ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“နံနံပင်စိုက်ပျိုးခြင်းဖြင့်အပိုဝင်ငွေရရှိ”

   မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ ထိုအထဲတွင်မှ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နံနံပင်ကိုလည်း တောင်သူများမှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပါသည်။ကျွန်မတို့မြန်မာလူမျိုးများသည် နံနံပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပါသည်။ နံနံပင်ကို ဆောင်ရာသီတွင်စိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှုကောင်းပြီး ကျန်ရာသီ များတွင်ရှားပါးပြီးစျေးကောင်းရရှိသောသီးနှံတစ်မျိုးဖြစ်ပါသည်။ နံနံပင်စိုက်ပျိုးရန် အသင့်တော်ဆုံး မြေအမျိုးအစားမှာ ရေမဝပ်သောနှုံးမြေဖြစ်ပြီး ဘောင်များပြုလုပ်၍ စိုက်ပျိုသလို ကြက်သွန်ခင်း၊ ကုလားပဲခင်းများတွင် သီးထပ်သီးညှပ်အဖြစ်လည်းစိုက်ပျိုးကြပါသည်။ နံနံစေ့ မစိုက်ခင်မြန်မြန် အပင်ပေါက်စေရန် ရေတွင်၂၄ နာရီကြာစိမ်ရကြောင်း၊အစေ့ကိုရေမစိမ်မီ ဂုံနီအိတ်ပေါ် တွင်တင်၍ ပုလင်းဖြင့်နှစ်ခြမ်းကွဲသွားစေရန် အသာအယာလှိမ့်ပေးရပါသည်။ရေတွင် ၂၄နာရီကြာ စိမ်ရာ၌ ရေနှစ်ကြိမ်လဲပေးပြီးနောက်ဆယ်ယူ၍စစ်ထားပေးရမည်။အပင်ပေါက်ပြီး ၄၅ရက်ကြာမှ စတင်၍ ခူးယူစားသုံးခြင်း၊‌ရောင်းချခြင်းများပြုလုပ်နိုင်ပါသည်။ယခုအချိန် စျေးကွက်ထဲ၌ နံနံပင်တစ်စည်းလျှင်(၂၀၀-၃၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

“ဇွန်ပန်းတစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိ”

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကိုအဓိက စိုက်ပျိုးကြပြီး၊ ပင်တလည်ကျေးရွာရှိဥယျာဉ်ခြံမြေများပေါ်တွင် နေ့စဉ်ဝင်ငွေရရှိရန်အတွက် ကာလတိုသီးနှံများ ဖြစ်သည့် မုံညင်း၊ဆလပ်၊ခရမ်းသီး၊ရုံးပတီသီးနှင့် ပန်းအမျိုးမျိုးကိုလည်း စိုက်ပျိုးလျှက်ရှိပါသည်။ ဇွန်ပန်းများ သည် တစ်နှစ်ပတ်လုံးဖူးပွင့်သည်ဆိုသော်လည်း နယုန်လမှ တန်ဆောင်မုန်းလ အထိ(၆)လခန့်တွင် အဖူးများလှိုင်လှိုင်ဖူးသဖြင့် ဇွန်ပန်းရာသီဖြစ်ကြောင်း၊ ဇွန်ပန်းများသည် ကျေးလက်နေ အမျိုးသမီးများအတွက် အလုပ်အကိုင်ပေးနေသော ပန်းဟုလည်းဆိုရပေမည်။ တစ်ဧကလျင် ဇွန်ပန်းရုံ(၁၅၀)ရုံခန့် စိုက်ပျိုးနိုင်ကြောင်း၊ ဇွန်ပန်းရုံတစ်ရုံလျင် ပန်းဖူးနို့ဆီဗူး(၂-၃) ဗူးခန့်ထွက်ရှိကြောင်း၊ ဇွန်ပန်းတစ်ဗူးလျင်(၁၂၀၀)ကျပ်ခန့် ရောင်းချရကြောင်း၊ ဇွန်ပန်းရုံ (၅၀)ရုံခန့် စိုက်ပျိုးထားပါက တစ်ရက်လျင်(၁၈၀၀၀၀)ကျပ်ခန့် ဝင်ငွေရရှိကြောင်း၊ တဆင့်ရောင်းချသည့် ပန်းသည်များအနေဖြင့် ပန်းတစ်ဗူးလျင်အပွင့်(၃၀)ပါပန်းကုံး (၄၀)ကုံးခန့် ရရှိကြောင်း၊ ပန်းကုံး (၇)ကုံးလျင်(၅၀၀)ကျပ်ဖြင့် တစ်ရက်လျင်နို့ဆီဗူး(၁၆)ဗူးရောင်းချရသဖြင့် တဆင့်ရောင်းချသူများ အတွက် နေ့တွက်မကအမြတ်ကျန်ကြောင်း၊ ဇွန်ပန်းစိုက်တောင်သူများအနေဖြင့် ပန်းဒိုင်များမှ အိမ်အထိလာရောက်ဝယ်ယူသဖြင့် နေ့စဉ်ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း၊ဇွန်ပန်းစိုက် တောင်သူတစ်ဦးထံမှသိရှိရပါသည်။

