ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆလပ်ရွက်စျေးနှုန်းစျေးကွက်အခြေအနေ

 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် အသီးအရွက်များကို တစ်နိုင်တစ်ပိုင်သော်လည်း ကောင်း  စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပြီး အခြားဒေသများမှလည်း ဝယ်ယူလျက်ရှိပါ သည်။  စိုက်ပျိုးရေးသီးနှံများမှ ဆလပ်ရွက်ကို ဒေသတွင်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးလျှက်ရှိပြီး ကုန် စိမ်းစျေးများတွင်ပြန်လည်ရောင်းချကြရှိသည်။ အသားနှင့်တွဲဖက်၍ဖြစ်စေ ဟင်းများတွင်ဖြစ်စေ တွဲဖက်စားသုံးလေ့ရှိပြီး ဟင်းသီးဟင်းရွက်များထဲမှ စျေးကောင်းရရှိသောအသီးအနှံတစ်မျိုးဖြစ် သည်။ ဆေးဖက်ဝင်သောအရွက်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သောကြောင့် မကြာခဏစားသုံး သင့်ပါသည်။ မြိတ်မြို့တွင် ဆလပ်ရွက်တစ်စည်းလျှင် ၁၅၀၀ ကျပ်ရှိနေပြီး အခြားသီနှံများထက် စျေးကောင်းရရှိလျက်ရှိသည်။

DOCA(တနင်္သာရီ)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

                 ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၈.၈.၂၀၂၅) မှ (၁၃.၈.၂၀၂၅) နေ့ထိ ဆန်ဝင်ရောက် မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ကြားပျံ (၁၂၃၃၀) အိတ်၊ ပေါ်ဆန်းမွှေး (၂၁၂၆၅) အိတ်၊ ပေါ်ကျွဲ (၆၂၂၀) အိတ်၊ ဧည့်မထ (၉၀၁၃၅) အိတ်၊ ဆန်ကွဲ (၁၆၃၆၉) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၅၆၉၆) အိတ် နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၂၂၉၁၆) အိတ်၊ ငစိန် (၁၂၉၅) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ်ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံ မြို့နယ်များမှ ဧည့်မထ (၁၈၇၉၉) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

            ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၄.၈.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၃၄၈ အိတ်နှင့် ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၈၂၀ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၄၅၂ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၇၈၂ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၁၂၈ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၂၁၈၇ အိတ်၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၉၄၅၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၉၇၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၅၄ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၀၄၇ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၅၆၃၊ ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၁၅၄၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၃၂၀၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၅၇၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၃၉၆၅ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

          ၁၄.၈.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့  ရှယ်စ (၇၀၉၈) အိတ်၊ ထိပ်စ(၅၉၁၉) အိတ်၊ လက်စ(၄၁၆၉) အ်တ်၊ ၂၅ မတ် (၂၈၉၃) အိတ်၊ ဆန်ကွဲ(၁၂၁၄၀) အိတ်တို့ဝင်ရောက်ခဲ့ပြီး ဆန်ဈေးနှုန်းများမှာ အနည်းငယ်ပြောင်းလဲမှုရှိခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

             ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၂.၈.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၉၅၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၆၈၇ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၅၂၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၂၁ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၈၅၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၂၈၃၄ အိတ်၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၅၉၀၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၆၉၈၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၇၅ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၇၈၃ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၂၄၇၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၃၆၄၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၄၉၃၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၆၀၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၉၂၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

          ၁၂.၈.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အိတ်စုစုပေါင်း (၃၈၉၉၂) အိတ်တို့ ဝင်ရောက်ခဲ့ကြောင်းနှင့် ဆန်ဈေးနှုန်းများမှာ အနည်းငယ်ပြောင်းလဲမှုရှိကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

မော်လမြိုင်မြို့၊ မောင်ငံဈေးတွင် ရောင်းချလျက်ရှိသော စားဖိုဆောင်သီးနှံဈေးနှုန်းအခြေအနေ

   မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ မောင်ငံဈေးတွင် စားဖိုဆောင်သီးနှံများ ဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ပန်း‌ဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ဘိုစားပဲများကို ရန်ကုန်မြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

