ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသော ကြိတ်ခေါက်ဆွဲဈေးနှုန်းများ

           ရွှေဘိုမြို့ရှိဈေးများတွင် စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သည့်  ကြိတ်ခေါက် ဆွဲကို ရောင်းချလျက်ရှိရာ ရွှေဘိုမြို့အပြင် အခြားကျေးရွာများမှလည်း ဝယ်ယူကြကြောင်း၊ ကြိတ် ခေါက်ဆွဲကို အလှူပွဲ၊ မွေးနေ့ပွဲ၊ ဘုရားပွဲများ၊ နေ့စဉ်စားသုံးသည့် စားသုံးသူများသာမက ဆိုင်ကယ် ဖြင့်ရောင်းချသည့် ဈေးသည်များမှလည်း ဝယ်ယူရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာ လ(ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော ကြိတ်ခေါက်ဆွဲဈေးနှုန်းများမှာ (၂၅)ကျပ်သားလျှင် (၂၀၀ဝိ/-) ကျပ်၊ (၁)ပိဿာဝယ်ယူလျှင် (၈၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ဈေးဟောင်းရှိ ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီး များကို  မိမိတို့နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ ပေါ်ရှိ ဈေးဟောင်းနှင့်ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချ လျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၄၀၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၄၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့ဒေသထွက် အာဒါလွတ်ဥစျေးနှုန်းစျေးကွက်

    အာဒါလွတ်ဥသည် အပူပိုင်းဒေသများတွင် သဘာဝအလျောက်ပေါက်ရောက်သော သစ်ဥသစ်ဖုတစ်မျိုးဖြစ်ပြီးအာတာလွတ်ဥကို   စိုက်ပျိုးလို့ရကြောင်း သိရှိရသည်။ အာဒါလွတ် ပင်သည် တစ်နှစ်ပတ်လုံး မိုးရေချိန်မျှတစွာရရှိ၍ ရေသွင်းရေထုတ်ကောင်းမွန် သော နုန်းဆန် သော မြေမွမျိုးတွင် ကောင်းမွန်စွာ ရှင်သန်ကြီးထွားကြပါသည်။ စိုက်ပျိုးပြီး ၈ လမှ ၁၀ လ အကြာတွင် အာတာလွတ်ဥများကို ရိတ်သိမ်းနိုင်ကြောင်း သိရှိရသည်။

     အာတာလွတ်မှုန့်တွင် ဘီစကွတ်နှင့် ကွတ်ကီးများပြုလုပ်ရန်အတွက် အ‌ကောင်းဆုံး ပါဝင်ပစ္စည်းများပါရှိသဖြင့် အပြည်ပြည်ဆိုင်ရာ‌‌ဈေးကွက်တွင်လည်း ဈေး‌ကောင်းရလျက်ရှိပါ သည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလပထမအပတ်တွင် မြိတ်မြို့ရှိစျေးများ၌ ရောင်းချနေ သော အာဒါလွတ်ဥစျေးနှုန်းမှာ ၁ ပိဿာလျှင် ၆၀၀၀ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

