ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် ရောင်းချနေသော တည်သီးနှင့် ထောပတ်သီးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသော သစ်သီးဆိုင်များတွင် တည်သီးနှင့် ထောပတ်သီးများကို အများအပြားရောင်းချနေ ကြကြောင်းသိရသည်။ တည်သီးနှင့် ထောပတ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာ ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     တည်သီးသည် လိမ္မော်ရောင်တောက်တောက်လေးနဲ့ အညှာတံစိမ်းစိမ်းလေး သို့မဟုတ် ခပ်ညိုညိုအရောင်လေးကြောင့်  မျက်စိထဲမှာစွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်အတွက် အထောက်အကူ ပြုကာ ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာလေးလေးပင်ပင်ရှိသောကြောင့် လူကြိုက်များပြီး သရေစာ အဖြစ် လူကြီးလူငယ် မရွေးဝယ်ယူစားသုံးကြကြောင်း၊ ထောပတ်သီးမှာ ကျန်းမာရေးအတွက် အထောက်အကူများစွာပြုသော အသီးဖြစ်သောကြောင့်  အဖျော်ရည်ပြုလုပ်၍ကာ  သရေစာ အဖြစ်လည်းစားသုံးကြကြောင်း၊  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း တည်သီး ဈေးနှုန်းမှာ တည်သီးအကြီး()လုံးလျှင်(၁၇၀၀)ကျပ်နှင့် တည်သီး()လုံးလျှင်(၁၀၀၀၀)ကျပ် ၊အသေး()လုံးလျှင် (၁၀၀၀)ကျပ်နှင့် ထောပတ်သီးအကြီး()လုံးလျှင် (၁၃၀၀)ကျပ်၊ ()လုံးလျှင် (၅၀၀၀)ကျပ်၊ အလတ်()လုံးလျှင်(၁၀၀၀)ကျပ်နှင့် အသေး()လုံးလျှင် (၇၀၀)ကျပ်ဖြင့်အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ဈေးကျလာသောဂျူးမြစ်၏ဈေးနှုန်းဈေးကွက်

          မြင်းခြံမြို့နယ်သည် မိုးနည်းရပ်ဝန်း အပူပိုင်းဒေသဖြစ်သောကြောင့် ဂျူးပင်များ စိုက်ပျိုးဖြစ် ထွန်းမှုမရှိကြောင်း၊ မြင်းခြံမြို့အေးမြသီတာဈေးတွင် ရောင်းချနေသော ဂျူးမြစ်များကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့ရှိကုန်စိမ်းပွဲရုံများမှ မှာယူရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာဒုတိယပတ်တွင် ဂျူးမြစ် ၂၅ ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်စက်တင်ဘာလ ဒုတိယပတ် တွင် ဂျူးမြစ် ၂၅ ကျပ်သားလျှင် (၂၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၉၅၀၀) ကျပ် ပေါက်ဈေးများရှိ ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင်ဂျူးမြစ် ၂၅ ကျပ်သားလျှင်(၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၅၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ယခုအချိန်တွင် ဂျူးမြစ်များထွက် ပေါ် ချိန်ဖြစ် သောကြောင့် ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊အရည်အသွေးနှင့် လတ်ဆတ်မှု အပေါ်တွင် ဈေးနှုန်းများ အနည်းအငယ် ကွာခြားကြောင်း၊ စားသုံးမှုများ၍ ဒေသတွင်း အရောင်း အဝယ် ကောင်းကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ စားသုံးမှု အနေဖြင့် ဂျူးမြစ်နှင့် ကြက်ခြေထောက်မာလာသုပ်၊ ဂျူးမြစ်ထောင်း၊ ဂျူးမြစ်အစပ်ကြော် စသည်တို့ဖြင့် အမျိုးမျိုး ချက်ပြုပ်စားသောက်ကြကြောင်း၊ ဂျူးမြစ်သည် အရေပြားကျန်းမာ ရေးအတွက် များစွာ အကူပြုပြီး၊ အစိုဓာတ်ထိန်းပေး၍ အသားအရည်ကြည်လင်လှပကြောင်း၊ အစာခြေစနစ် ကိုကောင်း မွန်၍ အစာအိမ်ရောင်ခြင်း၊ အူလမ်းကြောင်း ပြဿနာများကို သက်သာ စေကြောင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသောကြောင့် လတ်ဆတ်သော ဂျူးမြစ်များကို ရွေးချယ်စားသုံးသင့် ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့၏ ဩဇာသီးနှင့် မာလကာသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ရာသီစာ အသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ဩဇာသီးနှင့် မာလကာသီးများ  လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ ဩဇာသီးပင်နှင့် မာလကာသီးပင်သည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ်သည်။ဩဇာသီးပင်နှင့် မာလကာသီးပင်များ ကိုကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံ ဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ် ၊အောက်တိုဘာလ ဒုတိယပတ်တွင် ရောင်းချသော ဩဇာသီးဈေးနှုန်းများမှာ ဩဇာ သီးအကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ် ဖြင့်လည်းကောင်း ၊မာလကာသီးအကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊(၂)လုံးလျှင်(၁၅၀၀)ကျပ်၊အသေး (၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မြင်းခြံမြို့၏ငှက်ပျောစိုက်ပျိုးထားရှိမှုနှင့်ကုန်ကျစရိတ်ဈေးနှုန်းဈေးကွက်

