ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“မိသားစုဝင်ငွေတိုးဖို့ ချဉ်ပေါင်စိုက်ပျိုးကြပါစို့”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး ဆည်ရေသောက် ဒေသတစ်ခုဖြစ်သောကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရသော ဝယ်လိုအားရှိသော ချဉ်ပေါင်သီးနှံကိုလည်း စိုက်ပျိုးလျက် ရှိရာ စိုက်ပျိုးသောမျိုးများမှာ ချဉ်ပေါင်လက်ချား၊ ချဉ်ပေါင်ခါးနှင့် ဘီးလပ်ချဉ် ပေါင်မျိုးများကို စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသောမျိုးမှာ ဘီးလပ်ချဉ်ပေါင် မျိုးဖြစ်ပြီး အသီးသီး ချိန်တွင်လည်း ချဉ်ပေါင်ဖူးကိုပါ ရောင်းချရသောကြောင့် ဝင်ငွေနှစ်မျိုး ရရှိကြောင်း ဝါဆိုလ နှင့် သီတင်းကျွတ်လများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစနစ်အနေဖြင့် ထယ်ထိုး၊ ထယ်မွှေကာ မြေတွင် တစ်တန်းနှင့်တစ်တန်း (၂)ပေခွာပြီး (၄)လက်မခြား၍ အစေ့ချ စိုက်ပျိုး ကြကြောင်း၊ (၁)ဧက စိုက်ပျိုးမှုမျိုးအနေဖြင့် ချဉ်ပေါင်စေ့(၁)ပြည် ကုန်ကျကြောင်း၊ မျိုးစေ့ (၁)ပြည်လျှင်(၅၀၀၀/-)ကျပ် ပေးရကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ကုန်ကျစရိတ်(၃၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊  စိုက်ပျိုးပြီး (၁)လခွဲသားတွင် အရွက်၊ ကိုင်းနှင့် အပင်များခူးညှပ်၍ ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ချဉ်ပေါင်တစ်ဧကအနေဖြင့် အရွက်ပိဿာ (၁၀၀၀)ပိဿာ ထွက်ရှိပြီး၊ အနေတော် အပင်ပေါက် ကလေးများကိုနုတ်၍ အစီးလေးများဖြင့် ရောင်းချပါက တစ်ဧက အစီးပေါင်း(၁၀၀၀၀)စီးခန့် ထွက်ရှိကြောင်း၊ ချဉ်ပေါင် တစ်စီးလျှင်(၁၀၀/-)ကျပ်ဖြင့် လက်ကားရောင်းချပေးကြောင်း၊ လက်လီစျေးအနေဖြင့် ချဉ်ပေါင်တစ်စီးလျှင်(၁၅၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ် လျှက်ရှိပြီး ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲရုံများ နှင့် ကုန်စိမ်းပွဲစားများမှ အခင်းထဲအရောက် လာရောက်ဝယ်ယူသူများရှိသလို ကုန်စိမ်းပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ ရောင်းချပေး လျက်ရှိကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နုတ်ပြီး (၇၀၀၀၀၀/-)ကျပ် ခန့်မြတ်ကြောင်း၊ ချဉ်ပေါင်သီးနှံကို တောင်သူများမှ မိသားစုဝင်ငွေတိုးပြီး စီးပွားဖြစ်သောကြောင့် တိုးချဲ့စိုက်ပျိုး လျက်ရှိကြောင်း တောင်သူတစ်ဦး ပြောကြားချက်အရ သိရှိရပါသည်။  

DOCA (မန္တလေး)

“ပန်း‌ဂေါ်ဖီစိမ်းစျေးနှုန်းစျေးကွက်”

    ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း၊ကလောမှ ပန်းဂေါ်ဖီအစိမ်းများ  ကျောက်ဆည်ခရိုင် အတွင်းသို့ရောက်ရှိပြီး စားသုံးသူပြည်သူများကြိုက်နှစ်သက်၍ အရောင်းအဝယ်ဖြစ်လျှက်ရှိရာ အစိမ်းရင့်ရောင်ပန်းဂေါ်ဖီစိမ်းသည် အဟာဓါတ်ကြွယ်ဝပြီး အစာခြေဖျက်ခြင်း၊နှလုံးသွေးကြောစနစ်၊ ကိုယ်ခံအားကောင်းမွန်ခြင်း၊ကင်ဆာကာကွယ်နိုင်သည့်ဓါတ်တိုးပစ္စည်းများ များစွာပါဝင်ပါသည်။ ဆိုဒီယမ်နှင့်ကယ်လိုဒီပါဝင်မှုနည်းပါးပြီး အဆီလုံးဝမပါဝင်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သော ကြောင့် ‌ရောင်းလိုအားဝယ်လိုအားကောင်းလျှက်ရှိရာ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကုန်စိမ်းသည် များမှ ရှမ်းပြည်နယ်မှထွက်ရှိသော ပန်းဂေါ်ဖီစိမ်းများအား ဝယ်ယူရောင်းချလျှက်ရှိကြောင်းသိရှိရပါ သည်။ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးနှင့်မြို့မစျေးများတွင် ပန်းဂေါ်ဖီစိမ်း လက်ကားစျေး နှုန်းအနေဖြင့်အကြီးတစ်ပွင့်လျှင်(၁၃၀၀/-)ကျပ်၊အသေးတစ်ပွင့်လျှင်(၁၀၀၀/-)ကျပ်စျေးနှုန်းများရှိပြီး

    လက်လီစျေးအနေဖြင့်  အကြီးတစ်ပွင့်လျှင်(၂၀၀၀/-)ကျပ် ၊ အသေးတစ်ပွင့်လျှင်(၁၅၀၀/-)ကျပ်  စျေးနှုန်းများဖြင့် ‌ရောင်းဝယ်လျှက်ရှိကြောင်းသိရှိရပါသည်။

DOCA (မန္တလေး)

“လယ်ယာထွက်ကုန်သီးနှံများ၏စျေးနှုန်းစျေးကွက်အခြေအနေ”

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခု ဖြစ်သောကြောင့် လယ်ယာထွက်ကုန်သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည်။၄င်းသီးနှံ များအနက်ကုလားပဲ၊ပဲတီစိမ်း၊နှမ်းသီးနှံများမှာ ယခုအချိန်ရိတ်သိမ်းပြီးစီးပြီဖြစ်၍ စျေးနှုန်းများ ကျဆင်းလျှက်ရှိပါသည်။ ကုလားပဲV2 တစ်တင်းလျှင် ပေါ်ခါစအချိန်တွင်(၁၀၃၀၀၀/-)ကျပ် ရှိရာမှဇူလိုင်လ နောက်ဆုံးအပတ်တွင် (၈၇၀၀၀/-)ကျပ် နှင့် သြဂုတ်လဆန်းတွင်(၈၂၀၀၀/-) ကျပ် ၊ ကုလားပဲထိုင်ဝမ် တစ်တင်းလျှင် ပေါ်ခါစအချိန်တွင်(၉၀၀၀၀/-)ကျပ် ရှိရာမှဇူလိုင်လ နောက်ဆုံးအပတ်တွင် (၈၀၀၀၀/-)ကျပ်နှင့်သြဂုတ်လဆန်းတွင်(၇၅၀၀၀/-)ကျပ်၊ ကုလားပဲ 929တစ်တင်းလျှင် ပေါ်ခါစအချိန်တွင်(၉၅၀၀၀/-)ကျပ်ရှိရာမှ ဇူလိုင်လ နောက်ဆုံးအပတ်တွင် (၈၃၀၀၀/-)ကျပ် နှင့် သြဂုတ်လဆန်းတွင်(၇၈၀၀၀/-)ကျပ်ဖြင့်လည်းကောင်း ၊ ပဲတီစိမ်း တစ်တင်းလျှင် ပေါ်ခါစအချိန်တွင်(၁၂၃၀၀၀/-)ကျပ်ရှိရာမှ ဇူလိုင်လ နောက်ဆုံးအပတ်တွင် (၁၂၀၀၀၀/-)ကျပ် နှင့် သြဂုတ်လဆန်းတွင်(၁၀၀၀၀၀/-)ကျပ်ဖြင့်လည်းကောင်း ၊ နှမ်းဖြူ တစ်တင်းလျှင် ပေါ်ခါစအချိန်တွင်(၁၂၆၀၀၀/-)ကျပ်ရှိရာမှ ဇူလိုင်လ နောက်ဆုံးအပတ်တွင် (၁၂၃၀၀၀/-)ကျပ်နှင့်သြဂုတ်လဆန်းတွင်(၁၀၅၀၀၀/-)ကျပ်၊ နှမ်းညို တစ်တင်းလျှင် ပေါ်ခါစ အချိန်တွင်(၁၀၃၀၀၀/-)ကျပ်ရှိရာ မှ ဇူလိုင်လ နောက်ဆုံးအပတ်တွင် (၉၇၀၀၀/-)ကျပ်နှင့် သြဂုတ်လဆန်းတွင်(၈၂၀၀၀/-)ကျပ်စျေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိပါသည်။ခရိုင်အတွင်း မြို့နယ်များရှိပွဲရုံများ၌ သီးနှံများအား ရောင်းဝယ်ရာတွင် မန္တလေးကုန်စည်ဒိုင်၏ နေ့စဉ် စျေးနှုန်းဖွင့်လှစ်မှုအပေါ်အခြေခံ၍ အရောင်းအဝယ်ပြုလုပ်လျှက်ရှိပြီး တောင်သူများမှလည်း စျေးနှုန်းများကျဆင်းသောကြောင့် တက်စျေးမျှော်၍ အိမ်၌ သိုလှောင်ထားသောကြောင့် ပွဲရုံများ၌ အရောင်းအဝယ်ပါးလျှက်ရှိကြောင်း မြစ်သားမြို့ရှိ သီးနှံမျိုးစုံရောင်းဝယ်သည့် ပွဲရုံများမှ သိရှိရပါသည်။

