ကျွန်းလှမြို့တွင် ရောင်းချနေသော ခါကြက်ဥ နှင့် မုန့်ညှင်ထုတ်ဈေးနှုန်း

ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိပြီး ကင်မုံသီး၊ ကြက်ဟင်းခါးသီး နှင့် ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ဈေးကွက်သို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ စတုတ္ထအပတ်၌ ရောင်းချနေသော ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်ဥ)တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း မုံညှင်း ထုတ် ဈေးနှုန်းအနေဖြင့် မုံညှင်းထုတ် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရှိရပါသည်။
DOCA (စစ်ကိုင်း)