 ယခု ဩဂုတ်လ ဒုတိယပတ်တွင် မော်လမြိုင်မြို့၊ မောင်ငံဈေးတွင် ရောင်းချနေသော စားဖိုဆောင်သီးနှံများဖြစ်သည့် ပန်းဂေါ်ဖီဈေးနှုန်းမှာ အပွင့်ကြီးတစ်ပွင့်လျှင် (၄၀၀၀) ကျပ်၊ အပွင့်လတ် တစ်ပွင့်လျှင် (၃၅၀၀) ကျပ်၊ အပွင့်သေး တစ်ပွင့်လျှင် (၃၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ဘိုစားပဲ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ယခုဝါတွင်းကာလတွင် ကုန်စိမ်းသီးနှံများ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘောများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

            ၁၃.၈.၂၀၂၅ ရက်နေ့ ရန်ကုန်မြို့သို့ ဝါးခယ်မမြို့နယ်မှ ရွှေစန္ဒာလင်းရေယာဉ်ဖြင့် ပေါ်ဆန်း (၁၇၃)အိတ်၊ ပေါ်ကျွဲ (၅၀) အိတ်၊ ဧည့်မထ (၂၉၀၇)အိတ်နှင့် ဆန်ကွဲ(၅၀) အိတ်၊ မော်ကျွန်းမြို့နယ်မှ ကောင်းထက်ရေယာဉ်ဖြင့် ဧည့်မထ (၈၈၉) အိတ်၊ လပွတ္တာမြို့မှ ရွှေနဒီရေယာဉ်ဖြင့် ကြားပျံ(၅၆၁) အိတ်၊ ပေါ်ဆန်း(၆၃၁) အိတ်၊  ဧည့်မထ (၅၈၁) အိတ်၊ ဆန်ကွဲ(၁၀၄၅) အိတ်၊ ကားဖြင့် ဧည့်မထ (၃၅၀) အိတ်တို့ ဝင်ရောက်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

          သို့ဖြစ်ပါ၍ ၁၃.၈.၂၀၂၅ ရက်နေ့တွင် ကြားပျံ(၅၆၁) အိတ်၊ ပေါ်ဆန်း(၈၀၄) အိတ်၊ ပေါ်ကျွဲ(၅၀) အိတ်၊ ဧည့်မထ(၄၇၂၇) အိတ် နှင့်ဆန်ကွဲ(၁၀၉၅) အိတ် စုစုပေါင်း (၇၂၇၃) အိတ် အဝင်ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ချောင်းဆုံမြို့နယ် ‌ဒေသထွက် ပိန်းဥနှင့် ခဝဲသီးဈေးနှုန်းအခြေအနေ

 မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုများသည် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပိန်းဥ၊ ခဝဲသီး၊ ပဲတောင့်ရှည်၊ ချဉ်ပေါင်ရွက်၊ ကန်စွန်ရွက်၊ ရုံးပတီသီး၊ သခွားသီးများ စိုက်ပျိုးလျက်ရှိသည့်အနက် ဒေသထွက် ပိန်းဥနှင့် ခဝဲသီးများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

      ချောင်းဆုံမြို့နယ်၊ မြို့မဈေးအတွင်း ရောင်းချနေသည့် ပိန်းဥ နှင့် ခဝဲသီးများကို မြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရသည်။ ယခု ဩဂုတ်လ ဒုတိယပတ်တွင် ဒေသထွက် ပိန်းဥဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ခဝဲသီးတစ်တောင့်လျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

မော်လမြိုင်မြို့၌ ငါးနှပ်(ခေါ်)အာဗြဲငါးအစိုများ လှိုင်လှိုင်ထွက်ရှိ

   မွန်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းနံဘေးတွင် တည်ရှိပြီး မြစ်ချောင်းများပေါ များသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ရေချို၊ ရေငံငါးထွက်ရှိသော ပြည်နယ်တစ်ခုဖြစ် သည်။ ယခုလို မိုးရာသီတွင် ရေချို၊ ရေငံ ငါးပေါများစွာထွက်ရှိပြီး ငါးနှပ်(‌ခေါ်)အာဗြဲငါးအစိုများ ပေါများစွာထွက်ရှိလျှက်ရှိသည်။ အဆိုပါ ငါးနှပ်များကို ‌ဒေသခံများက ဆီပြန်ချက်ခြင်း၊ မွန်ရိုးရာ ငါးနှပ်ဟင်းချဉ်စပ်ချက်စားခြင်းဖြင့် ထမင်းမြိန်စေသော ဟင်းလျားများဖြစ်ကြသည်။ မွန်ချက် ငါးနှပ်ဟင်းချဉ်စပ်ကို ‌ဒေသခံများသာမက အခြားဒေသမှလူမျိုးများပါ ကြိုက်နှစ်သက်သော ဟင်းလျာတစ်မျိုးဖြစ်သည်။

