ကျွန်းလှမြို့တွင် ဆူးကံ့ကော်ပျိုးပင်များ စိုက်ပျိုးရောင်းချလျက်ရှိ

Powered by Drupal

         ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် အပိုဝင်ငွေရရှိရန်အတွက်  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့်ပါ ရောင်းချရန်  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။

        ဆူးကံ့ကော်ပင်များကိုတော့ နှစ်ရှည်သီးနှံပင်အဖြစ် မြေကျင်းတူးပြီး စိုက်ပျိုးရသော အပင်ဖြစ်ပြီး ရိုးရိုးနွေဦးကံ့ကော်ပင်လို တစ်ရာသီထဲပွင့်သည့် မျိုးမဟုတ်ဘဲ ၁၂ ရာသီအလိုက်ပွင့်ပြီး  အပွင့်ပိုကြီးပိုလှတဲ့ ဆူးကံ့ကော်ကို ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ် ကျွန်းလှမြို့၏ ရောင်းချနေသော ဆူးကံ့ကော်ပျိုးပင် ဈေးနှုန်းများမှာ ဆူးကံ့ကော်ပျိုးပင် တစ်ပင်လျှင်(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)