DOCA(မန္တလေး)

“‌ဂွေးပင်စိုက်ပျိုးဝင်ငွေတိုး”

   ကျောက်ဆည်ခရိုင်သည် မြေဆီမြေလွှာကောင်းမွန်သော ဒေသတစ်ခုဖြစ်ပြီး ရာသီပေါ်သီးနှံ မျိုးစုံများစိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံဖြစ်သည့် ဂွေးပင်ကိုလည်းစိုက်ပျိုးလျှက်ရှိရာ မိသားစု အပိုဝင်‌ငွေရရှိသည့် ရာသီမရွေးစိုက်ပျိုးပြီး ရာသီမရွေးစားသုံးနိုင်သည့် စျေးကွက်ဝယ်လိုအားရှိသည့် ဂွေးပင်များကို တိုးချဲ့စိုက်ပျိုးလာကြပါသည်။စိုက်ပျိုးမှုအများဆုံးအနေဖြင့် တစ်နှစ်ပတ်လုံးသီးသော ဂွေးပင်အမျိုးအစားကို အများဆုံးစိုက်ပျိုးကြကြောင်း၊ဂွေးပင်(၁)ဧက စိုက်ပျိုးလျှင် အပင်ရေ(၅၀-၆၀) အထိစိုက်ပျိုးနိုင်ကြောင်း၊ ဂွေးပင်ဝယ်ယူစိုက်ပျိုးလျှင် ပျိုးပင်အနေဖြင့် တစ်ပင်လျှင် အပင် အရွယ် အစားပေါ်မူတည်ပြီး(၂၀၀၀-၄၅၀၀)ကျပ်အထိရှိပြီး ဂွေးပင်စိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မိသားစုလုပ်အားမပါ(၇၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အများဆုံး စိုက်ပျိုး သော ရွာများမှာ ပင်တလယ်ရွာ၊ကျောက်ခုံရွာနှင့်ပေါင်လောင်ရွာများတွင် စိုက်ပျိုးကြပြီး (၁)ဧက ဂွေးသီး အထွက်နှုန်း အနေဖြင့် တစ်ပင်လျှင် ဂွေးသီး(၃၀၀)လုံးခန့်သီးကြောင်း ၊ အလုံးပေါင်း(၁၅၀၀)ခန့်အထိ သီးကြောင်း၊ (၁၀)လုံးလျှင် ပျမ်းမျှစျေး (၂၅၀/-)ကျပ်ခန့်ရောင်းရကြောင်း၊ ရာသီချိန်ပေါ်မူ တည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊စျေးကွက်အနေဖြင့် အချဉ်ပေါင်း ရောင်းသူများမှ ခြံထဲအထိလာရောက်ဝယ်ယူ ကြပြီး ပွဲစားများမှတဆင့် ကုန်စိမ်းရောင်းချသူများထံသို့ ပြန်လည် ရောင်းချကြကြောင်းသိရှိရပါသည်။ ဂွေးသီးသည် ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်ကြောင်း၊  အရည်ရွှမ်းပြီး  အမျှင်ဓာတ်တွေကြွယ်ဝစွာ ပါဝင်တဲ့အသီးဖြစ်သလို သွေးလည်ပတ်မှုကို ကောင်းမွန် ကြောင်း၊ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသောအသီးဖြစ်၍ စားသုံးသင့်ကြောင်း၊  ဂွေးသီးပင်သည်  နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံးဝင်ငွေရရှိပြီး အကျိုးအမြတ်များရရှိကြောင်း၊ ဂွေးသီးပင် ခြံပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

၁၈.၉.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

    ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၁၈.၉.၂၀၂၅ ရက်နေ့ရှိ ပဲအမျိုးအစားအလိုက်လက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၇၅၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၁၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၆၀၀၀၀ ကျပ် ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၅၅၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခုတစ်ပတ်တွင် မြေပဲ၊နှမ်းဖြူ၊နှမ်းနက်၊ပဲပုတ် လက်ကျန်စာရင်းမှာ ယခင်တစ်ပတ်အတိုင်း ပြောင်းလဲမှုမရှိပါကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

