ထန်းလျက်စျေးအနည်းငယ်မြင့်တက်

Powered by Drupal

             မန္တလေးမြို့စျေးကွက်အတွင်းသို့တံတားဦးမြို့နယ်၊ကျောက်ပန်းတောင်းမြို့နယ်နှင့်ညောင်ဦး မြို့နယ်တို့မှ ထွက်ရှိသည့်ထန်းလျက်များ အမျိုးအစားအလိုက် ပေါက်ဈေးအမျိုးမျိုးဖြင့် ရောင်းချ လျက်ရှိပြီး ဝင်ရောက်မှုလျော့နည်းသည့်အတွက် စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရ ပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်းဖြစ်ပေါ်နေသည့်ထန်းလျက် လက်လီတစ်ပိဿာ ပေါက်စျေးများမှာ ထန်းလျက်(လုံးသေး) ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ အုန်းထန်းလျက် ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-၊ နို့ထန်းလျက်  ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-၊ ဆီးထန်းလျက် ၉၀၀ဝိ/-နှင့် ၁၀၀၀ဝိ/-၊နှမ်းထန်းလျက် ၁၁၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊မြေပဲထန်လျက် ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း ထန်းလျက်ဝင်ရောက်မှု အနည်းငယ်လျော့ကျပြီး၊ စျေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)