မြင်းခြံမြို့ အေးမြသီတာဈေးရှိ ခေါပုတ်ဈေးနှုန်း

Powered by Drupal

          နိုဝင်ဘာလဆန်းတွင် ဆောင်းရာသီသို့ စတင်ဝင်ရောက်လာပြီဖြစ်ရာ ကျေးရွာဓလေ့ မနက်ခင်းပိုင်းတွင် ခေါပုတ်ကြော် သကြားလေးဖြူးပြီး ရေနွေးကြမ်းနှင့် စားသောက်သုံးစွဲကြပါသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရှမ်းပြည်နယ် တောင်ကြီး၊ မန္တလေးတိုင်း ပြင်ဉီးလွင်၊ စစ်ကိုင်းတိုင်း ကောလင်းစသည့်ဖြင့် ခေါပုတ်ကို အသီးသီးဒေသစုံမှ ပြုလုပ်ပြီး ရောင်းချကြကြောင်း၊ မြင်းခြံမြို့ အေးမြသီတာဈေးသို့ စစ်ကိုင်းတိုင်း ကောလင်းဒေသမှ ထွက်ရှိသော ခေါပုတ်များ စတင်ဝယ်ယူရောင်းချနေပြီဖြစ်ကြောင်း သိရသည်။ ခေါပုတ်ကို မီးကင်၍လည်းကောင်း၊ ဆီဖြင့်ကြော်၍လည်းကောင်း စားသောက်သုံးစွဲကြပါသည်။ ခေါပုတ်အဖြူနှင့် ခေါပုတ်အညို နှစ်မျိုးရှိကြောင်း၊ ခေါပုတ်အသေး(၁၀) ခုပါ တစ်ထုပ်လျှင် (၁၀၀၀)ကျပ်နှင့် (၃)ထုပ်လျှင် (၂၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)