ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့မဈေး၌ အရောင်းအဝယ်သွက်နေသော ခေါက်ဆွဲခြောက်ထုပ် ဈေးနှုန်းဈေးကွက်

 

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ အခြေခံစားသောက်ကုန်များ ရောင်းချ လျက်ရှိသော အရောင်းဆိုင်များတွင် နေ့စဉ်ခေါက်ဆွဲခြောက်ထုပ်များလည်း အရောင်းအဝယ်သွက် လျက်ရှိသည်။ ခေါက်ဆွဲကို ဂျုံသီးနှံ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်၍ ပခုက္ကူ မြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးကြသော်လည်း ဂျုံသီးနှံစိုက်ပျိုးခြင်းမရှိ၍ စိုက်ပျိုးမှုများသော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ခေါက်ဆွဲခြောက်ထုတ်လုပ်သည့် စက်ရုံများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်ကြောင်း၊ စားသုံးသူများအတွက် ခန္ဓာကိုယ်အားဖြစ်စေပြီး ကျန်းမာရေးနှင့်ညီညွှတ်၍ ဈေးနှုန်း သင့်တင့်မျှတစွာဖြင့် အလွယ်တကူ ဝယ်ယူမှုရရှိခြင်းကြောင့် စားသုံးသူများအနေဖြင့် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲအရည်ပျော်ပြုလုပ်၍ မြန်မာ့ရိုးရာ အစားအစာအဖြစ် ရှေးယခင် နှစ်များစွာကတည်းက စားသုံးမှု များကြောင်း သိရှိရသည်။

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ခေါက်ဆွဲခြောက်ထုပ်များ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ခေါက်ဆွဲတွင် အဝါရောင်နှင့် အဖြူရောင် နှစ်မျိုးရှိကြောင်း၊ ရောင်း ချရာတွင် ခေါက်ဆွဲသား အကောင်းနှင့် စက်ကျအကျိုးအကြေနှစ်မျိုးခွဲခြားပြီး ရောင်းချကြောင်း၊ “ရွှေဒင်္ဂါး “ အဝါရောင် ခေါက်ဆွဲခြောက် တစ်စီးလျှင် ကျပ်(၉၀၀)၊ (၂၅)ထုပ်ပါ တစ်ထုပ်လျှင် ကျပ် (၂၁၅၀၀)၊ ခေါက်ဆွဲကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း၊ “စွမ်းထက်” ခေါက်ဆွဲခြောက် (၅၀)ကျပ်သား ပါ တစ်ထုပ်လျှင် ကျပ်(၄၅၀၀)၊ အထုတ် (၃၀)ပါ တစ်ဖာလျှင် ကျပ်(၁၃၅၀၀၀)၊ (၂၀)ကျပ်သားပါ တစ်ထုပ်လျှင် ကျပ်(၂၃၀၀)၊ (၅၀)စီးပါ တစ်ဖာလျှင် ကျပ်(၁၁၅၀၀၀)၊ (၂)စီးတွဲ တစ်ထုပ်လျှင် ကျပ်(၁၈၀၀)၊ (၅၀)စီးပါ တစ်ဖာလျှင် ကျပ်(၉၀၀၀၀)၊ “စွမ်းထက်”ခေါက်ဆွဲ စက်ကျအကျိုး တစ်ပိဿာလျှင် ကျပ်(၅၀၀၀)နှုန်းဖြင့်  အရောင်းအဝယ် သွက်နေကြောင်း၊ ယခုအချိန် သီတင်းကျွတ်ကာလရာသီချိန် ဖြစ်၍ အရောင်းအဝယ် သွက်နေပြီး မြိုင်၊ ရေစကြို၊ ယောနယ်ဒေသများမှလည်း ကုန်ကားများမှတဆင့် မှာယူပြီး ဝယ်ယူမှုများလျက်ရှိကြောင်း  ခေါက်ဆွဲခြောက် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ အမှတ်(၂)ဈေး၌ ရောင်းချနေသော မာလကာသီးဈေးနှုန်းဈေးကွက်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ အမှတ်()ဈေးအတွင်း၌ မာလကာသီးများကို မြို့ပေါ်ရှိ မာလကာခြံများနှင့် ကျောက်ပန်းတောင်း၊  ပုပ္ပါး ဒေသတို့မှ စိုက်ပျိုးတောင်သူများမှလာ ရောက်တင်သွင်းကြကြောင်း သိရသည်။

            ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် အသီး၏ အရည်အသွေးအပေါ် မူတည်၍ မာလကာသီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၄၀၀၀) အလတ်ဈေး ကျပ်(၃၀၀၀) အနိမ့်ဈေး ကျပ်(၂၀၀၀) ဈေးနှုန်းဖြင့် ရောင်းချခဲ့ပြီး (ဒုတိယပတ်)တွင် တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၅၀၀၀) အလတ်ဈေး ကျပ်(၄၀၀၀) အနိမ့်ဈေး ကျပ်(၃၀၀၀)ဈေးနှုန်းဖြင့်  ရောင်းချရကြောင်း၊    စားသုံးမှုပိုမိုများပြားလာခြင်း၊ အမှာရှိသလောက် ဝယ်၍မရခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက် အခဲများကြောင့် တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း မာလကာသီး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပွင့်ဖြူမြို့နယ်၊ သမော်အင်းကျေးရွာ၌ သကြားပြောင်းဖူးများလှိုင်လှိုင်ထွက်ပေါ်လျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ ဆည်ရေသောက်စိုက်ခင်းများနှင့် မြေနုကျွန်းများတွင် စပါး၊ နှမ်း၊ ကုလားပဲ၊ ပြောင်း စသည့် သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြပြီး ယခုနှစ်တွင် မုန်းမြင့်၊ သမော်အင်းကျေးရွာများတွင် ပြောင်းကို ဇူလိုင်လ(ဒုတိယပတ်)တွင် စတင် စိုက်ပျိုးခဲ့ပြီး အောက်တိုဘာလ(ပထမပတ်)တွင် ခူးဆွတ်လျက်ရှိကြောင်း သိရသည်။

    သမော်အင်းကျေးရွာ၌ သကြားပြောင်း(၁၀)ဧကခန့်စိုက်ပျိုးထားရှိပြီး ပြောင်းမျိုးကို (135)မျိုး စိုက်ပျိုးကြောင်း၊ (၁)ဧကလျှင် မျိုး(၄)ထုပ်ခန့်စိုက်ပျိုးရပြီး (၁)ထုပ်လျှင် ကျပ်(၉၅၀၀၀)ပေးရ ကြောင်း၊ အစေ့ချ ဘောင်တင်စနစ်ဖြင့် ရေသွင်း၍ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး(၂)လခွဲခန့်အချိန်တွင် စတင်ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် ပြောင်းဖူး(၇၀၀၀)ခန့်ထွက်ရှိကြောင်း၊ မြေပြုပြင်ခ၊ ထွန်ယက်ခ၊ မျိုးဘိုး၊ အခြားသွင်းအားစုအပါအဝင် စုစုပေါင်းကုန်ကျစရိတ်အနေဖြင့် ကျပ်(၉၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ထွက်ရှိသည့် ပြောင်းဖူးများကို(၁)ဖူးလျှင် ကျပ်(၄၀၀)ဖြင့် ပွင့်ဖြူမြို့ပေါ်ရှိ ကုန်စိမ်းဒိုင်များနှင့် မင်းဘူးမြို့သို့တင်ပို့ရောင်းချကြောင်း၊ (၁)ဧကအကျိုးအမြတ်အ နေဖြင့် ကျပ်(၁၉)သိန်းခန့်ကျန်ရှိကြောင်း သမော်အင်းကျေးရွာနေ ပြောင်းဖူးစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

DOCA(မကွေး)

 