         မြင်းခြံမြို့နယ်သည် ဥယျာဉ်ခြံ မြေလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ငှက်ပျော စိုက်ပျိုးခြင်းလုပ်ငန်းကိုလည်းလုပ်ကိုင်ကြောင်းသိရှိရသည်။ဒေသတွင်းကျေးရွာများဖြစ်သော ပတ္တာ ရွာ၊  သင်္ဘောတင်ရွာ၊ ပိုက်တဲကုန်းနှင့် အနိမ့်ကျေးရွာများသည် ငှက်ပျောပင်များကို မိမိတို့၏ခြံဝန်း များ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်းနှင့် စီးပွားဖြစ်လည်းစိုက်ပျိုးကြကြောင်းသိရှိရ သည်။ ငှက်ပျောပင်များကို မိုးဦးမကျမီ မေလဆန်းပိုင်းတွင် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ဧကအနေဖြင့် (၁၁၅)ဧကခန့်စိုက်ပျိုးထားကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရ သည်။ ငှက်ပျောစိုက်ပျိုးရာတွင် လှံစို့သားတက်အပင်မြင့်မျိုးကို စိုက်ပျိုးထားကြောင်း၊ရခိုင်ငှက်ပျော မျိုးနှင့် ဖီးကြမ်းငှက်ပျောမျိုးကိုစိုက်ပျိုးထားကြောင်း၊ ငှက်ပျောပင်ကို(၇)ပေပတ်လည်အထိပင်ကြား တန်းကြား အကွာအဝေးထား စိုက်ပျိုးရကြောင်း၊ အထွက်နှုန်းကောင်းစေရန် တစ်ဧကငှက်ပျောပင် (၁၃၀၀)ခန့်စိုက်ပျိုးထားကြောင်း စိုက်ပျိုးပြီး (၅-၆)လအကြာတွင် ငှက်ပျောဖူးများမထွက်မီအချိန်၌ အပင်ခြေတွင် ဓာတ်မြေဩဇာကို ထည့်သွင်းကျွေးရမည်ဖြစ်ကြောင်း၊ ပန်းပွင့်ပြီးနောက် သားတက် တစ်ခုသာထားရှိပြီး မိခင်အပင်မှ မလိုအပ်သော သားတက်အားလုံးကို ဖယ်ရှားရန်လိုအပ်ကြောင်း၊ ငှက်ပျောကြီးထွားရန် ငှက်ပျောဖူး(အဖိုဖူး)အားဖြတ်ပေးရကြောင်း၊ မိုးရာသီတွင် ရေစိမ့်ဆင်းမှု ကောင်းရန်နှင့် အပင်ခြေရေမဝပ်စေရန် အပင်ခြေကိုမြေဖို့ပေးပါက အပင်ဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးချိန်မှ(၈)လအကြာတွင် ငှက်ပျောသီးများရင့်မှည့်၍ စတင်ခုတ်ယူပြီး ဈေးကွက်သို့တင်ပို့ ရောင်းချကြောင်း၊  တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစု ပေါင်း(၁၉)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့်(၉၀၀) အခိုင်ထွက်ရှိကြောင်း၊ မြင်းခြံမြို့မြို့မစည်ပင်သာယာဈေးကြီးအတွင်း ရောင်းချနေသော ၂၀၂၅ ခုနှစ်၊အောက်တိုဘာဒုတိယ ပတ်တွင် ငှက်ပျောဖီးကြမ်း တစ်ဖီးလျှင် (၃၀၀၀-၄၀၀၀)ကျပ်ခန့်၊ ရခိုင်ငှက်ပျောဖီး တစ်ဖီးလျှင် (၂၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ ငှက်ပျောအဖီး အရည်အသွေးပေါ်မူ တည်၍ဈေးနှုန်း ကွာခြားကြောင်း၊ ထွက်ရှိသော ငှက်ပျောသီးများကို ဒေသတွင်းစားသုံးရန်နှင့် သာရေးနာရေး ပွဲများတွင်လည်း အသုံး ပြုသောကြောင့်ရောင်းချရကြောင်း၊ ဈေးကွက်တင်ပို့မှု အနေဖြင့် တောင်သာ မြို့ သို့တင်ပို့ရောင်းချကြောင်း၊ တစ်ဧကအကျိုး အမြတ်အနေ ဖြင့် (၃၄)သိန်းကျပ်ဝန်းကျင်ခန့်   ရရှိကြောင်း ငှက်ပျောစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

