ပုသိမ်မြို့နယ်တွင် မာလကာသီးဈေးကွက် အခြေအနေ

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ မြို့မဈေးနှင့် သစ်သီးဆိုင်များတွင် မာလကာ သီးများ လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရသည်။ ပုသိမ်မြို့နယ်အတွင်းသို့ အနီးဝန်းကျင် ဒေသများမှ မာလကာသီးများ ဝင်ရောက်လျက်ရှိပြီး ဒေသခံများ၏ နှစ်သက်မှုကို ရရှိထားသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယအပတ်အတွင်း ပုသိမ်မြို့နယ်တွင် မာလကာသီး ဈေးနှုန်းများမှာ အလုံးကြီး (၁)လုံးလျှင် ၇၀၀ ကျပ် အလုံးသေး (၁)လုံးလျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး လူကြီးလူငယ်မရွေး နှစ်သက်စွာ ဝယ်ယူစားသုံးနေကြသည်ကို တွေ့ရသည်။ မာလကာသီးများသည် ပုသိမ်မြို့နယ်အတွင်း ရောင်းအားကောင်းသော သစ်သီးတစ်မျိုးဖြစ်ပြီး ဈေးကွက်တွင် အမြဲလိုလို ဝယ်လိုအားရှိနေကြောင်း ဒေသခံဈေးသည်များက ပြောကြားသည်။

          ပုသိမ်မြို့နယ်တွင် မာလကာသီးများကို အဓိကအားဖြင့် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများမှ တင်ပို့လာခြင်းဖြစ်ပြီး ဒေသခံများ၏ နေ့စဉ်စားသုံးမှုတွင် အရေးပါသော သစ်သီး တစ်မျိုးအဖြစ် ရပ်တည်နေသည်။ မာလကာသီး၏ လတ်ဆတ်မှုနှင့် အာဟာရဓာတ်ကြွယ်ဝမှု တို့ကြောင့် ပုသိမ်မြို့နယ်အတွင်း ဝယ်ယူစားသုံးမှု မြင့်မားနေခြင်းဖြစ်ပါသည်။

DOCA (ဧရာဝတီ)