ဧရာဝတီတိုင်းဒေသကြီးတွင် ဈေးကွက်ဝင်ဂဏန်းများ စနစ်တကျမွေးမြူထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိ

          ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လပွတ္တာမြို့နယ်သည် ပင်လယ်ကမ်းခြေ ဒီရေတောများနှင့် နီးစပ်မှုရှိသည့်အတွက် ဂဏန်းမွေးမြူရာတွင် အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဂဏန်းများ ကြိုက်နှစ်သက်မှုရှိသော ရေချို၊ ရေငံစပ် ကမ်းခြေနှင့်နီးစပ်မှုရှိသော လပွတ္တာမြို့နယ်အတွင်းရှိ ကျောက်ဖြူကျေးရွာ၊ သင်္ဃန်းကြီးကျေးရွာ၊ မိချောင်းအိုင်ကျေးရွာနှင့် ငပုတောမြို့နယ်အတွင်းရှိ အချို့ကျေးရွာများ ဂဏန်းများကို စနစ်တကျ မွေးမြူ၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

          ဂဏန်းများမွေးမြူရာတွင် တစ်ဧကမှ (၄)ဧကအထိ ကျယ်ဝန်းသောကန်များတွင် သဘာဝအလျောက် မွေးမြူသည့်စနစ်ဖြစ်သည့်အတွက် မွေးမြူးရေးကန်များတွင် မြစ်ချောင်းများမှ သဘာဝ ရေငံများထည့်သွင်းရန် ရေသွယ်မြောင်းများထားရှိပြီး၊ ရေစတင်ဝင်သောနေရာ၌ ရေလှောင်ကန်၊ ရေစစ်ကန်ထားရှိပြီး၊ မွေးကန်၏ ရေအနက်(၄)ပေ၊ ၅လက်မခန့် သဘာဝရေငံထည့်သွင်း၍ မွေးကန်အတွင်း ရေသန့်ရှင်းမှုရှိ/ မရှိ စစ်ဆေးပြီး ရေသန့်မှသာ ဂဏန်းပျော့ မွေးမြူနိုင်မှာဖြစ်ကြောင်း ရေသယံဇာတများ ထိန်းသိမ်းနိုင်ရန်နှင့် ဂဏန်းများ စဉ်ဆက်မပြတ် ဖမ်းဆီးထုတ်လုပ်နိုင်ရေးအတွက် ဂဏန်းပျော့ မွေးမြူရေးကန်များနှင့် ဂဏန်းအဝယ်ဒိုင်များ ပူးပေါင်းပြီး တစ်လလျှင်တစ်ကြိမ် ဂဏန်းမျိုးစိုက် ထည့်ခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက်၍ အရွယ်အစားစုံ ဂဏန်းမများကို ကပ္ပလီပင်လယ်ဝ၊ ရွေးမြစ်ဝများတွင် မျိုးပွားရန်အတွက် ပြန်လည်လွှတ်ပေးခဲ့ရာ ပိုမိုအောင်မြင်မှုရှိကြောင်း သိရှိရပါသည်။

