ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဇူလိုင်လအတွင်း ဆန်‌ဈေးနှုန်းအခြေအနေ

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်များ ဈေးများတွင် ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ကောက်ခံလျက် တိုင်းဦးစီးမှူးရုံး သို့နေ့စဉ်တင်ပြလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင် ဈေးရှိ ဆန်ကြမ်း/ချော(နိမ်/မြင့်)ဈေးနှုန်းများမှာ ငစိန် ၁အိတ်လျှင် ၃၁၀၀ဝိ/- ၃၅၅ဝဝိ/-၊ ဧည့်မထ ၁ အိတ်လျှင် ၃၅၅ဝဝိ/- ၄၀၅၀ဝိ/-၊ ဇီယာ ၁ အိတ်လျှင် ၃၃၀၀ဝိ/- ၃၈၀၀ဝိ/-၊ မနောသုခ ၁ အိတ်လျှင် ၃၅၅၀ဝဝိ/- ၄၃၀၀ဝိ/-၊ ပေါ်ကျွဲ ၁ အိတ်လျှင် ၄၀၅၀ဝိ/- ၄၅၀၀ဝိ/-၊ ပေါ်ဆန်းမွှေး ၁ အိတ်လျှင် ၅၀၀၀ဝိ/-၅၉၅၀ဝိ/-၊ ရွှေဘိုပေါ်ဆန်းမွှေး ၁ အိတ်လျှင် ၆၂၀၀ဝိ/- ၇၁၅၀ဝိ/- တို့ဖြင့် ရောင်းချလျက်ရှိပြီး ဇူလိုင်လအတွင်း ဆန်‌ဈေးနှုန်းအခြေအနေမှာ ဈေးတည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

             ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ၊သီရိမင်္ဂလာဈေးတွင် ဇူလိုင်လ (၅) ရက်နေ့မှ ဇူလိုင်လ (၁၁) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ သဲတော၊ ဝမ်းတွင်း မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးလတ် ကျပ် ၄၀၀၀၊ သဲတော၊ တပ်ကုန်း၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၈၀၀၊ အလုံးလတ် ကျပ် ၁၅၀၀၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၈၀၀ ၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၅၀၀ ၊ အလုံးသေး ကျပ် ၄၀၀ မှ ၃၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီး (အနီ) ဂျပ်ဖာအလုံးကြီး ၁၈ လုံးပါ ကျပ် ၁၂၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၉၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၇၀၀၀ ၊ မော်လမြိုင်၊ တိုက်ကြီး မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀၀ မှ ၂၀၀၀၊ အလုံးလတ် ကျပ် ၁၅၀၀ မှ ၁၂၀၀၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၈၀၀၊ ၅၀၀၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀ မှ ၃၀၀ ၊ အလုံးသေး ကျပ် ၂၀၀ မှ ၁၀၀၊ မုံရွာ ၊ ပေါ်တော်မူမှ သရက်သီး (ရင်ကွဲ) (အိတ်စွပ်)အလုံးကြီး သေတ္တာ အလုံးကြီး ၉၅ လုံးပါ ကျပ် ၂၃၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၁၃၀ ပါကျပ် ၁၈၀၀၀၊ အလုံးသေး သေတ္တာ အလုံး  ၁၇၀ ပါကျပ် ၁၄၀၀၀၊ ပေါ်တော်မူ မှ သရက်သီး (ရင်ကွဲ) အလုံးကြီး သေတ္တာ အလုံး ၉၅ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၁၃၀ ပါကျပ် ၁၃၀၀၀၊ အလုံးသေး သေတ္တာ အလုံး ၁၇၀ ပါကျပ် ၁၀၀၀၀၊ ရတနာပုံ၊ ပင်ပစ်မှ သရက်သီး (ရင်ကွဲ) အလုံးကြီး သေတ္တာ အလုံး ၆၀ လုံးပါ ကျပ် ၁၃၀၀၀၊ အလုံးလတ် သေတ္တာ အလုံး ၈၀ ပါကျပ် ၁၀၀၀၀၊ အလုံးသေး သေတ္တာ အလုံး  ၁၀၀ပါ ကျပ် ၈၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကရင်ပြည်နယ်အတွင်း အစေ့ထုတ်ပြောင်း ကုန်စည်စီးဝင်မှုနှင့် ဈေးနှုန်း ဈေးကွက်အခြေအနေ

             အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိသည့် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြည်တွင်းမှ အစေ့ထုတ်ပြောင်းများ နေ့စဉ်ပုံမှန်အတိုင်း ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

            ယခင် ဇူလိုင်လ ကုန်သွယ်မှုဆိုင်ရာ မူဝါဒအပြောင်းအလဲများကြောင့် ကရင်ပြည်နယ်အတွင်း ပြောင်းဆန်ဝင်ရောက်မှု လျော့နည်းခဲ့ကြောင်းနှင့် ၂၀၂၂ ဇူလိုင်လဆန်းမှစ၍ ပုံမှန်အတိုင်း ပြန်လည် ဝင်ရောက်လျက်ရှိနေကာ ၅-၇-၂၀၂၂ မှ ၁၂-၇-၂၀၂၂ နေ့အထိ ယာဉ် (၃၈၁) စီးနှင့် ပြောင်းတန်ချိန် (၁၁၄၀၀) ဝင်ရောက်ခဲ့ပြီး ယခင် (၁)ပိဿာလျှင် (၁၀၂၄/-) ကျပ်မှ ယခုအခါ (၉၉၂/-) ကျပ်ခန့်သို့ ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ကြောင်း သိရပါသည်။

DOCA(ကရင်)

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးနှင့် သီဟိုစျေးမြင့်တက်လျက်ရှိ

            ကွမ်းသီးနှင့်သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီး အကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိကြောင်းသိရှိရပြီး ယခုဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီးအလုံး(အခွံမပါ) တစ်ပိဿာလျှင် (၅၅၀ဝိ/-)နှုန်း ရှိပြီး ရန်ကုန်စျေးကွက်သို့ တင်ပို့သောစျေးမှာ တစ်ပိဿာလျှင် (၆၀ဝဝိ/-)နှုန်းစျေးပေါက်နေ ကြောင်းနှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၅၅၀ဝိ/-)နှုန်း ပေါက်ဈေးရှိကြောင်းသိရှိရပြီး အရောင်းအဝယ်မှာ အနည်းငယ်အေးလျက်ရှိပြီး သီဟိုစေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် (၄၀၀ဝ-၄၃၀၀) ကျပ်ရှိပြီး  သီဟိုစေ့အချော တစ်ပိဿာလျှင် (၂၃၀၀၀-၂၃၅၀၀)ကျပ် ရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ကွမ်းသီးစျေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး  သီဟိုစျေးနှုန်းများမှာ ယခင်အပတ်နှင့် ယခုအပတ် နှိုင်းယှဉ်လျှင် စျေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်းနှင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပခုက္ကူကုန်စည်ဒိုင်၏ ဇူလိုင်လပထမပတ်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုနှင့် တင်ပို့မှုအခြေအနေ

               ပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသမှ အဓိကစိုက်ပျိုးထုတ်လုပ်သော ပဲစဉ်းငုံနီ၊ ပဲတီစိမ်း၊ ကုလားပဲမျိုးစုံ၊ ပဲနီပြား၊ ထောပတ်ပဲ၊ ပဲလွန်း၊ အခြားပဲနှင့် နှမ်းမျိုးစုံများ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။ ဇူလိုင်လပထမပတ်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၄၅၇၀၀ ) ကျပ်မှ (၄၆၀၀၀) ကျပ်၊ ကုလားပဲဝါ (HL) တစ်တင်းလျှင် (၄၆၅၀၀)  ကျပ်၊ကုလားပဲဝါလုံးကြီး(  929 ) တစ် တင်းလျှင် ၄၇၃၀၀ ကျပ်၊ ပဲတီစိမ်းကြီး မှာ အရည်အသွေးကိုလိုက်၍ တစ်တင်းလျှင် ၄၂၀၀၀ မှ ၅၀၀၀၀ ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် ၄၈၄၀၀ မှ ၄၉၀၀၀ ကျပ်၊ နှမ်းညို တစ်တင်းလျှင် ၅၅၀၀၀ ကျပ်၊ ပြောင်းဖူးစေ့(CP) တစ်တင်းလျှင် ၁၆၀၀၀ ကျပ်ဈေးနှုန်းဖြင့် ဥပုသ့်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