 

ကန့်ဘလူမြို့၌ ရောင်းချနေသော သကြားနှင့်ဆားဈေးနှုန်း

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့်ဒေသ တွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အ ခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် သကြားနှင့်ဆားတို့ကို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချ ကြောင်းသိရသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ရောင်းချနေသော သကြားနှင့်ဆားဈေး နှုန်းတို့မှာ သကြား(၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ (၂၅)ကျပ် သားလျှင်(၁၅၀၀)ကျပ်၊ ဆား(၁)ပိဿာလျှင် (၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၅၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၆၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သကြားကို လက်ဖက်ရည်များ၊ ကော်ဖီများ၊ သစ်သီးများဖျော်ရာတွင်လည်း အများဆုံး အသုံးပြုကြသည့်အပြင်  သကြားနှင့်ဆား များကို အိမ်ရှင်မများဟင်းချက်ရာတွင်လည်း မပါမဖြစ်အသုံးပြုသော အခြေခံစားကုန်ပစ္စည်း များဖြစ်သဖြင့်  အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စုံဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ရေဘဝဲ နှင့် ပြည်ကြီးငါး ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ရေဘဝဲ နှင့် ပြည်ကြီးငါး ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာ ရေဘဝဲ နှင့် ပြည်ကြီးငါး များကို  ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ် မော်လမြိုင်မြို့ နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  တစ်ဆင့် ဝယ်ယူရောင်းချကာ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များ နှင့် စားဖွယ်စုံရောင်းချသည့် ဆိုင်မျာမှ ဝယ်ယူအသုံးပြုနေသည့်အတွက် ဈေးကောင်းသော်လည်း ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

    ယခု အောက်တိုဘာလ ဒုတိယပတ်တွင် ကျွန်းလှမြို့၏ ရေဘဝဲ နှင့် ပြည်ကြီးငါး ဈေးနှုန်းများ အနေဖြင့် ရေဘဝဲ လက်လီဈေး()ပိဿာလျှင်(၇၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင်(၁၈၀၀၀)ကျပ်၊ ပြည်ကြီးငါး လက်လီဈေး တစ်ပိဿာလျှင်(၇၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၃၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၈၀၀၀)ကျပ်  ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ငါး/ပုဇွန်၊ ရေဘဝဲ နှင့် ပြည်ကြီးငါး အရောင်းအဝယ် လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျဆင်းလာသောပန်းထိမ်ငိုပန်းဈေးနှုန်းများ