          ဂဏန်းမွေးမြူရေးကန်မှရရှိသောဂဏန်းပျော့များကို အအေးခန်းစက်ရုံသို့ မပို့မီ ဇလုံထဲတွင် ရေချိုစိမ်ထားရပြီး ပလတ်စတစ်ဗန်းများတွင်ထည့်၍ ရေစိုအဝတ်ဖုံးကာ စနစ်တကျစီထပ်ပြီး မွေးကန်မှ စက်ရုံသို့ တင်ပို့ရကြောင်း ပြည်ပနိုင်ငံများသို့တင်ပို့ရန် ၁ kg မှ ၁.၅ kg အထိရှိသည့်အရွယ်ညီ ဂဏန်းပျော့များအား နိုင်ငံခြားမှမှာယူ တင်သွင်းရရှိထားသောအဖုံးပါ စက္ကူဗူးများဖြင့် ထုတ်ပိုးရပြီး စက်ရုံမှတစ်ဆင့်ရန်ကုန်သို့ အအေးခန်းကားဖြင့် တင်ပို့လျက် ရန်ကုန်မှတစ်ဆင့်အအေးခန်းပါသော သေတ္တာများနှင့် ရေကြောင်း၊ လေကြောင်းမှ တင်ပို့ လျက်ရှိကြောင်း လပွတ္တာမြို့နယ်မှ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ဂဏန်းပျော့ ၁၀၈ မက်ထရစ်တန် တင်ပို့ခဲ့ပြီး ဇူလိုင်လတွင် ၄၅.၇၃ မက်ထရစ်တန် ပြည်ပနိုင်ငံများဖြစ်သော UK ၊ ဗီယက်နမ်၊ ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ တရုတ် အာရှနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ကြောင်း လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးအတွင်း  ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပဆန်ပိုမိုတင်ပို့နိုင်ခဲ့

    ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသော တိုင်းကြီးတစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးမှု ဖူလုံရုံသာမက ပိုလျှံသည့်ဆန်များကို ပြည်တွင်းဆန်လိုသည့် ဒေသများနှင့် ပြည်ပနိုင်ငံများသို့ လစဉ်တင်ပို့ရောင်းချလျက်ရှိပါသည်။

    ပြည်ပဝင်ငွေရှာဖွေပေးလျက်ရှိသော ဧရာဝတီတိုင်းအတွင်း ၂၀၂၄ ခုနှစ်တွင် ပြည်ပနိုင်ငံများသို့ ဆန်တန် ၃၂၂၅၄၇ တင်ပို့ရောင်းချခဲ့ပြီးတိုင်းအတွင်း လယ်ယာထွက်ကုန်သီးနှံများမှ ပြည်ပသို့တင်ပို့နိုင်မှုနှင့်ပတ်သက်၍ ပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်တွင် တင်ပို့နိုင်သည့်အတွက် ၂၀၂၄ခုနှစ် ဘဏ္ဍာနှစ်နှင့် ၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ် နှိုင်းယှဉ်ပါက ဆန်တန် ၁၀၀၀၂၉ တန်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့တွင်း ရောင်းချနေသာ မုန်ညှင်းရွက်များ၏ ဈေးနှုန်းအခြေအနေ

           ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဘူတာဈေးအတွင်း မုန့်ညှင်းရွက်နှင့် အိုးမုန့်ညှင်းရွက်များ စိမ်းလန်းလတ်ဆတ်စွာ အများအပြားရောင်းချလျက်ရှိကြပါသည်။ မုန့်ညှင်းပင်နှင့် အိုးမုန့်ညှင်းပင်ကို မြန်မာနိုင်ငံရှိ အိမ်တိုင်းလိုလို၏ မီးဖိုချောင်တွင် အလွယ်တကူ တွေ့မြင်နိုင်ပြီး ဟင်းသီးဟင်းရွက်အဖြစ် လူကြိုက်များကြသည်။ ဒေသမရွေး စိုက်ပျိုးနိုင်သော်လည်း ရာသီဥတု အေးမြစိုစွတ်သော ဒေသများတွင် ပို၍ ဖြစ်ထွန်းကောင်းမွန်လေ့ရှိကြောင်း သိရသည်။