ပင်စိမ်းပင် စိုက်ပျိုးမှု နှင့် အကျိုးအမြတ်

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် မိသားစု တစ်နိုင်တစ်ပိုင်အဖြစ် ပင်စိမ်းပင်များကို စိုက်ပျိုးကြပါသည်။ ဇလွန်မြို့နယ် ဒေသတွင်း စိုက်ပျိုးသော ပင်စိမ်းပင်များသည် ဟင်းစားပင်စိမ်းကိုသာ စိုက်ပျိုးကြပြီး တစ်ပြည်လျှင် (၅၃၀၀၀/-)ကျပ်ဖြင့် ဝယ်ယူရပါသည်။ ရာသီမရွေး စိုက်ပျိုးနိုင်ပြီး (၀.၂၀ ဧက)လျှင် တစ်ပြည် ကြဲပက်ရပါသည်။ စိုက်ပျိုးပြီး (၂)လခွဲအကြာတွင် ခူးဆွတ်နိုင်ပြီး တစ်လလျှင် နှစ်ကြိမ် အညွှန့်ချိုးရပါသည်။ အပင်သက်တမ်း     တစ်နှစ်ကျော် ကြာမြင့်စွာ ရှင်သန်နိုင်ပြီး ပင်စိမ်း ညွှန့်များ စတင်ခူးဆွတ်ချိန်တွင် အညွှန့် ၅၀၀ ခန့် ဝင်ဆန့်သော ခြင်းတောင်းဖြင့် ၇ ခြင်းမှ  ၈ ခြင်းထိ ခူးဆွတ်နိုင်ကြောင်း သိရှိရပါသည်။ ပင်စိမ်းပင်သည် သက်တမ်းရင့်လေ အညွှန့်အရေအတွက် ပိုမိုထွက်ရှိလေ ဖြစ်သောကြောင့် အကျိုးအမြတ်များကြောင်း၊ ပထမအကြိမ် စတင်ခူးဆွတ်ချိန်တွင် အညွှန့် ၅၀၀ တစ်ခြင်းလျှင် ၁၂၀၀၀/-ကျပ် ဝန်းကျင်ဈေးနှုန်းဖြင့် လက္ကားရောင်းချရသည်ဟု စိုက်ပျိုးသူ တောင်သူများထံမှ သိရှိရပါသည်။ အပင်မျိုးသန့်သောကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ တင်ပို့ရောင်းချလျက် ရှိသည့်အတွက် မိသားစုဝင်ငွေတိုးသော တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ဈေးကောင်းရလျက်ရှိသော  မုန်လာဥဖြူ

   ဧရာဝတီတိုင်းဒေကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိက စိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သုံး သီးနှံများကိုလည်းစိုက်ပျိုးကြသည်။ ကြံခင်းမြို့နယ်အတွင်းရှိ တစ်ချို့ကျေးရွာများတွင် မုန်လာဥဖြူများ စိုက်ပျိုးကြပြီး ယခုနှစ် သီးနှံစပေါ်ချိန်တွင် မုန်လာဥဖြူ(အကြီး) (၅)လုံးပါတစ်တွဲလျှင် (၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်)၊ မုန်လာဥဖြူ(အလတ်) (၅)လုံးပါတစ်တွဲလျှင် (၁၂၀၀ ကျပ်မှ ၁၅၀၀) ကျပ်ဖြင့် ရောင်းချရ ပါသည်။ ယခင်နှစ်ကာလတူ ဈေးနှုန်းဖြင့် နှိင်းယှဉ်ပါက ယခုနှစ် ဈေးနှုန်းကောင်းမွန်လာကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၈၀၀၀၀၀/- ဝန်းကျပ်ခန့် ကုန်ကျပြီး၊ အကျိုးအမြတ်အနေဖြင့် သီးနှံထွက်ရှိမှုပေါ် မူတည်၍ သီးနှံ သိမ်းချိန်တွင် ကုန်ကျစရိတ်ထက် နှစ်ဆ အမြတ်ကျန်ရှိကြောင်း သိရှိရပါသည်။ ဒေသတွင်း စားသုံးမှုအပြင် တိုင်းဒေသကြီး အတွင်းသို့ ကုန်သည်များမှ တစ်ဆင့် တင်ပို့ ရောင်းချရလျက်ရှိကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

 

 

ပန်းတနော် သင်ဖြူးဖျာဈေးကွက် ပြည်ပဈေးကွက် ရရှိနိုင်ရန် ကြိုးစားမှုအလားအလာကောင်းများရရှိ

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄.၉.၂၀၂၅) ရက်နေ့တွင် ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ သင်ဖြူးဖျာဆိုင်များသို့ ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းလေ့လာမှုတွင် သင်ဖျာဆိုင်များမှ ပြောကြားချက်အရ ချောင်းသာ-ပုသိမ် ကားများ ဝင်ရောက်ရပ်နား ဝယ်ယူမှုများ ရရှိလာကြောင်းနှင့် ဦးကြည်လွင်သင်ဖြူးဖျာဆိုင်မှ နေကထိုင်ဖျာ တစ်ချပ်လျှင် ၁၀၀၀ခန့်၊ သုံးထောင်ထွာ ဖျာတစ်ချပ်လျှင် ၅၅၀၀၀ကျပ်ခန့်၊ နှစ်ယောက် အိပ်ဖျာ တစ်ချပ်လျှင် ၇၅၀၀၀ကျပ်ခန့်နှင့် ကြိမ်ကုလားထိုင်များနှင့် သင်ဖျာ အမှတ်တရပစ္စည်းများကို ဈေးကွက်ရရှိနေကြောင်း သိရှိရပါသည်။

