
ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင်သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ခြင်းတို့ ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု ၃၆၆၂၂ ဧက၊ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊အထွက်နှုန်း ၄၉.၅၅ တင်း၊အထွက်တင်းစုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ် သည့် အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း) ၆၈၀၀၀ ကျပ်နှင့် ၇၂၀၀၀ကျပ်၊ပြောင်းဖူးစေ့ (စီပီ) ၇၀၀၀၀ ကျပ် နှင့် ၇၂၀၀၀ကျပ်၊ တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း) ၁၂၅၉ကျပ်နှင့် ၁၃၃၃ကျပ်၊(စီပီ)၁၂၉၆ကျပ်နှင့်၁၃၃၃ကျပ်စျေးတို့ ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ရှမ်း)၁၄၄၄ကျပ် နှင့် ပြောင်းဖူးစေ့(စီပီ) ၁၄၃၅ ကျပ်နှင့် ၁၄၄၄ကျပ်၊ ပြောင်းဖူးစေ့(ဗမာ)၁၄၀၇ကျပ်နှင့်၁၄၁၇ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်စျေးနှင့်ယခင် နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
