ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ‌ပန်းငရုတ်ပွသီး ဈေးနှုန်း

        ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စာဖိုဆောင်သီးနှံဖြစ်သည့် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုတ်ပွသီး၊ ဂျူးမြစ်၊ ကန်ဇွန်းဥ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ပြောင်းဖူး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ နှင့် ပန်းငရုပ်ပွသီးတို့ကိုပါ စိုက်ပျိုးရောင်းချကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယအပတ် သစ်ရာမြိုင်ဈေးအတွင်းရှိ ပန်းငရုတ်ပွသီးဈေးနှုန်းမှာ ပန်းငရုတ်ပွသီး လက္ကား တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ပန်းငရုတ်ပွသီး လက်လီ တစ်ပိဿာ လျှင်(၁၂၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ပန်းငရုတ်ပွသီး (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နေကြာစေ့လှော် ဈေးနှုန်း

        ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နေကြာစေ့လှော် ဈေးနှုန်းအနေဖြင့် နေကြာစေ့လှော်(ရိုးရိုး)လက်က္ကား တစ်ပြည်လျှင်(၉၃၀၀)ကျပ်၊ နေကြာစေ့လှော်(ရိုးရိုး)လက်လီ တစ်ပြည်လျှင်(၉၆၀၀)ကျပ်၊ နို့ဆီဘူး()ဘူး လျှင်(၄၈၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင်(၁၂၀၀)ကျပ်နှင့် နေကြာစေ့လှော်(သစ်ကြားသီးအနံ့) တစ်ပြည် လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၆၀၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နွားနို့၊ နွားနို့ခဲနှင့် ဒိန်ချဉ် ဈေးနှုန်း

          ကျွန်းလှမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာ ဗမာနွားများနှင့် မေထုံခေါ် နို့စားနွား မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင်တစ်နိုင် မွေးမြူလျက်ရှိပြီး နွားနို့နှင့် ဒိန်ချဉ်များကို ကျွန်းလှမြို့ ဈေးကွက်အတွင်းသို့ ရောင်းချ လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နွားနို့ ဈေးနှုန်းများမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၂၀၀)ကျပ်၊ နွားနို့ခဲတစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၇၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ် (၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မွေးမြူရေးလုပ်ငန်းလုပ်ပြီး နွားနို့ ရောင်းချနေသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နနွင်းတက်နှင့် နနွင်းမှုန့်အစစ် ဈေးနှုန်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ  ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင် အနေဖြင့်လည်းကောင်း အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်ဖြူ/ နီ၊ ငရုပ်သီးနှံအပြင် နနွင်းသီးနှံပင်များကိုလည်း စိုက်ပျိုးကြပါသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော နနွင်းတက်ဈေးနှုန်းအနေဖြင့် နနွင်းတက် တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ နနွင်းတက်(၅၀)ကျပ်သားလျှင်(၇၅၀၀) ကျပ်နှင့် နနွင်းတက်(၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ နနွင်းမှုန့်အစစ် ဈေးနှုန်းအနေဖြင့် နနွင်းမှုန့်အစစ် တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ နနွင်းမှုန့်အစစ်(၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ် နှင့် နနွင်းမှုန့်အစစ် (၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချနေသည့် ဈေးသည်ထံမှ  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော နံနံပင်၊ ကြက်သွန်နီမိတ်နှင့် ရှမ်းနံနံပင် ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ နံနံပင်၊ ပူစီနံနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် နံနံပင်နှင့် ရှမ်းနံနံ(ခေါ်)သင်္ဘောနံနံ ပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော နံနံပင်ဈေးနှုန်းများမှာ နံနံပင် တစ်စီးလျှင်(၃၀၀)ကျပ်၊ (၅၀၀)ဖိုး(၂)စီးနှင့် ရှမ်းနံနံ (ခေါ်) သင်္ဘောနံနံပင် တစ်စီးလျှင်(၃၀၀)ကျပ် (၂)စီးလျှင်(၅၀၀)ကျပ် နှင့် ကြက်သွန်နီမိတ် တစ်စီးလျှင်(၃၀၀) ကျပ်၊ (၂)စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း နံနံပင်သည် မြန်မာ့တို့၏ ရိုးရာ ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည့်အတွက် အသုံးများပြီး ရောင်းအားကောင်းလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဒညှင်းသီး ဈေးနှုန်း

        ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော်သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီးနှင့် သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ နာနတ်သီးနှင့် ဒညှင်းသီးကိုလည်း မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေ‌သော ဒညှင်းသီး ဈေးနှုန်းအနေဖြင့် ဒညှင်းသီးအကြီး တစ်လုံးလျှင်(၃၀၀/၃၅၀)ကျပ် နှင့် ဒညှင်းသီးအသေး တစ်လုံးလျှင်(၂၀၀/၂၅၀)ကျပ်၊ ဒညှင်းသီးအပြုတ်အကြီး တစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၃)လုံး အသေးတစ်လုံး လျှင်(၂၅၀)ကျပ် ငွေကျပ်(၁၀၀၀)ဖိုး (၄)လုံး ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တို့ဟူးစိမ်း နှင့် တို့ဟူးခြောက် ဈေးနှုန်း

          ကျွန်းလှမြို့၊ ပိ‌တောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေဖွှ၊ တို့ဟူးစိမ်း တို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း တို့ဟူးခြောက် တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် နှင့် (၁၀)ကျပ်သား လျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ဈေးနှုန်းတို့ဖြင့်ရောင်းချသောကြောင့် ယခင်အပတ်ထက် တို့ဟူးစိမ်း တစ်ပိဿာလျှင်(၅၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဆူးပုတ်ရွက်နှင့် အဝေရာရွက်ပြုတ် ဈေးနှုန်း

         ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ဆူးပုတ်ရွက်ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ   လာရောက်ရောင်း ချခြင်းဖြစ်ကြောင်း သိရပါသည်။

         ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်ရွက်()စည်းလျှင်(၃၀၀)ကျပ်၊ (၂)စီးလျှင်(၅၀၀)ကျပ် နှင့် (၁၀)စည်းပါ တစ်ထုံးလျှင်(၂၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း အလားတူပင် အဝေရာရွက်ပြုတ် တစ်စည်းလျှင်(၃၀၀)ကျပ်(၂)စည်းလျှင်(၅၀၀)ကျပ်  ဈေးနှုန်းတို့ဖြင့်  ရောင်းချလျက်ရှိကြောင်း  ယခင်အပတ်ထက် ဆူးပုတ်ရွက် တစ်စည်းလျှင်(၁၀၀)ကျပ်ဈေးနှုန်း မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ဆူးကံ့ကော်ပျိုးပင်များ စိုက်ပျိုးရောင်းချလျက်ရှိ

         ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် အပိုဝင်ငွေရရှိရန်အတွက်  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့်ပါ ရောင်းချရန်  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။

        ဆူးကံ့ကော်ပင်များကိုတော့ နှစ်ရှည်သီးနှံပင်အဖြစ် မြေကျင်းတူးပြီး စိုက်ပျိုးရသော အပင်ဖြစ်ပြီး ရိုးရိုးနွေဦးကံ့ကော်ပင်လို တစ်ရာသီထဲပွင့်သည့် မျိုးမဟုတ်ဘဲ ၁၂ ရာသီအလိုက်ပွင့်ပြီး  အပွင့်ပိုကြီးပိုလှတဲ့ ဆူးကံ့ကော်ကို ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ် ကျွန်းလှမြို့၏ ရောင်းချနေသော ဆူးကံ့ကော်ပျိုးပင် ဈေးနှုန်းများမှာ ဆူးကံ့ကော်ပျိုးပင် တစ်ပင်လျှင်(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်း

 

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက်  မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်သတ်မှတ်ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

          စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်()ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှဘဲ (PPRD) စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း အောက်တိုဘာလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၂၉၁၈) ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၂၉၈၈)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၆၈၆) ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၂၃၆)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု အောက်တိုဘာလ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၂၈၉၄) ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၂၉၈၁)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင် (၂၆၄၈) ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၁၈၈)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စက်သုံးဆီဈေး 92တစ် လီတာလျှင်(၂၄) ကျပ်၊ 95တစ်လီတာလျှင်(၇)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၃၈)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်) PHSD တစ်လီတာလျှင်(၄၈)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း