ (605)အိတ်၊ဧရာဝတီသို့ (125)အိတ်၊တနင်္သာရီတိုင်းသို့ (100)အိတ်၊ကရင်ပြည်နယ်သို့ (150)အိတ် စုစုပေါင်း အိတ်ရေ 138763 တန်အားဖြင့် 6938တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ 8908၊ တန်အားဖြင့် 445တန် ပို၍ စီးထွက် ခဲ့ပါသည်။

     ရွှေဘိုမြို့၏ ဩဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း ၁၀၀ လျင် ကျပ် ၄၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁65၀၀၀ ၊  ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2၆00000၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀၊ 747စပါး တင်း 100လျှင် ကျပ်1400000 ၊747ဆန် 24ပြည်ပါ တစ်အိတ်လျှင် ကျပ် 58000၊ရွှေဝါထွန်းစပါး တင်း100လျှင် ကျပ်1400000၊ရွှေဝါထွန်း ဆန် 24ပြည်ပါတစ်အိတ်လျှင် ကျပ် 63000ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် မြေပဲဆံနှင့် အစေ့ထုတ်ပြောင်းဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ  မိုးသီးနှံ အစေ့ထုတ်ပြောင်းနှင့် မြေပဲသီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် (၂၁၅၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၁၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ ဒုတိယပတ်အတွင်း မြေပဲလုံးဆံ(၁)တင်းလျှင် (၂၀၁၀၀၀) ကျပ်တို့ဖြင့်ရောင်းချကြောင်း၊ ဈေးကွက်အတွင်း အစေ့ထုတ်ပြောင်း ဝင်ရောက်မှုနည်းသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲနှင့်ပဲတီစိမ်းသီးနှံဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ စိုက်ပျိုးတောင်သူများသည် မတ်ပဲသီးနှံနှင့် ပဲတီစိမ်းသီးနှံတို့ကိုလည်း စိုက်ပျိုးကြောင်း၊ ထွက်ရှိသည့် မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများကို ကန့်ဘလူ မြို့ရှိ ပွဲရုံများ၊ မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၀၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူတစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၈၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၈၇၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခုပတ်အတွင်း မတ်ပဲနှင့် ပဲတီစိမ်းဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ ပဲလွန်းဖြူသီးနှံဈေးနှုန်း ပြန်လည်မြင့်တက်

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများသည် ပဲလွန်းဖြူသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၉၄၅၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင်(၉၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ပဲလွန်းဖြူ(၁)တင်းလျှင် (၃၀၀၀)ကျပ် မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့ နယ်မှထွက်ရှိသော ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း