          မုန့်ညှင်းရွက်နှင့် အိုးမုန့်ညှင်းရွက်ကို ကြော်၊ ချက်၊ ပြုတ်၊ သုပ်စားနိုင်သည့်အပြင် အသားငါးများနှင့် ရောနှော၍လည်း ချက်ပြုတ်စားသောက်ကြသည်။ အထူးသဖြင့် မုန့်ညှင်းချဉ်သည် မြန်မာလူမျိုးတို့၏ ထမင်းဝိုင်းတိုင်းနီးပါးတွင် မပါမဖြစ် တို့စရာအဖြစ် နေရာရလျက်ရှိသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အတွင်း ပုသိမ်မြို့ ဘူတာဈေးရှိ မုန့်ညှင်းရွက်ဈေးနှုန်းမှာ တစ်ထုတ်လျှင် (၄၀၀-၆၀၀) ကျပ်ခန့်နှင့် လတ်ဆတ်သော အိုးမုန့်ညှင်းရွက် ဈေးနှုန်းမှာ တစ်ထုတ်လျှင် (၅၀၀-၈၀၀) ကျပ်အထိရှိကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရှိရပါသည်။ မိုးရာသီအလွန်တွင် ရောင်းချမှုနှုန်း ကောင်းမွန်နေပြီး ဈေးနှုန်းများလည်း တည်ငြိမ်နေသည်ကို တွေ့ရှိရပါသည်။

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ပေါ်ရှိ ဆန်စပါးဈေးကွက်

          ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် နှစ်စဉ်မိုးစပါးစိုက်ဧက ၇၃၅၈၄၁ စိုက်ပျိုးလျက်ရှိပြီး ပုသိမ်မြို့နယ်တွင် အများဆုံး စိုက်ပျိုးလျက်ရှိသော စပါးအမျိုးအစားများမှာ ဧရာဝတီပေါ်ဆန်း၊ ပေါ်ဆန်းရင်နှင့်ဧည့်မထအုပ်စုဝင် ရွှေသွယ်၊ မနောသုခ၊ မျိုးပွား စပါးတို့အများဆုံးစိုက်ပျိုးထုတ်လုပ်၍ ဒေသတွင်းစားသုံးမှုနှင့် ပိုလျှံသည့် ဆန်၊ ဆန်ထွက်ပစ္စည်းများကို ပြည်ပဈေးကွက်နှင့် အခြားတိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချလျက် ရှိကြောင်း ဈေးကွက်မှ သိရသည်။

          ပုသိမ်မြို့ပေါ်ရှိ ဆန်စပါးဈေးကွက်တွင် ယခင်နှစ် ဧရာဝတီပေါ်ဆန်စပါး ၁တင်းကျပ် ၂၃၀၀၀ ဆန်တစ်အိတ် ၉၅၀၀၀ ဈေး၊ ပေါ်ဆန်းရင်စပါး ၁တင်းကျပ် ၂၁၀၀၀ ဆန်တစ်အိတ် ၈၅၀၀၀ ဈေး၊ ရွှေသွယ်စပါး ၁တင်းကျပ် ၁၉၀၀၀ ဆန်တစ်အိတ် ၇၅၀၀၀၊ မိုးမနောသုခ မျိုးပွားစပါး စပါး ၁တင်းကျပ် ၁၇၀၀၀ ဆန်တစ်အိတ် ၆၉၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ယခုနှစ် ဧရာဝတီပေါ်ဆန်းစပါး ၁တင်း ကျပ် ၂၈၅၀၀ ဆန်တစ်အိတ်ကျပ် ၁၂၀၀၀၀၊ ပေါ်ဆန်းရင်စပါး ၁တင်းကျပ် ၂၆၀၀၀ ဆန်တစ်အိတ် ၁၀၅၀၀၀ ဈေး၊ ရွှေသွယ် စပါး ၁တင်းကျပ် ၂၃၀၀၀ ဆန်တစ်အိတ် ၉၀၀၀၀ ဈေး၊ မနောသုခမျိုးပွား စပါး ၁တင်းကျပ် ၂၀၅၀၀ ဆန်တစ်အိတ် ၇၉၀၀၀ ကျပ်ဈေး ဖြစ်သွားသည့်အတွက် ယခင်နှစ် ဈေးနှုန်းဖြင့် ကာလတူ နှိုင်းယှဉ်ပါက ဧရာဝတီပေါ်ဆန်စပါး ၁တင်း ကျပ် ၅၅၀၀ ဆန်တစ်အိတ်ကျပ် ၂၅၀၀၀၊ ပေါ်ဆန်းရင်စပါး ၁တင်းကျပ် ၅၀၀၀ ဆန်တစ်အိတ်ကျပ် ၂၀၀၀၀၊ ရွှေသွယ်စပါး ၁တင်းကျပ် ၄၀၀၀  ဆန် တစ်အိတ်ကျပ် ၁၅၀၀၀ နှင့် မနောသုခမျိုးပွားစပါး၁တင်းကျပ် ၃၅၀၀ ဆန် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ပုသိမ်မြို့ရှိ ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည်များထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသော မြေပဲဈေးကွက်

          ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်တွင်းဈေးကွက်သုံးစွဲရန် တစ်တိုင်းလုံးမြေပဲ စိုက် ဧက (၈၅၃၉၄) စိုက်ပျိုးလျက်ရှိပြီး မြန်အောင်မြို့နယ်သည် မြေပဲအဓိကစိုက်ပျိုးရာ မြို့နယ် တစ်ခုဖြစ်၍ နှစ်စဉ် စိုက်ဧက(၄၉၆၁၅) ဧက မြန်မာ့ရိုးရာမုန့်လုပ်ငန်းများ ၊ စားသောက်ကုန် လုပ်ငန်းများတွင် သုံးစွဲလျက်ရှိသည့်အပြင် မြေပဲကို ကြိတ်ခွဲ၍ မြေပဲဆီအဖြစ်လည်း ရောင်းချလျက်ရှိရာ မြေပဲမှာ အရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်း ဈေးကွက်မှ သိရသည်။

           ထွက်ရှိလာသော မြေပဲကို မြန်အောင်မြို့နယ်အတွင်း မြေပဲဈေးနှုန်းမှာ အရည်အသွေးပေါ်မူတည်၍ ယခင်နှစ်က ၁ပိဿာလျှင် အနိမ့်ဈေး၊ အမြင့်ဈေး ကျပ် ၅၀၀၀/၇၀၀၀ ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိသော်လည်း ယခုနှစ်မြေပဲဈေးနှုန်းမှာ ၁ပိဿာလျှင် အနိမ့်ဈေး ၊ အမြင့်ဈေး ကျပ် ၇၀၀၀/ ၇၅၀၀ ဈေးရရှိသည့်အတွက် ယခင်နှစ်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက မြေပဲဈေးနှုန်းမှာ ၁ပိဿာကျပ် ၂၀၀၀/၅၀၀ ဈေးနှုန်း ပိုမိုရရှိကြောင်း မြေပဲဈေးကွက်မှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးရှိ ကျုံပျော်မြို့နယ်မှ ပြည်ပပို့ကုန်မြှင့်တင်မည့် ပဲတီစိမ်းဈေးကွက်

          ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်ပပို့ကုန်များတွင် ဈေးကွက်ခိုင်မာစွာရရှိနေသော ပဲတီစိမ်းကို ၂၅၆၀၅၉ ဧက စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသော ပဲတီစိမ်းများကို ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိကြောင်းသိရသည်။ ရောင်းချလျက် ရန်ကုန်မှတစ်ဆင့် တရုတ်၊ အိန္ဒိယနှင့် အခြား ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

          မြန်မာနိုင်ငံမှထွက်ရှိသော ပဲတီစိမ်းများကို ပြည်ပနိုင်ငံများသို့ ကုန်သွယ်ရေးနည်းလမ်းများဖြစ်သော ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြင့် တင်ပို့လျက်ရှိပြီး ကျုံပျော်ခရိုင်တွင် ပဲတီစိမ်းစိုက်ဧက (၆၇၆၂၂) ရှိ၍ ယခင်နှစ်ကျုံပျော်ဈေးကွက်တွင် ပဲတီစိမ်း ၁ တင်း ကျပ် ၉၀၀၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခုနှစ်ဈေးကွက်တွင် ပဲတီစိမ်း ၁တင်း ကျပ် ၁၁၀၀၀၀ ဈေးဖြစ်သွား၍ ယခင်နှစ်ကာလတူဈေးနှုန်းနှိုင်းယှဉ်ပါက ပဲတီစိမ်း ၁တင်း ကျပ် ၂၀၀၀၀ ဈေးနှုန်းပိုမိုရရှိသည့်အတွက် ပဲတီစိမ်းစိုက်ပျိုးသော တောင်သူများ ဈေးကောင်းရလျက်ရှိကြောင်း ကျုံပျော်ဈေးကွက်မှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဈေးကောင်းရနေတဲ့ဧရာရေထွက်ပုဇွန်ဈေးကွက်

          ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေနှင့် နီးကပ်လျက်ရှိသော သက္ကသောင်၊ သမ္မာဒေဝ၊ တောင်ကလေးကျေးရွာများနှင့် အခြား ပုတောမြို့နယ်အတွင်းရှိ ဟိုင်းကြီးကျွန်းကျေးရွာ မော်တင်၊ ဇီးချိုင်၊ ကံချိုင်၊ ကျေးရွာများ၊ချောင်းသာ၊ ငွေဆောင်ဝန်းကျင်ကျေးရွာများတွင် ရေချို၊ ရေငန်ပုဇွန်များကိုဖမ်းဆီးလျက်ရှိပြီး ပုသိမ်ဈေးကွက်သို့လာရောက် ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှ သိရသည်။

          ပုသိမ်ဈေးကွက်တွင် ဒေသတွင်းစားသုံးရန်နှင့် ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ဂရမ် ၂၅၀အထက် ပုဇွန်ဈေးမှာ ၁ပိဿာ ၈၅၀၀၀ကျပ်၊ ဂရမ် ၂၀၀အထက် ဈေးမှာ ၁ပိဿာ ၆၅၀၀ကျပ်ဈေးနှင့် ဂရမ် ၅၀ မှ၁၀၀ အတွင်း ၅၀၀၀၀/၆၀၀၀၀ ကျပ်ဈေးနှုန်းဝန်းကျင် ပုဇွန်အရွယ်အစား အလိုက် ၂၀၀၀၀/၄၀၀၀ရ ကျပ်အတွင်းရှိ ပုဇွန်များကိုလည်း ဈေးကွက်အတွင်းရောင်းချလျက်ရှိကြောင်း သိရသည်။

          ပုသိမ်ဈေးကွက်မှ ပြည်ပဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချမှုမရှိဘဲ ရန်ကုန်မြို့ရှိ စံပြဈေး၊ ရွှေပိတောက်ပါးဈေးသို့ နေ့စဉ်တင်ပို့ရောင်းချလျှက်ရှိပြီး ပြည်ပသို့တင်ပို့ရောင်းချသည့် ကုမ္ပဏီများ၊အဝယ်တော်များမှ ရန်ကုန်မြို့ရှိ ဂရမ် ၂၀၀အထက်နှင့် ဂရမ် ၂၅၀ အထက် ပုဇွန်များကို အဆိုပါဈေးများတွင် လာရောက်ဝယ်ယူလျက်ရှိပြီး အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ယိုးဒယား၊ စင်္ကာပူ၊ အာရှမှာ ဂျဒပန်နိုင်ငံနှင့် ဥရောပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း ပုသိမ်ဈေးကွက်မှရေထွက်ပစ္စည်း များရောင်းချရာတွင် ရန်ကုန်မြို့ရှိ အဝယ်နိုင်ငံများမှ ဖွင့်လှစ်သောဈေးနှုန်းဖြင့် သာရောင်းချရပြီး ရန်ကုန်မြို့ရှိ ပြည်ပသို့ပို့သော ကုမ္ပဏီများမှလည်း အရည်အသွေး၊ ဝယ်လိုအား၊ ဈေးကွက်ပေါ်မူတည်၍ အရောင်းအဝယ်ပြုလုပ်ရကြောင်း ပုသိမ်မြို့ ရေထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း