          ပန်းတနော်မြို့နယ်တာဝန်ခံမှ ဈေးကွက်ရရှိမှုအပေါ် သင်ဖျာများကို လက်မှုထုတ်လုပ်မှုမှသည် နည်းပညာအသုံးပြု၍ ထုတ်လုပ်နိုင်ရေးသော်လည်းကောင်း၊ ပြည်တွင်းဈေးကွက်မှ ပြည်ပဈေးကွက်သို့ ထိုးဖောက်ရောင်းချနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေး၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် MSME ထုတ်ကုန် ပဲကြီးလှော်လုပ်ငန်း

     ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်၊ အဒါးလမ်း၊ ညောင်ပင်ဈေးရပ်ကွက်တွင် ဒေသထုတ်ကုန်ဖြစ်သော “မဗေဒါ” ပဲကြီးလှော် လုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိရာ မိမိတို့ဒေသ ဈေးကွက်အပြင် ခရိုင်အတွင်း၊ တိုင်းအတွင်း မြို့နယ်များသို့  ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊  ဒေသလက်ဆောင်အဖြစ်လည်းရောင်းချရကြောင်း  ဇလွန်မြို့နယ်တာဝန်ခံ မှ မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၃၀.၉.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

          ပဲကြီးလှော် ပြုလုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် ပဲကြီး ကိုအသုံးပြုပြီး ဟင်္သာတခရိုင်အတွင်း မှ ဝယ်ယူရရှိပါသည်။ ပဲကြီးလှော်ကို တစ်နေ့လျှင် တစ်တင်းခွဲ တစ်အိတ်ကြော်ရပြီး ၂၈၀၀/-ကျပ်တန် အထုပ်ကြီး ၁၀၀ ခန့် ရရှိပါသည်။ ပဲကြီးတစ်ဒယ်လျှင်  ဆား၊ ထင်းနှင့် လုပ်သားခ၊ ပလပ်စတစ် ထုတ်ပိုး မှု အပါအဝင် ကျပ် (၂၅၀၀၀၀/-) ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ အထုပ်ကြီး ၁ထုပ် လျှင် ၂၈၀၀ ကျပ်နှင့် အသေးတစ်ထုပ်လျှင် ၁၂၀၀ ကျပ် ရောင်းချရပါသည်။ ပဲလှော်တစ်ဖိုလျှင် ၃၀၀၀၀၀/- ဝန်းကျင်ရရှိပြီး၊ အကျိုးအမြတ်အနေဖြင့် (၅၀၀၀၀/-ကျပ်) ရရှိပါသည်။   ပဲလှော်ပြုလုပ်ရာတွင် ပဲကြီးကို ပထမအကြိမ် ရေဆေးကာ တစ်ရက်စိမ်ရပြီး၊ နောက်တစ်ရက်တွင် ဆားနှင့်လှော်ကာ အအေးခံ၍  ထုတ်လုပ်ပါသည်။ မိုးတွင်းကာလများတွင် ရောင်းအားအနည်းငယ်သာရောင်းချရပြီး၊ နွေဦးကာလများတွင် ဘုရားဖူးလာသူ များမှ အိမ်ပြန်လက်ဆောင်၊ ဒေသလက်ဆောင်အဖြစ် ဝယ်ယူခြင်းကြောင့် ရောင်းအား ပိုမိုကောင်းမွန် ကြောင်းသိရှိရပါသည်။  မိသားစုလုပ်ငန်းဖြစ်သည့်အတွက် သင့်တင့်မျှတသော အကျိုးအမြတ် ရရှိပါ သည်။ စားသုံးသူများကြိုက်နှစ်သက်သော ဒေသအစားအစာတစ်မျိုးဖြစ်ပြီး မြို့နယ်အတွင်း၊ ခရိုင် အတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ဒေသလက်ဆောင်အဖြစ်  ဝယ်ယူစားသုံးမှုမြင့်တက်လျက်ရှိကြောင်း သိရှိပါသည်။