           ဇူလိုင်လပထမပတ်တွင် အရောင်းအဝယ်ဖြစ်မှုမှာ ပဲစဉ်းငုံနီ (၆၅၀) အိတ်၊ ကုလားပဲဝါ(HL) (၁၀၀) အိတ်၊ ကုလားပဲဝါလုံးကြီး(929)(၁၀၀)အိတ်၊ ပဲတီစိမ်းကြီး(၁၉၅၀)အိတ်၊ ပဲတီစိမ်းသေး (၁၉၀၀)အိတ်၊ နှမ်းညိုသစ် (၁၅၀၀)အိတ်၊ ပဲဇီးွက်(၅၀)အိတ်၊ ပြောင်းဖူးစေ့(CP)(၁၀၀)အိတ် အရောင်းအဝယ် ဖြစ်နေ ပါသည်။

          ပဲနှမ်းတင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကတင်ပို့ပြီး ယခုတစ်ပတ်တွင် ပဲတီစိမ်းမှာ အများဆုံးဖြစ်ပြီး အခြားပဲများမှာ ပဲယင်း၊ ကုလားပဲအမျိုးမျိုးနှင့် နှမ်ညိုများတင်ပို့လျှက်ရှိကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဈေးငြိမ်နေသော ရွှေကြက်သွန်နီ

        အိမ်ရှင်မများအတွက် မရှိမဖြစ်စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီ မှာဈေးငြိမ်လျှက်ရှိပါသည်။ဇူလိုင်ပထမပတ်တွင် ပခုက္ကူကုန်ဝယ်ဒိုင်သို့ အနယ်နယ်အရပ်ရပ်မှ ကြက်သွန်နီများ ဝင်ရောက်လျှက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဒိုင်ဖြတ်လက်ကားဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ၁၃၅၀ ကျပ်မှ ၁၅၅၀ ကျပ်၊ အလတ်စ တစ်ပိဿာလျှင် ၁၀၀၀ မှ ၁၂၀၀ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် ၉၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဝင်ကုန်ချိန်အနေဖြင့် တစ်နေ့လျှင် ကုန်ချိန်(၁၅၀၀၀ မှ ၄၅၀၀၀) ထိ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

          အလားတူ ဆိပ်ဖြူကုန်စည်ဒိုင်သို့လည်း ယောချောင်းတစ်လျှောက် ကျေးရွာများမှ ကြက်သွန်နီများ ဈေးကွက်အတွင်း ဝင်ရောက်လျှက်ရှိရာ ဆိပ်ဖြူကုန်စည်ဒိုင်၏ ဒိုင်ဖြတ်လက်ကားဈေးမှာ ထိပ်စတစ်ပိဿာ လျှင်(၁၃၀၀) ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် (၈၅၀) ကျပ်ဖြစ်ပြီး ကုန်အဝင် ပိဿာချိန်မှာ နေ့စဉ်ပိဿာချိန် (၁၀၀၀၀) မှ (၂၀၀၀၀) ထိ အရောင်းအဝယ်ဖြစ်နေပါသည်။ တင်ပို့မှုအနေဖြင့်  မြန်မာပြည်အောက်ပိုင်း၊ မြဝတီမြို့များသို့ တင်ပို့လျှက်ရှိကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ကချင်ပြည်နယ်အတွင်း ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း အခြေအနေ