     ၁.၉.၂၀၂၅ ရက်နေ့တွင် ဖျာပုံမြို့နယ်မှ ရွှေမေတ္တာသင်္ဘောဖြင့် ကြားပျံ(၁၉၉၅) အိတ်၊ ပေါ်ကျွဲ(၅၀၂) အိတ် ၊ဧည့်မထ(၂၄၅၀) အိတ်၊ ဆန်ကွဲ(၁၄၅၅) အိတ်၊ ဘိုကလေးမြို့နယ်မှ ပြည့်ဖြိုးမောင်သင်္ဘောဖြင့် ကြားပျံ(၁၁၃) အိတ်၊  ပေါ်ဆန်း (၁၃၄) တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။သို့ရာတွင် ရန်ကုန်မြို့သို့ ကြားပျံ(၂၁၀၈) အိတ်၊ ပေါ်ဆန်း(၁၃၄) အိတ်၊ ပေါ်ကျွဲ(၅၀၂) အိတ်၊ ဧည့်မထ(၂၄၅၉) အိတ်၊ ဆန်ကွဲ(၁၄၅၅) အိတ်၊ စုစုပေါင်းဆန် အိတ်ပေါင်း(၆၆၄၉) အိတ် တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

      ၁၁.၉.၂၀၂၅ ရက်နေ့တွင် ဘိုကလေးမြို့နယ်မှ အောင်ချမ်းသူသင်္ဘောဖြင့် ကြားပျံ(၂၅၀) အိတ်၊ ပေါ်ဆန်း(၂၀၀) အိတ်၊ ပေါ်ကျွဲ(၂၂၀) အိတ် ၊ဧည့်မထ(၅၀၀) အိတ်၊ ဆန်ကွဲ(၅၆၅) အိတ်၊ ထိန်လင်းရတနာသင်္ဘောဖြင့်   ပေါ်ဆန်း (၆၉၁) အိတ်၊ပေါ်ကျွဲ(၂၂၀)အိတ်၊  ဧည့်မထ(၁၅၁၄) အိတ်၊ ဆန်ကွဲ(၁၂၁) အိတ်၊ မော်ကျွန်းမြို့နယ်မှ ရွှေမော်ကျွန်းသင်္ဘောဖြင့် ကြားပျံ(၁၀၀) အိတ်၊ ပေါ်ဆန်း (၂၁၀၀) အိတ်၊ပေါ်ကျွဲ(၂၀၀) အိတ်၊ ဧည့်မထ (၂၈၈၄) အိတ်၊ ဆန်ကွဲ(၉၂၄) အိတ်၊ လပ္ပတ္တာမြို့မှ ဇော်မြင့်မြတ်သင်္ဘောဖြင့်  ပေါ်ဆန်း (၆၉၆) အိတ်၊ ပေါ်ကျွဲ (၁၁၂) အိတ်၊ ဆန်ကွဲ (၁၃၆) အိတ်၊ တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 

          သို့ဖြစ်ပါ၍ ရန်ကုန်မြို့သို့ ကြားပျံ(၃၅၀) အိတ်၊ ပေါ်ဆန်း(၃၆၈၇) အိတ်၊ ပေါ်ကျွဲ(၇၅၂) အိတ်၊ ဧည့်မထ(၄၈၉) အိတ်၊ ဆန်ကွဲ(၁၇၄၆) အိတ် တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

     ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၉.၉.၂၀၂၅) မှ (၁၅.၉.၂၀၂၅) နေ့ထိ ဆန်ဝင်ရောက် မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ကြားပျံ (၁၄၁၆၅) အိတ်၊ ပေါ်ဆန်းမွှေး (၂၄၆၂၃) အိတ်၊ ပေါ်ကျွဲ (၁၀၄၅၅) အိတ်၊ ဧည့်မထ (၁၀၈၈၉၁) အိတ်၊ ဆန်ကွဲ (၁၆၂၉၅) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၇၃၀၈) အိတ် နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၂၇၄၈၈) အိတ်၊ ငစိန် (၁၆၄၅) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ် ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံ မြို့နယ်များ မှ ဧည့်မထ (၂၃၁၁၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ညောင်တုန်းမြို့နယ်တွင် ဆင်းသုခ စပါး ရိတ်သိမ်းထွက်ရှိ

   မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊ ကျုံတမာကျေးရွာအုပ်စု ၊ချောင်းဝ ကျေးရွာတောင်သူ ဦးခင်ဦး၏လယ်မြေတွင် စိုက်ပျိုးသော ဆင်းသုခစပါး(၄)ဧက ရိတ်သိမ်းမှုအား‌ စားသုံးသူရေးရာ ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှုးတို့နှင့်အတူ ကွင်းဆင်းလေ့လာခဲ့ကြသည်။