EYDNS (DOCA ဧရာဝတီ)

ဈေးနှုန်း၊ ဈေးကွက် ကောင်းနေသော ဂန္ဓာမာပန်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ တောင်သူများသည် မိုးသီးနှံ စပါး၊ ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ပျိုးမှု အများဆုံးဖြစ်သော်လည်း မိသားစုဝင်ငွေ နေ့စဉ်ရရှိရေးအတွက် မိမိခြံမြေများတွင် ဂန္ဓာမာပန်း အမျိုးအစားမျိုးစုံအား စီးပွားဖြစ်အတွက်သော်လည်းကောင်း၊ နေ့စဉ် ဝင်ငွေအတွက်သော်လည်းကောင်း၊ နေရာဒေသများစွာတွင် စိုက်ပျိုးလာကြပါသည်။ ဟင်္သာတ မြို့နယ် ဒေသတွင်း စိုက်ပျိုးသောပန်းများကို ကာလ(၂)ပိုင်းခွဲခြား၍ စိုက်ပျိုးကြပါသည်။ မိုးရာသီပန်းကို ဇွန်လ ပထမပတ်တွင် စတင်စိုက်ပျိုးကြပြီး အောက်တိုဘာလတွင် ရောင်းချရန်အဆင့်သို့ ရောက်ရှိပြီး၊ ဆောင်း ရာသီပန်းကို ဇန်နဝါရီလတွင် စတင်စိုက်ပျိုးပြီး၊ မေလတွင် ခူးဆွတ်ရန် အဆင့်သို့ရောက်ရှိပါသည်။ ဟင်္သာတမြို့နယ်အတွင်း ပန်းစိုက်ဧက စုစုပေါင်း(၅၀၀)ဧကကျော်ရှိပါသည်။ မိုးရာသီပန်းအဖြစ် ဂန္ဒမာ ပန်းများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် ဂန္ဓာမာပန်းပင် (၃၅၀၀၀ မှ ၄၀၀၀၀) အထိ စိုက်ပျိုးနိုင်ပါ သည်။ ပန်းမျိုးများကို ပြင်ဦးလွင်၊ တောင်ကြီး စသော မြို့ကြီးများမှ မှာယူစိုက်ပျိုးပြီး ပန်းမျိုးမှာ တစ်ပင်လျှင် (၁၈ ကျပ် မှ ၂၀ ကျပ်) ဝန်းကျင် ဈေးနှုန်းဖြင့် ဝယ်ယူရပါသည်။ ဂန္ဓမာပန်း စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်အထိ လုပ်သားခ၊ ဓါတ်မြေဩဇာ၊ ဆေးဖြန်းခြင်း၊ ပေါင်းနှုတ်ခြင်းအပါအဝင် တစ်ဧက ကုန်ကျစရိတ်   သိန်း ၇၀ ကျပ် ဝန်းကျင်အထိရှိပြီး အောက်တိုဘာလ ပထမပတ်မှစ၍ ခူးဆွတ်ရောင်းချရာတွင် ဂန္ဓာပန်း အပွင့်ကြီး တစ်ပွင့်လျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်၊ ဂန္ဓမာပန်းအပွင့်သေး တစ်ပွင့်လျှင် ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ဖြင့် ရောင်းချရပါသည်။ ဈေးကွက်အနေဖြင့် မိမိဒေသ၊ မိမိခရိုင်အတွင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ရထား၊ ကားများဖြင့် လက်လီ၊ လက္ကား ရောင်းချလျက်ရှိပါသည်။ ပန်းစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ပန်းဈေးကောင်းခြင်းကြောင့်  အကျိုးအမြတ် တွက်ခြေကိုက်မှုရှိပြီး မိသားစုဝင်ငွေတိုးနေသော ဂန္ဓာပန်းစိုက်ပျိုးခြင်းအကြောင်း လေ့လာတင်ပြအပ်ပါသည်။

EYDNS (DOCA ဧရာဝတီ)

