ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုသိမ်မြို့အတွင်း ဂေါ်ဖီထုပ် ဈေးနှုန်းအနည်းငယ်ကျဆင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အတွင်း ဂေါ်ဖီထုပ်ဈေးနှုန်းများ သိသိသာသာ ကျဆင်းလျက် ရှိကြောင်း ပုသိမ်မြို့မှ ဟင်းသီးဟင်းရွက် ရောင်းချသူများထံမှ သိရသည်။ ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ် မှ အဓိက တင်သွင်းရောင်းချလျက်ရှိပြီး ယခင်ရက်များက တစ်ပိဿာလျှင် ကျပ် (၂၀၀၀) ဝန်းကျင်အထိ ဈေးနှုန်းရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း တစ်ပိဿာလျှင် ကျပ် (၈၀၀) မှ (၁၀၀၀) ဝန်းကျင်အထိသာ ဈေးနှုန်းရှိကြောင်း သိရသည်။

"ရှမ်းပြည်နယ်က ဂေါ်ဖီထုပ်တွေ အများကြီးဝင်လာတော့ ဈေးကွက်ထဲမှာ ဂေါ်ဖီထုပ်တွေ ပေါနေ တယ်။ အရင်က တစ်လုံးကို ၁၅၀၀ လောက်ထိ ရောင်းရတယ်။ အခုတော့ ၅၀၀ ကနေ ၈၀၀ လောက်ပဲ ရောင်းရတော့တယ်" ဟု ပုသိမ်မြို့မှ ဟင်းသီးဟင်းရွက် ရောင်းချသူ တစ်ဦးက ပြောသည်။ ဂေါ်ဖီထုပ် ဈေးနှုန်းကျဆင်းမှုကြောင့် ဝယ်ယူစားသုံးသူများအတွက် အဆင်ပြေစေသော်လည်း ရောင်းချသူများ အတွက် အရှုံးပေါ်ကာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့နယ်ရှိ ဖရဲသီးဈေးကွက်

ပုသိမ်မြို့သည် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်ပြီး၊ စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကား သော ဒေသဖြစ်သည်။ ဖရဲသီးသည် ပုသိမ်မြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင် စိုက်ပျိုးမှု များပြားပြီး၊ ရာသီအလိုက် ထွက်ရှိသောကြောင့် ဈေးကွက်တွင် များပြားမှုရှိပါသည်။ ပုသိမ်မြို့နှင့် အနီးပတ်ဝန်းကျင် ဒေသ များတွင် ဖရဲသီးကို စိုက်ပျိုးမှု များပြားပြီး၊ အဓိကအားဖြင့် မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးကြပါသည်။ ဖရဲသီးစိုက်ပျိုးရာတွင် ရေသွင်းစိုက်ပျိုးနည်းစနစ်များ အသုံးပြုပြီး၊ မျိုးစေ့ရွေးချယ်မှု နှင့် စိုက်ပျိုးနည်းစနစ်များ ကောင်းမွန်စေရန် ကြိုးပမ်းလျက်ရှိပါသည်။ ဖရဲသီးကို လတ်လတ်ဆတ်ဆတ် စားသုံးခြင်းအပြင်၊ ဖျော်ရည်များ၊ ရေခဲမုန့်များတွင် အသုံးပြုကြပါသည်။ ဖရဲသီးသည် ရေဓာတ်ပြည့်ဝပြီး၊ ဗီတာမင်အေနှင့် စီတို့ ကြွယ်ဝသောကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။

ပုသိမ်မြို့တွင် ဖရဲသီးများကို ဈေးကွက်တွင် တွေ့ရှိရသည့် အဓိကနေရာများမှာ ပုသိမ်ဗဟိုဈေး၊ ကျေးရွာဈေးများနှင့် လမ်းဘေးဈေးသည်များတွင် ဖြစ်သည်။ ဖရဲသီးများကို လတ်လတ်ဆတ်ဆတ် ရောင်းချသလို၊ ဖျော်ရည်များ ပြုလုပ်ရောင်းချသည့် ဈေးသည်များလည်း ရှိသည်။ ဖရဲသီးဈေးနှုန်း များသည် ရာသီအလိုက် ပြောင်းလဲမှုရှိပြီး၊ စိုက်ပျိုးထုတ်လုပ်မှုပေါ်တွင်လည်း မူတည်သည်။ ပုံမှန်အားဖြင့် အလုံးသေး (၁) လုံးလျှင် ၃၅၀၀/၄၀၀၀ ၊ အလုံးကြီး (၁) လုံးလျှင် ၈၀၀၀/၁၀၀၀၀ ကျပ်အထိ ဈေးနှုန်း ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဩဇာသီးဈေးကွက်

ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွန်းကားသော ဒေသဖြစ်ပြီး၊ ဩဇာသီး ကို ဒေသတွင်းတွင် စိုက်ပျိုးမှု အနည်းငယ်ရှိသော်လည်း၊ အများစုမှာ အခြားဒေသများမှ တင်ပို့ရောင်းချ နေခြင်း ဖြစ်သည်။ ဩဇာသီးသည် ကျန်းမာရေးအတွက် အထောက်အကူပြုပြီး၊ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသောကြောင့် လူကြိုက်များသော သစ်သီးတစ်မျိုးဖြစ်သည်။ ဩဇာသီးများကို အဓိကအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ တင်ပို့လာခြင်း ဖြစ်သည်။ ထိုဒေသများတွင် ဩဇာသီးစိုက်ပျိုးမှု များပြားပြီး၊ ရာသီအလိုက် ထွက်ရှိ သောကြောင့် ဖြစ်သည်။ ဩဇာသီးများကို လတ်လတ်ဆတ်ဆတ် ရောင်းချသလို၊ ခြောက်သွေ့အောင် ပြုလုပ်ပြီး ရောင်းချသည့် ဈေးသည်များလည်း ရှိသည်။

ဩဇာသီးကို လတ်လတ်ဆတ်ဆတ် စားသုံးခြင်းအပြင်၊ ဖျော်ရည်များ၊ ခြောက်သွေ့အောင် ပြုလုပ်ပြီး စားသုံးခြင်း၊ ဆေးဖက်ဝင်အဖြစ် အသုံးပြုခြင်းများလည်း ရှိသည်။ ဩဇာသီးသည် ကျန်းမာရေး အတွက် အထောက်အကူပြုပြီး၊ ဗီတာမင်စီ၊ သံဓာတ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝ သောကြောင့် လူကြိုက်များလာသည်။ ဩဇာသီးသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး စားသုံးမှုများပြားလာသည်နှင့်အမျှ ဈေးကွက်တွင် ပိုမိုတွင်ကျယ်လာမည်ဟု မျှော်လင့်ရပါသည်။ ထို့ပြင်ဩဇာသီးဈေးနှုန်းများသည် ရာသီ အလိုက် ပြောင်းလဲမှုရှိပြီး၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ပေါ်တွင်လည်း မူတည်သည်။ ပေါ်ဦး ပေါ်ဖျားချိန်တွင် (၁) လုံးလျှင် (၃၀၀၀) ကျပ်အထိ ဈေးကောင်းရလျက်ရှိပြီး ပုံမှန်ချိန်တွင်  (၁) လုံးလျှင် ၇၀၀/၁၀၀၀ ကျပ်အထိ ဈေးနှုန်းရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးအတွင်း စတော်ဘယ်ရီသီးဈေးကွက်

ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကားသော ဒေသဖြစ်သည်။ သို့သော် စတော်ဘယ်ရီသီးကို ဒေသတွင်းတွင် စိုက်ပျိုးမှု နည်းပါးပြီး အများစုမှာ အခြားဒေသများမှ တင်ပို့ရောင်းချနေခြင်း ဖြစ်ပြီး အဓိကအားဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း (ပြင်ဦးလွင်၊ နမ္မတူ) နှင့် ချင်းပြည်နယ်တို့မှ တင်ပို့ခြင်း ဖြစ်ပါသည်။ ထိုဒေသများတွင် ရာသီဥတု အေးမြပြီး စတော်ဘယ်ရီစိုက်ပျိုးရန် သင့်တော်သောကြောင့် ဖြစ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း စတော်ဘယ်ရီသီးများကို ဈေးကွက်တွင် တွေ့ရှိရသည့် အဓိက နေရာများမှာ ပုသိမ်မြို့၊ ဟင်္သာတမြို့၊ မြောင်းမြမြို့ စသည့် မြို့ကြီးများတွင် ဖြစ်သည်။ စတော်ဘယ်ရီသီး များကို လတ်လတ်ဆတ်ဆတ် ရောင်းချသလို၊ ရေခဲပုံးများဖြင့် သယ်ယူရောင်းချသည့် ဈေးသည်များ လည်း ရှိပါသည်။