 

DOCA (မန္တလေး)

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ရုံးပတီသီးဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြပါသည်။ ရုံးပတီသီးကို ရာသီမရွေး စိုက်ပျိုးနိုင်သောကြောင့် တောင်သူများတွက်ချေကိုက်သော သီးနှံတစ်မျိုးဖြစ်သည်။  စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သည့် ရုံးပတီသီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ ထွက်ရှိလာ သောသီးနှံများကို ဆိပ်ငယ်ဈေးကြီး၊ ရှမ်းချောင်းကုန်စိမ်းဈေးနှင့်တခြားဈေးငယ်များသို့ ပို့ဆောင် ပြီးရောင်းချကြကြောင်း သီးနှံစိုက်ပျိုးသော တောင်သူတစ်ဦးထံမှသိရှိရပါသည်။ ရုံးပတီသီးစားပေးခြင်းဖြင့် အစာအိမ်ရောဂါကိုကောင်းမွန်စေခြင်း၊ အစာအိမ်ထဲမှ အက်စက်ဓာတ်ကိုလျော့ချ ပေးခြင်း၊ ခန္ဓာကိုယ်ထဲမှအညစ်အကြေးကိုဖယ်ရှားပေးခြင်း၊ သွေးနီဥထုတ်လုပ်မှုကို လှုံဆော်ပေးတာကြောင့် ခွန်အားကိုပိုရှိခြင်း၊ မောပန်းနွမ်းနွယ်မှုများကိုကောင်းစေခြင်း၊ ဝမ်းချုပ်ခြင်းများကို ကာကွယ်ပေးပါသည်။

     ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လဒုတိယပတ်တွင် ရုံးပတီသီးတစ်တောင့်လျှင်(၃၀၀)ကျပ်ရှိပြီး (၁၀)တောင့်ပါတစ်စည်းလျှင်(၂၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ငါးဈေးနှုန်း

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် ပင်လယ် ပြင်မှရရှိလာသော သား၊ငါးများမှာ အမျိုးအစားစုံလင်လှပါသည်။ မြိတ်မြို့နယ်တွင် ရေလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြ၍ ရရှိလာသော ငါးများကို မြိတ်မြို့ပေါ်ရှိ ဈေးများနှင့် တပ်ပြင်ရပ်ရှိ စည်ပင် သာယာဈေးတွင်လည်း ရောင်းချကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ ယခုသြဂုတ်လဒုတိယပတ်တွင် ဇယောငါးတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးလိပ်ကျောက်တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ကပြုန်းတစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ဘီးဇင်း (ငါးကွန်းရှပ်)တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ ကုလားဂုတ်တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ပလာ တူးတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ ဟင်းချိုလုံးတစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ပိုက်ပုဇွန်တစ် ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ ပုဇွန်ဖြူတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ ပင်းပုဇွန်(အကြီး)တစ် ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ရေချိုပုဇွန်တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ဘဝဲတစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ ကင်းမွန်(ပြည်ကြီးငါး)အလတ်တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်နှင့် အကြီးတစ် ပိဿာလျှင်(၄၅၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA( တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ကြက်သားဈေးနှုန်း

   တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ဆိပ်ငယ်စည်ပင်သာယာဈေးကြီးနှင့် စမ်းချောင်း ကုန်စိမ်းဈေးများတွင် အသားငါးဆိုင်များ၌ ယခင်ဇူလိုင်လတွင် CPကြက်သားမှာ တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ခန့်ရှိပြီး ယခုသြဂုတ်လဒုတိယပတ်တွင် CPကြက်သားမှာ တစ်ပိဿာလျှင် (၂၃၀၀၀) ကျပ်မှ (၂၅၀၀၀)ကျပ်၊ ဈေးအနည်းငယ်တက်လာကြောင်း သိရှိရပါသည်။ ယခုသြဂုတ်လတွင် ဗမာကြက်သားမှာ တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း စည်ပင်သာယာဈေးကြီးရှိ အသားငါးဆိုင်များမှ သိရှိရပါသည်။

DOCA (တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ငရုတ်သီးခြောက်/အပု ဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် စားသုံးသော ငရုတ်သီးခြောက်များကို ရန်ကုန်မြို့ရှိ ကုန်စည်ဒိုင်များမှတဆင့် ကားလမ်း၊ ရေလမ်းဖြင့် အများဆုံးသယ်ယူရောင်းချလျက်ရှိပါသည်။ ယခင်လတွင် ငရုတ်သီးခြောက် အရှည်တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်နှင့် (၁၃၀၀၀)ကျပ် ခန့်ရှိပြီး ငရုတ်သီးအပုတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် (၂၁၀၀၀)ကျပ်ခန့်ထိရှိကြောင်း သိရှိရပါသည်။

    ယခုသြဂုတ်လ ဒုတိယပတ်တွင် ငရုတ်သီးခြောက်အရှည်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်နှင့် (၁၅၀၀၀)ကျပ်ခန့်ထိရှိပြီး ငရုတ်သီးအပုတစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်နှင့် (၂၃၀၀၀)ကျပ်ခန့်ထိ အသီးသီး ရှိကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

ဇရစ်ရိုးအသုံးဝင်ပုံနှင့်ဈေးကွက်

     ဇရစ်ရိုးပင်များသည် ကျေးရွာများတွင် စမ်းချောင်းငယ်များ၊ စိုစွတ်သောမြေများတွင် ဇရစ် ရိုးပင်များ လှိုင်လှိုင်ပေါများစွာပေါက်ရောက်ပါသည်။ ဇရစ်ရိုးပင်သည် အဆူးရှိသောအပင်တစ်မျိုး ဖြစ်သည်။ ဇရစ်ရိုးပင်များသည် မိုးရာသီတွင် ပေါများစွာပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပါ သည်။ ကျေးလက်ဒေသများတွင် နှစ်ခြိုက်သည့်ဟင်းလျာများတွင် ဇရစ်ရိုးလည်းပါဝင်သည်။ ဇရစ်ရိုးများကို ကြော်စားချက်စား ၊ အချဉ်ဟင်းချက်စား၊ သနပ်လုပ်စားကြပါသည်။ ငါးနှင့် ချက်စား၍စားကောင်းသလို မိုးရာသီနှင့် အလွန်လိုက်ဖက်သော ဟင်းလျာများဖြစ်ကြပါသည်။ ဇရစ်ရွက်ကို ချက်စားပေးပါက ချွဲ၊ သလိပ်ထသောရောဂါ၊ ပန်းနာရောဂါတို့ကို သက်သာစေကာ အိပ်မပျော်သူကို အိပ်ပျော်စေနိုင်ပါသည်။ ဇရစ်ရွက်ကို သုပ်စားပေးခြင်းအားဖြင့်လည်း လည်ချောင်းနာဝေဒနာကိုသက်သာစေပါသည်။ ဇရစ်ပင်၏ အရွက်နှင့်ရိုးတံကို အမျိုးမျိုးအဖုံဖုံ နှုတ်မြိန်စေရန် နေရာဒေသအလိုက် အခြားသော ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ပုစွန်တို့ဖြင့် ရောနှော၍လည်း ချက်ပြုတ်စားကြပါသည်။ ယခုလိုမိုးရာသီအချိန်မှာ ဇရစ်ရိုးများ စတင်ပေါ်ထွက်လျှက်ရှိပြီး ဈေးကွက်အတွင်း၌ ဇရစ်ရိုး တစ်စည်းလျှင် (၅၀၀/၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိကြောင်းဈေးကွက်အတွင်းမှသိရှိရပါသည်။

DOCA (မန္တလေး)

 