           မြင်းခြံမြို့နယ်အတွင်းသို့ ပြင်ဦးလွင်ဒေသမှထွက်ရှိသော ပန်းထိမ်ငိုပန်းများ ဈေးကွက်တွင် ရောင်းချလျက်ရှိကြောင်း၊ မြင်းခြံမြို့၊ အေးမြသီတာဈေးရှိ ဘုရားပန်းရောင်းချသောဆိုင်များတွင် အခြားဘုရားပန်းများနှင့်အတူ ပန်းထိမ်ငိုပန်းများကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာဒုတိယပတ်တွင် ပန်းထိမ်ငိုပန်း (၁၀)ခက်ပါတစ်စီးလျှင် (၁၅၀၀) ကျပ်ပေါက်ဈေးများ ဖြင့်ရောင်းချကြောင်း၊ ယခင်စက်တင်ဘာလ ဒုတိယပတ်တွင် ပန်းထိမ်ငိုပန်း (၁၀) ခက်ပါတစ်စီးလျှင် (၂၅၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုအောက်တို ဘာလ တွင် ပန်းထိမ်ငိုပန်း (၁၀)ခက်ပါတစ်စီးလျှင် (၁၀၀၀) ကျပ်ခန့်ဈေးနှုန်း များကျဆင်း ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ပန်းများပေါများစွာထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်း ကျဆင်းခြင်းဖြစ်ကြောင်း၊ အပွင့်အခက် အကြီး၊ အသေး၊ လတ်ဆတ်မှုအပေါ်တွင် မှုတည်၍ ဈေးနှုန်းများအနည်းငယ်ကွာခြားကြောင်း၊ ပန်းထိမ်ငိုပန်းများသည် ဘုရားပန်းထိုးရာတွင် ရက်ကြာ ရှည်ခံသဖြင့် လှပသောကြောင့် ဈေးကွက်တွင် လူကြိုက်များပြီး အရောင်းသွက်လျက်ရှိကြောင်း ပန်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ပန်းထိမ်ငိုပန်းမျိုးတွင် တစ်ထပ်ပန်း၊ နှစ်ထပ်ပန်းနှင့် သုံထပ်ပန်း ဟူ၍သုံးမျိုးရှိကြောင်း၊ပန်း၏အရောင်မှာ မရမ်းရောင်နှင့် အဖြူရောင် တို့ရှိကြောင်း၊ အအေးပိုင်းဒေသများတွင်‌ အောင်မြင်ဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးရန်အတွက် စိုထိုင်း ဆများပြီး အရိပ်ရသောနေရာများကို နှစ်သက်ကြောင်း၊ အပူပိုင်း ဒေသများတွင် ဆောင်းဦးရာသီ၌ စိုက်ပျိုးကြကြောင်း စနစ်တကျစိုက်ပျိုးပါက စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ် နိုင်ကြောင်းသိရသည်။

DOCA(မန္တလေး)

 

                                                                                         

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငရုတ်သီးခြောက် ဈေးနှုန်း

    ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

     ၂၀၂၅ ခုနှစ်၊ ယခု အောက်တိုဘာလ ဒုတိယပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေးအတွင်း ရောင်းချနေသော ငရုတ်သီးခြောက်ဈေးနှုန်းအနေဖြင့် ငရုတ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငရုတ်သီးခြောက် (အရှည်) လက်လီ တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျင်(၁၅၀၀)ကျပ် နှင့် ငရုတ်သီးလှော်ကြော်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ /နီ နှင့် အာလူး အရောင်းအဝယ် လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မြင်းခြံမြို့နယ်၏မိုးငရုတ်စိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်

         မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ထန်းလုပ်ငန်းစသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်လျက်ရှိရာ မိုးငရုတ် များကိုလည်းစိုက်ပျိုးထားကြောင်း၊  မိုးငရုတ်ကို မေလနှင့် ဇွန်လ တို့တွင် စတင်စိုက်ပျိုးပြီး၊ အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန် ကာအထိ (၄) လခန့်ကြာမြင့်ကြောင်းသိရှိရသည်။