စတော်ဘယ်ရီသီးဈေးနှုန်းများသည် ရာသီအလိုက် ပြောင်းလဲမှုရှိပြီး၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ပေါ်တွင်လည်း မူတည်သည်။ ပုံမှန်အားဖြင့် ၁ ပိဿာလျှင် ၁၅,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထိ ဈေးနှုန်းရှိပါသည်။ စတော်ဘယ်ရီသီးကို လတ်လတ်ဆတ်ဆတ် စားသုံးခြင်းအပြင်၊ ဖျော်ရည် များ၊ ကိတ်မုန့်များ၊ ရေခဲမုန့်များတွင် အသုံးပြုကြသည်။ ထို့အပြင် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိသော စတော်ဘယ်ရီသီးကို လူကြိုက်များလာသည်နှင့်အမျှ ဈေးကွက်တွင် ဝယ်ယူမှုများ တဖြည်းဖြည်း တိုးတက်လာကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မတ်ပဲ၊ ပဲတီစိမ်း ဈေးနှုန်းဈေးကွက် အခြေအနေ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် စားသုံးသူရေးရာဦးစီး ဌာနမှ ဝန်ထမ်းများသည် ကျုံပျော်မြို့နယ်၊ ပဲ၊ နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌနှင့် သွားရောက် တွေ့ဆုံ၍ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပတ်သတ်၍ ဈေးနှုန်းဈေးကွက်အခြေအနေများအား လေ့လာစုံစမ်းခဲ့ ပါသည်။

          ကျုံပျော်မြို့နယ် ပဲ၊ နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌမှ ယခုနှစ်တွင် လက်ရှိဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ မတ်ပဲ (၁) တင်းလျှင် (၉၆၅၀၀) ကျပ်မှ (၉၇၀၀၀) ကျပ်နှင့် ပဲတီစိမ်း (၁) တင်းလျှင် (၁၁၀၀၀၀) ကျပ်မှ (၁၁၂၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ ရန်ကုန်ပွဲရုံအရောက်တွင် မတ်ပဲ (၁) တင်းသည် (၉၉၂၀၀) ကျပ်နှင့် ပဲတီစိမ်း (၁) တင်းလျှင် (၁၂၀၀၀၀) ကျပ်ထိ တင်ပို့နေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့အတွင်း ဖရဲသီးဈေးကွက်အခြေအနေ

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဖရဲသီးအများအပြားရောင်းချလျက်ရှိပါသည်။ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဆောင်းစပါးစိုက်ပျိုး၍မရသော မြေပေါ်တွင် ကိုင်းသီးနှံအဖြစ် ဝါးဒူး ကျေးရွာ နှင့် ကျောင်းကုန်းဒေသဘက်မှ အများဆုံးစိုက်ပျိုးကြပြီး ယိုးဒယားဖရဲသီးနှင့် မြန်မာဖရဲသီးဟူ၍ ရောင်း ချလျက်ရှိပါသည်။ ယိုးဒယားဖရဲသီးမှာ မျိုးစေ့ကိုယူ၍ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။

          ဖရဲသီးသည် အရည်ရွှမ်း၍ အချိုတည်းစားသုံးရန် နွေရာသီ၏ ရာသီဓာတ်စာတစ်ခုအဖြစ် အသုံးဝင်သည့် အသီးတစ်မျိုးဖြစ်ပါသည်။ ဈေးနှုန်းမှာ အရွယ်အစားအပေါ်မူတည်၍ ၃၀၀၀၊ ၅၀၀၀၊ ၇၀၀၀၊ ၁၀၀၀၀ ကျော်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရာသီပေါ်ကြံရည်နှင့် ကြံဈေးကွက်

          ပူပြင်းသောနွေရာသီ ကာလကို အမှီပြု၍ ကြံပင်များစိုက်ပျိုးထားကြပြီး ကြံအမျိုးအစား သုံးမျိုးရှိပြီး အဖြူ၊ အနီ၊ အဝါ ဟူ၍ ဖြစ်ကြောင်း သိရပါသည်။ ဒေသစိုက်ပျိုးကာလအနေဖြင့် ကဆုန်၊ နယုန်လတို့တွင် စိုက်ပျိုးပြီး နတ်တော်၊ ပြာသိုလများတွင် ကြံပင်များကိုခုတ်ပြီး အတိုအရှည်ခွဲ၍ သုံးထောင့်ထွာ (၁၀) ချောင်းစီး (၁) စီး ဆိုလျှင် ကျပ် (၆၀၀၀) နှင့် ကျပ် (၈၅၀၀) ဈေးရှိကြောင်း၊ ယခင်နှစ်တွင် ကျပ် (၅၅၀၀) ကျပ် ရှိပြီး၊ လေးထောင့်ထွာ (၁၀) ချောင်းစီး’ (၁) စီးဆိုလျှင် ကျပ် (၈၀၀၀) နှင့် ကျပ် (၁၂၀၀၀) ရှိပါသည်။ တန်ခူးလဆိုလျှင် ကြံရာသီကုန်တော့မည်ကိုလည်း သိရှိရပါသည်။

