ကန့်ဘလူမြို့မဈေးရှိ အမဲသားနှင့် ဝက်သားဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်း မျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဝက်သားများကို ကန့်ဘလူမြို့ရှိ ဝက်သားဒိုင် မှ လက်လီ/လက္ကားရောင်းချပေးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ် အတွင်း  ကန့်ဘလူမြို့မဈေးတွင် ဝက်သားရှယ်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ ဝက်ပေါင်သား (၁)ပိဿာလျှင် (၃၁၀၀၀)ကျပ်၊ နံကိုင်းသား(၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း  အမဲသားဒိုင်တွင် ရောင်းချလျက်ရှိသည့် ဈေးနှုန်းများမှာအမဲသားသန့် (၁)ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ရိုးရိုး(၁)ပိဿာလျှင် (၂၆၀၀၀)ကျပ်ဈေးနှုန်းဖြင့်  လက်လီ/လက္ကားရောင်းချပေးလျက်ရှိကြောင်း ဝက်သား၊ အမဲသားဒိုင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)