
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ဆူးပုတ်ရွက်ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ လာရောက်ရောင်း ချခြင်းဖြစ်ကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်ရွက်(၁)စည်းလျှင်(၃၀၀)ကျပ်၊ (၂)စီးလျှင်(၅၀၀)ကျပ် နှင့် (၁၀)စည်းပါ တစ်ထုံးလျှင်(၂၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း အလားတူပင် အဝေရာရွက်ပြုတ် တစ်စည်းလျှင်(၃၀၀)ကျပ်(၂)စည်းလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ယခင်အပတ်ထက် ဆူးပုတ်ရွက် တစ်စည်းလျှင်(၁၀၀)ကျပ်ဈေးနှုန်း မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