          အဆိုပါ ငါးနှပ်(ခေါ်)အာဗြဲငါးများကို မွန်ပြည်နယ်အတွင်းရှိ ဈေးများတွင် ပေါများစွာ တွေ့ရသည်။ ငါးနှပ်(‌ခေါ်)အာဗြဲငါးအစို တစ်ပိဿာလျှင် အကြီး (၁၂၀၀၀) ကျပ်၊ အလတ် (၁၀၀၀၀) ကျပ်၊ အသေး (၉၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိသည်။

DOCA(မွန်)

မော်လမြိုင်မြို့၌ မြေပဲဆီဈေးနှုန်းကျဆင်း

  ယခုဩဂုတ်လ ဒုတိယပတ်တွင် မော်လမြိုင်မြို့၌ မြေပဲဆီဈေးနှုန်းကျဆင်းလျက်ရှိ ကြောင်း သိရသည်။ ဩဂုတ်လ ဒုတိယပတ်တွင် မြေပဲဆီဈေး တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ် သို့ကျဆင်းလာကြောင်း သိရှိရသည်။ ဇူလိုင်လနောက်ဆုံးပတ်တွင် မြေပဲဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၁၀၀၀) ကျပ်ဖြစ်ပေါ်ခဲ့ရာ ဇူလိုင်လနောက်ဆုံးပတ်နှင့်နှိုင်းယှဉ်လျှင် ယခု အပတ်တွင် (၃၀၀၀) ကျပ်ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

   မြေပဲဆီဈေးနှုန်းကျဆင်းရခြင်းမှာ ဩဂုတ်လဒုတိယပတ်တွင် မြေပဲဆံဈေးနှုန်းကျဆင်း ခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ ဇူလိုင်လ နောက်ဆုံးပတ်တွင် မြေပဲဆံဈေးနှုန်းမှာ ၂၀ ပိဿာပါတစ်တင်းလျှင် (၁၈၅၀၀၀) ကျပ်ဖြစ်ပေါ်ခဲ့ရာမှ ဩဂုတ်လဒုတိယပတ်တွင် မြေပဲဆံ ၂၀ ပိဿာပါတစ်တင်းလျှင် (၁၅၅၀၀၀) ကျပ်သို့ ကျဆင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်းသိရှိရသည်။ မြေပဲဆံများကို ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့မှ မှာယူရရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

            ၁၂.၈.၂၀၂၅ ရက်နေ့တွင် ဖျာပုံမြို့နယ်မှ ရွှေစင်သင်္ဘောဖြင့် ကြားပျံ(၆၄၀) အိတ်၊  ပေါ်ကျွဲ (၃၅၀) အိတ်၊ ဧည့်မထ(၁၃၁၀)အိတ်၊ ဆန်ကွဲ(၁၇၅၀) အိတ်၊ မော်ကျွန်းမြို့နယ်မှ နေဗလရေယာဉ်ဖြင့်  ပေါ်ဆန်း(၁၈၀၀) အိတ်၊ဧည့်မထ (၅၁၀၀) အိတ်၊ ဆန်ကွဲ(၇၅၀) အိတ်၊ လပွတ္တာမြို့မှ ဝမ်းစတားထွန်းသင်္ဘောဖြင့်  ကြားပျံ(၁၂၄) အိတ်၊ ပေါ်ဆန်း (၁၄၅၈) အိတ်၊ ပေါ်ကျွဲ (၂၃၀) အိတ်၊ ဆန်ကွဲ(၂၇၅) အိတ်၊ ကျိုက်လတ်မြို့မှ ရွှေမြိုင်အောင်သင်္ဘောဖြင့် ဧည့်မထ(၈၀၀) အိတ်၊ ဆန်ကွဲ (၁၀၀၀) အိတ်၊ ဒေးဒရဲမြို့မှ ကားဖြင့်  ကြားပျံ(၁၀၉၄) အိတ်၊ ပေါ်ဆန်း(၃၂၉) အိတ်၊ ဧည့်မထ(၂၂၅၀) အိတ်၊ ဆန်ကွဲ(၂၁၀) အိတ်၊  ကော့မှူးမြို့မှ ကားဖြင့် ပေါ်ဆန်း(၇၅၀)အိတ်၊ ပေါ်ကျွဲ(၈၀၀)အိတ်၊ ဧည့်မထ (၂၃၀၀) အိတ်၊ ဆန်ကွဲ(၂၀၀) အိတ် တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း