ဒေသထွက် ကြုတ်ပင်(ရှောက်ဘီလူးပင်)၏အသုံးဝင်ပုံနှင့်စျေးနှုန်းအခြေအနေ

      ကြုတ်ပင်ကို စီးပွားဖြစ်စိုက်ပျိုးနိုင်ပြီး အရွက်အပြင် အသီးများပါ အသုံးဝင်ကြောင်း သိရှိရပါ သည်။ ကြုတ်သီးကိုအဓိကအားဖြင့် ဆေးဖက်ဝင်ပစ္စည်းအနေဖြင့် အဓိကထားသုံးစွဲကြပြီး ခေါင်း လျှော်ရည်များတွင် သုံးစွဲကြသည်။ အဓိကအားဖြင့် ဒေသတွင်းတစ်နိုင်တစ်ပိုင် စိုက်ပျိုးလေ့ရှိပြီး အရွက်မှာလည်း ကျန်းမာရေးအတွက်အသုံးဝင်သောကြောင့် တန်ဖိုးရှိသောအပင်ဖြစ်သည်။ အစာ ကြေ၊ လေနိုင်သောကြောင့် လေထိုးလေအောင့်ဖြစ်သူများစားသုံးသင့်ပြီး ငပိရည်တို့စရာအဖြစ် သုံးစွဲ ကြလေ့ရှိကြပါသည်။ ကြုတ်ရွက်ကို မာဆလာထုတ်ကုန်များတွင် အနံ့ပေါ်လွင်စေရန် နှင့် ဟင်းလျာ များတွင် အနံ့မွေးစေရန် သုံးစွဲလေ့ရှိကြပါသည်။ စျေးကွက်တွင် အရွက်တစ်စည်းလျှင် ကျပ် ၅၀၀ ခန့်ရှိပြီး၊ အသီးတစ်လုံးလျှင် ၃၀၀ ကျပ်ခန့်ရရှိကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

မိတ္ထီလာမြို့ဩဇာသီးဈေးကွက်

     မိတ္ထီလာမြို့ဈေးကြီးအတွင်း ဩဇာသီးများ အရောင်းသွက်လျက်ရှိပါသည်။ ယခုအခါ ဩဇာသီးပေါ်ချိန်ဖြစ်၍ မိတ္ထီလာမြို့အတွင်းသို့ ဩဇာသီးများကို ရှမ်းပြည်နယ်နှင့် အနယ်နယ် အရပ်ရပ် မှဝင်ရောက်လျက်ရှိပါသည်။ ဩဇာသီးပင်များ သည်အပူပိုင်းဒေသ များတွင်ပိုမို ဖြစ်ထွန်း သောအပင်တစ်မျိုးဖြစ်ပါသည်။ ဩဇာသီးတွင် ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါသည်။ ဩဇာသီးသည် အပေါ်ခွံမှာ အဖုအထစ်လေးတွေရှိပြီး အတွင်းမှာ ဖြူဖြူချိုချို အသား လေးနဲ့ အစေ့အနက်ရောင် လေးတွေနှင့် အရသာအလွန်ကောင်းမွန်ပါသည်။ ဩဇာပင်သည် ဩဇာသီးဘဲ စားရခြင်း မဟုတ်ဘဲ အရွက်ရော အပင်အခေါက်ကပါ ဆေးဖက်ဝင်ပါသည်။ ဩဇာသီး၊ ဩဇာရွက်တို့မှာ အနာကျက်စေနိုင်တဲ့ အာနိသင်ရှိပါသည်။ ထိခိုက်ဒဏ်ရာ ရသောအခါ ဩဇာရွက်ကို ခြေပြီး အနာပေါ်ကို အုံတာ ဒါမှမဟုတ် ဩဇာသီးအနှစ်ကို အနာပေါ်ကို အုံပေးခြင်းဖြင့်  ပိုးတွေကို သေစေနိုင်ပြီး အနာကျက်စေဖို့ အကောင်းဆုံး ထောက်ကူ ပေးနိုင်ပါသည်။ ဩဇာရွက်ကို ခြေ၍ ဩဇာရွက်သတ္ထုရေကို ဆားအနည်းငယ်နှင့် သောက်ပေးကမန်းကိုနိုင်စေသည်။ မိမိတို့၏ အိမ်ခြံဝင်းများတွင်လည်း မိသားစု စားသုံးနိုင်ရန်အတွက်လည်းစိုက်ပျိုးလေ့ရှိသည်။ ယခုအခါ မိတ္ထီလာဈေးကွက်အတွင်း၌ ဩဇာသီးတစ်လုံးလျှင် (၅၀၀-၁၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိ ကြောင်း သစ်သီးမျိုးစုံအရောင်းဆိုင်မှ သိရှိရပါသည်။

DOCA (မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း