ထားဝယ်မြို့၊ ကမ်းနားပျံကျစျေးတွင် ဖြစ်ပေါ်နေသော ဂေါ်ဖီထုပ်နှင့် ထိုင်ဝမ်မုန်ညှင်းဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ကမ်းနားပျံကျစျေးတွင် စားဖိုဆောင်သီးနှံများ၊ အသားမျိုးစုံ၊ ရေထွက်ပစ္စည်းမျိုးစုံနှင့် သစ်သီးဝလံမျိုးစုံ စုံလင်စွာရောင်းချလျက်ရှိရာ ဂေါ်ဖီထုပ်နှင့် ထိုင်ဝမ်မုန်ညင်း များကိုလည်းရောင်းချလျက်ရှိကြောင်း သိရပါသည်။ ဂေါ်ဖီထုပ်တွင် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ခြင်း၊ ဓာတ်ဆိုးဆန့်ကျင်ပစ္စည်းပါဝင်ခြင်း၊ ဗီတာမီဓာတ်အချို့နှင့် သတ္တုဓာတ်များ လည်းပါဝင်သဖြင့်  ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိသောကြောင့် လူတိုင်းစားသုံးသင့်သော အစားအစာတစ်မျိုးဖြစ်သကဲ့သို့ မုန့်ညှင်းပင်များတွင်လည်း အင်တီအောက်ဆီးဒင့်ဓာတ်ပေါင်းများပါ ဝင်သဖြင့် ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ်သော အဖုအကျိတ်များကို တားဆီးနိုင်သည့် အကျိုးကျေးဇူး များပေးစွမ်းနိုင်သော အစားအစာတစ်မျိုးဖြစ်ပါသည်။  ၂၀၂၅ ခုနစ်၊ အောက်တိုဘာလ (၁)ရက်နေ့ တွင် ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အထုပ်ကြီး (၁) ထုပ်လျှင် (၃၅၀၀) ကျပ်ဖြင့် လည်းကောင်း၊ အထုပ်သေး (၁) ထုပ်လျှင် (၂၅၀၀-၃၀၀၀) ကျပ်ဖြင့် လည်းကောင်း ရောင်းချလျက်ရှိပြီး၊ ထိုင်ဝမ်မုန်ညှင်း (၁) စည်းလျှင် (၄၀၀) ကျပ်ဖြင့်လည်းကောင်း၊ (၃) စည်းလျှင် (၁၂၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ရောင်းချ သူများထံမှသိ ရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ဟင်းနုနွယ်စျေးကွက်

 

          ဟင်းနုနွယ်သည် စိုက်ပျိုးရန်လွယ်ကူပြီး အကြမ်းခံသောဟင်းရွက်ဖြစ်သည့်အပြင် ဗီ‌တာမင်-အေနှင့်သံဓါတ်ကြွယ်ဝသည့် ဟင်းရွက်ဖြစ်သည်။ ဟင်းနုနွယ်အမျိုးအစားမှာ အနီရောင်နှင့်အစိမ်း ရောင်ရှိပြီး အများအားဖြင့် ဟင်းနုနွယ်အစိမ်းရောင်ကိုသာ စိုက်ပျိုးလျက်ရှိပါသည်။ ပူနွေးသော ရာသီ ဥတုကို ကြိုက်နှစ်သက်သောကြောင့် တနင်္သာရီတိုင်းဒေသကြီးနှင့်မြန်မာနိုင်ငံအလယ်ပိုင်းတို့တွင် အများအပြား အောင်မြင် စိုက်ပျိုးဖြစ်ထွန်းပါသည်။

          ဟင်းနုနွယ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသော ယခုကာလတွင် ထားဝယ်မြို့နယ်ရှိကျေး ရွာများတွင် တောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် ဟင်းနုနွယ်များ အများအပြားစိုက်ပျိုးလျက်ရှိပြီး စျေးကွက်ရောင်းတန်းဝင် အရွယ်အစားဖြစ်လာလျှင် အပင်လိုက်နှုတ်ယူစွတ်ခူးကာ ထားဝယ်မြို့ပေါ် ရှိစျေးများတွင် အစီးသေးတစ်စီးလျှင် ၄၀၀/၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကာ ရာသီပေါ် စားသောက်ကုန်သီးနှံတစ်ခုအဖြစ် ဒေသခံဟင်းသီးဟင်းရွက်စိုက်သူများ ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း