          ကြံစိုက်ပျိုးမှုသည် စိုက်ပျိုးသူ၊ ရောင်းချသူ တွက်ခြေကိုက်သော သီးနှံတစ်မျိုးဖြစ်ကြောင်း ကြံစိုက်ပျိုးသူထံမှ သိရှိရပြီး သုံးထောင့်ထွာ ကြံ(၁)ချောင်းကြိတ်လျှင် ကြံရည် (၂) ခွက်ခွဲ (သို့မဟုတ်) ၃ ခွက် ရရှိပြီး ကြံရည်တစ်ခွက်လျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကွမ်းသီးဈေးနှုန်းဈေးကွက်

          ကန်ကြီးထောင့်မြို့နယ်၏ ကွမ်းသီးဈေးနှုန်းမှာ ယခု မတ်လတွင် ဈေးနှုန်းအနည်းငယ် တက်လျက်ရှိကြောင်း သိရသည်။ ကွမ်းသီးအဖြူ (၁) ပိဿာလျှင် (၁၉၅၀၀) ကျပ်၊ ကွမ်းသီး အနီ (၁) ပိဿာလျှင် (၁၈၀၀၀) ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန်ကြီးထောင့်ဈေးအတွင်းရှိ ကွမ်းယာပစ္စည်းမျိုးစုံရောင်းဝယ်ရေးဆိုင်မှ သိရပါသည်။

          ယခင် ဖေဖော်ဝါရီလတွင် ကွမ်းသီးဖြူ (၁) ပိဿာလျှင် (၁၇၅၀၀) ကျပ် ကွမ်းသီး အနီ(၁) ပိဿာလျှင် ၁၆၅၀၀ ကျပ် ယခုမတ်လနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မုန့်လက်ဆောင်း

          မုန့်လက်ဆောင်းသည် တစ်နှစ်ပတ်လုံးရနိုင်သည့်ဟုဆိုသော်လည်း ယခုလိုဆောင်းအကုန်၊ နွေအကူး ကာလသို့ ရောက်လျှင် မုန့်လက်ဆောင်းများရောင်းအားကောင်းလာသည်ကို တွေ့ရပါသည်။ မုန့်လက်ဆောင်းသည် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုနဲ့အလိုက်ဖက်ဆုံး မုန့်တစ်မျိုးဖြစ်သလို သောက်လိုက်ရင်လည်း ရင်ထဲအေးပြီး အမောပြေစေပါသည်။

          မုန့်လက်ဆောင်းခွက်သေး(၁) ခွက်လျှင် (၅၀၀) ကျပ်နှင့် မုန့်လက်ဆောင်းခွက်ကြီး (၁) ခွက်လျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။ မုန့်လက်ဆောင်းကို ထန်းလျက်၊ သကြား၊ အုန်းသီး၊ ရေခဲ တို့ဖြင့် ပြုလုပ်ရကြောင်း၊ မုန့်လက်ဆောင်းကို အထမ်းများးဖြင့်လှည့်ပြီး ရောင်းချသလို လမ်းဘေးတွင်ဈေးဆိုင်များဖြင့်လည်း ရောင်းချကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော သခွားမွှေးသီးဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် သခွားမွှေးသီးများ ရောင်းချလျက်ရှိကြောင်း၊ သခွားမွှေးသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ လည်းကောင်း၊ ရွှေဘိုမြို့သစ်သီးလက်လီ၊လက္ကားဆိုင်များမှလည်းကောင်း ဝယ်ယူရောင်းချလျက် ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

          ၂၀၂၅ ခုနှစ် ၊ မတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချ လျက်ရှိသော သခွားမွှေးသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ သခွားမွှေးသီး အလုံးကြီး(၁)လုံးလျှင် ၄၀၀၀ကျပ်၊ သခွားမွှေးသီးအသေး(၁)လုံးလျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း၊ သခွားမွှေးသီးသည် ရာသီပေါ်အသီးတစ်မျိုးဖြစ်ပြီး လူကြိုက်များကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း