         ၂၀၂၅-၂၀၂၆ ခုနှစ်၊ မြင်းခြံမြို့နယ်တွင်  မိုးငရုတ်စိုက်ဧကပေါင်း (၇၆) ဧကစိုက်ပျိုးထားရှိ ကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ မိုးငရုတ်များကို နဘူးအိုင်ရွာ၊ တလုပ်ရွာ၊ တောပုရွာ၊ အနိမ့်ရွာနှင့် ပတ္တာကျေးရွာများတွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ယခင်နှစ်တစ်ဧက အထွက်နှုန်းအနေဖြင့် (၄၀၃) ပိဿာခန့်ထွက်ရှိကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိ ပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ငရုတ်သီးစိမ်း  ၂၅ ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ တစ်ပိသာလျှင် (၄၀၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်စက်တင်ဘာလ ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက ယခုလ တွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၁၅၀၀) ကျပ်ခန့်ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊ ယခုအချိန် တွင် မြင်းခြံဈေးကွက်သို့ ပုပ္ပါးမြို့၊ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့မှထွက်ရှိသော ငရုတ်သီး စိမ်းဝင်ရောက်လာသောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊ ဈေးကွက် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့ရှိ ပွဲရုံများနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

                                                                                       

ဈေးကျဆင်းလာသောတညင်းသီးဈေးနှုန်းအခြေအနေ

         မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်သည်  နှစ်ရှည်ပင်သီးနှံများကို စိုက်ပျိုးကြသော်လည်း   တညင်းသီးပင်စိုက်ပျိုးဖြစ်ထွန်းမှု မရှိကြောင်း၊ တညင်းပင်သည် မြန်မာနိုင်ငံအပူပိုင်းဒေသ များတွင် ပေါက်ရောက်မှုနည်းပြီး၊ အအေးပိုင်းဒေသများဖြစ်သော ရှမ်းပြည်နယ်၊ မြစ်ကြီးနားမြို့ နှင့်ပြင်ဦးလွင်ဒေသများတွင်ပေါက်ရောက်ကြောင်း၊ ထွက်ပေါ်ချိန်မှာ(မေလမှ ဩဂုတ်လ) ဖြစ်ပြီး၊ နွေရာသီနှင့် မိုးရာသီ ကာလများတွင် ထွက်ပေါ်ကြောင်းသိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရောင်းချနေသော၂၀၂၅ ခုနှစ် အောက်တိုဘာ ဒုတိယပတ်၌ တညင်းသီး ၂၅ကျပ်သားလျှင် (၁၅၀၀-၂၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၅၅၀၀-၇၅၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ စက်တင်ဘာလဒုတိယပတ်၌ ဒတညင်းသီး ၂၅ ကျပ် သားလျှင် (၂၀၀၀-၂၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၇၅၀၀-၉၅၀၀) ကျပ်ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် တညင်းသီး ၂၅ကျပ်သားလျှင် (၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ယခုအချိန်တွင် တညင်းသီးများ ဈေးကွက်တွင်ပေါများစွာ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ တညင်းသီး သီးနှံသည် စားသုံးမှုများ၍ ဈေးကွက်တွင် အရောင်းသွက်လျက်ရှိကြောင်း၊ ကောလင်းမြို့၊ပြင်ဦးလွင်မြို့နှင့် မြစ်ကြီးနား ဒေသမှထွက်ရှိသော တညင်းသီးများကို မှာယူတင်သွင်းပြီး မြင်းခြံဈေးကွက်သို့ ရောင်းချကြောင်း၊ ကုန်သည်၏ပြောပြချက်အရသိရသည်။ စားသုံးမှုအနေဖြင့် တညင်းသီးကို ပြုပ် စားခြင်း၊ ချက်စားခြင်း၊ လဘက်ဖြင့်သုပ်စားခြင်း၊ တညင်းသီးဆားရည်စိမ်ကို ငပိရည်နှင့် စား ခြင်းစသည်ဖြင့် စားသုံးနိုင်သလို  ကျန်းမာရေးအနေဖြင့် တညင်းသီးတွင် သကြားဓာတ်များ၍ ဆီးချိုရှိသူများ သတိထားစားသုံးသင့်ကြောင်း၊ ကယ်လိုရီများ၍ အလွန်အကျွံစားပါက ကိုယ်အလေး ချိန်တက်နိုင်ကြောင်း၊ တညင်းသီးကို ကျန်းမာရေးနှင့်သင့်တင့်မျှတစွာ စားသုံးသင့်ကြောင်း သိ ရှိရသည်၊၊

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း