
တန်ဆောင်မုန်းလအတွင်းသို့ ရာသီစာကန်စွန်းဥများ ဝင်ရောက်မှုများပြီး၊ အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်တို့မှ ထွက် သည့် ကန်စွန်းဥများ ဝင်ရောက်မှုများပြား ပြီး၊ကျန်ဒေသများမှလည်းဝင်ရောက်ကြောင်း သိရှိရပါ သည်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ကန်စွန်းဥအများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ကန်စွန်းဥအတွင်းသားမှာ ငချိတ် ရောင်၊အဖြူရောင်၊ခရမ်းရောင်၊လိမ္မော်ရောင်နှင့်အဝါနုရောင်တို့မှာ စျေးကွက်အတွင်းအများဆုံး တွေ့ ရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမ ပတ်အတွင်း ရောင်းချသည့် ကန်စွန်းဥ တစ်ပိဿာ လက္ကား စျေးမှာ (ငချိတ်ရောင်)၃၅၀ဝကျပ် မှ ၃၇၀ဝ ကျပ်၊ (လိမ္မော်ရောင်) ၂၅၀၀ကျပ်၊ ၃၀၀၀ကျပ်၊လက်လီစျေး(ငချိတ်ရောင်)၄၀၀ဝိ/-မှ၅၀၀ဝိ/-၊ (လိမေ္မာ်ရောင်)၃၅၀၀ ကျပ်နှင့် ၃၈၀၀ကျပ် တို့ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်တွင် တန်ဆောင်မုန်းလပြည့်ကျော်ကာလ ရာသီ စာကန်စွန်းဥမှာ စျေးနှုန်းချိုပြီး၊ အရောင်းသွက်သည့်သီးနှံတစ်မျိုးဖြစ်ကြောင်း ကန်စွန်းဥရောင်းချသူတစ်ဦးထံမှ သိရပါသည်။
DOCA(မန္တလေး)