   ရိတ်သိမ်းထွက်ရှိနေသော ဆင်းသုခ စပါးဈေးနှုန်းအခြေအနေများကို လေ့လာသုံးသပ်ခဲ့ရာ အစိုဓါတ် ၃၅ရာခိုင်နှုန်း ပါဝင်သည့် ၅၀ပေါင်ကိုက် စပါးတင်း ၁၀၀ ကွင်းဈေးအနေဖြင့် (၁၀)သိန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း၊ အစိုးဓါတ် ၁၄ရာခိုင်းနှုန်း ထိ လျော့နည်းမည်ဆိုပါက တင်း၁၀၀ ဈေး ၅၀ပေါင်ကိုက် ၁၀၇၅၅၀၀ ဈေးရရှိကြောင်း၊ မြို့ပေါ်သယ်ယူစရိတ် ၁၀၀၀၀၀ကျပ်၊ အခြောက်ခံစရိတ် ၁၂၀၀၀၀ကျပ်၊ စုစုပေါင်း ၂၂၀၀၀၀ ကုန်ကျကြောင်း၊ စပါး ၄၆ပေါင် တင်း ၁၀၀ စက်အရောက်ဈေးအနေဖြင့် ၁၁၉၂၀၀၀ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကွင်းဈေးအနေဖြင့် ၉၉၀၀၀၀ကျပ် ဈေးပေါက်လျက်ရှိကြောင်း၊ လက်ရှိတွင် စပါးဈေးတည်ငြိမ်မှု မရှိသေးပဲ အနည်းငယ်ကျဆင်းချက်ရှိကြောင်း၊ စပါးလှိုင်လှိုင်ထွက်ပေါ်ပါက  ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်ကြောင်း၊ တောင်သူ ဦးခင်ဦး၏ ၄ဧကတွင် စပါးအထွက်နှုန်း ၈၅ ရာခိုင်နှုန်းထွက်ရှိကြောင်း နယ်မြေကွင်းဆင်းချက်များအရ သိရသည်။

DOCA(ဧရာဝတီ)

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

      ၁၅.၉.၂၀၂၅ ရက်နေ့တွင် ဖျာပုံမြို့နယ်မှ ရွှေမေတ္တာသင်္ဘောဖြင့် ပေါ်ဆန်း(၂၅၅၀) အိတ်၊  ဧည့်မထ(၃၅၅၀)အိတ်၊ ဆန်ကွဲ(၄၀၀) အိတ်၊ ဝါးခယ်မမြို့နယ်မှ ရွှေစန္ဒာလင်းသင်္ဘောဖြင့်   ပေါ်ဆန်း (၁၉၀) အိတ်၊ ဧည့်မထ(၂၉၀၀) အိတ်၊ ဆန်ကွဲ(၂၄၃) အိတ်၊ ထွန်းရတနာအောင်သင်္ဘောဖြင့် ပေါ်ဆန်း(၁၀၀) အိတ်၊ဧည့်မထ (၂၉၅၅) အိတ်၊ ဆန်ကွဲ(၃၅၀) အိတ်၊ ဘိုကလေးမြို့မှ စိန်သလ္လာ အောင်သင်္ဘောဖြင့်  ကြားပျံ(၁၉၉၉) အိတ်၊ ပေါ်ဆန်း (၅၅၂၃) အိတ်၊ ပေါ်ကျွဲ (၂၄၉) အိတ်၊ ဆန်ကွဲ (၈၄၀) အိတ်၊ ဒေးဒရဲမြို့မှ ကားဖြင့် ကြားပျံ(၈၀၆) အိတ်၊ ပေါ်ဆန်း(၆၈၅) အိတ်၊ ပေါ်ကျွဲ(၁၈၂) အိတ်၊ ဆန်ကွဲ(၁၄၇) အိတ်၊ ကျိုက်လတ်မြို့မှ ကားဖြင့် ပေါ်ဆန်း၉၁၃၀၀) အိတ်၊ ပေါ်ကျွဲ(၈၅၀) အိတ်၊ ဧည့်မထ(၄၇၀၀) အိတ်၊ ဆန်ကွဲ(၇၀၀) အိတ်တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

       ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၁၃.၉.၂၀၂၅) မှ (၁၄.၉.၂၀၂၅) နေ့ထိ ဆန်ဝင်ရောက် မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ကြားပျံ (၇၉၆၇) အိတ်၊ ပေါ်ဆန်းမွှေး (၁၈၇၉၉) အိတ်၊ ပေါ်ကျွဲ (၃၆၀၂) အိတ်၊ ဧည့်မထ (၇၉၉၉၁) အိတ်၊ ဆန်ကွဲ (၉၇၇၇) အိတ်ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၄၈၉၉) အိတ် နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၁၉၃၆၁) အိတ်၊ ငစိန် (၁၂၉၉) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ် ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံ မြို့နယ်များ မှ ဧည့်မထ (၁၈၂၀၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း