           ကချင်ပြည်နယ်တွင် မိုးစပါးစိုက်ပျိုးချိန်ကာလဖြစ်သည့်အတွက်  ဈေးကွက်အတွင်း သွင်းအားစုများဖြစ်သည့် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အရောင်းသွက်လျှက်ရှိပါသည်။ ဈေးနှုန်းများအနေဖြင့် ဇူလိုင်လ(၁၄)ရက်နေ့တွင် ပုလဲ(ရွှေတောင်) ၅၀ ကီလို တစ်အိတ်လျှင် ၉၇၀၀ဝိ/- ၊ တီစူပါ (တရုတ်သံကွင်း) ၅၀ ကီလို တစ်အိတ်လျှင် ၉၃၀၀ဝိ/- ၊ ကွန်ပေါင်း (အဲဗားဂရင်း) ၅၀ ကီလို တစ်အိတ်လျှင် ၉၃၀၀ဝိ/- ၊ ကွန်ပေါင်း (စိုးမိုးနိုင်) ၅၀ ကီလို တစ်အိတ်လျှင် ၉၅၀၀ဝိ/- ၊ ဆိုင်ရာမို (အာမို) ၅၀၀ စီစီ တစ်ပုလင်းလျှင် ၉၂၀ဝိ/- ၊ ဆိုဒ်ရင်(ဩဘာ) ၅၀၀ စီစီ တစ်ပုလင်းလျှင် ၉၀၀ဝိ/- ၊ ဒိုဇာ (ဩဘာ) ၁၀ ဂရမ် တစ်ဗူးလျှင် ၂၀၀ဝိ/- ​ဈေးနှုန်းရှိပြီး စိုက်ပျိုးရေးသုံး သွင်းအားစုများအနေဖြင့် ဈေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်း စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ကချင်)

ကသာခရိုင် မိုးစပါး ကာလတူ ၆ ရာခိုင်နှုန်းကျော် ပိုမိုစိုက်ပျိုးနိုင်

          ကသာခရိုင်တွင် ၂၀၂၂-ခုနှစ် မိုးစပါး လျာထားစိုက်ဧက (၁၇၃၆၀၈)ဧက ရှိပြီး ဇူလိုင်လ(၁၄) ရက်နေ့ထိ မြေပြင်စိုက်ပျိုးပြီးစီးမှု (၂၇၃၁၀)ဧကရှိသည့်အတွက် ခရိုင်လျာထားချက်အပေါ် (၁၆)ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးကြောင်းနှင့် ယခင်နှစ် ကာလတူတွင် (၇)ရာခိုင်နှုန်းကျော် ရှိသည့်အတွက် ယခုနှစ် ကာလတူအချိန်တွင် (၆)ရာခိုင်နှုန်းကျော်ထိ ပိုမိုစိုက်ပျိုးပြီးစီးကြောင်း သိရပါသည်။

          ၂၀၂၂-ခုနှစ်မေလမှစပြီး မိုးရွာသွန်းမှုများသောကြောင့် လယ်မြေများစိုက်ပျိုးရေ အလုံအလောက် ရသည့်အတွက် တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးပြီးစီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ ယခုအတိုင်း အရှိန်အဟုန်မပြတ် စိုက်ပျိုးနိုင်ပါက ဩဂုတ်လ ဒုတိယပတ်ခန့်တွင် ထွန်တုံးပိတ်နိုင်ကြောင်း တောင်သူများထံမှ သိရသည်။

          ကသာခရိုင်တွင်း မြို့နယ်များ၏ ၂၀၂၂-ခုနှစ် မိုးစပါးလျာထားဧကအပေါ် စိုက်ပျိုးပြီးစီးမှုအနေဖြင့် ကသာမြို့နယ် လျာထား (၃၈၅၀၀)ဧကတွင် စိုက်ပြီး (၆၃၄၉)ဧက၊ ထီးချိုင့်မြို့နယ် လျာထား (၄၀၂၇၁)ဧကတွင် စိုက်ပြီး (၇၂၃၀)ဧက၊ အင်းတော်မြို့နယ် လျာထား(၅၅၉၈၀)ဧကတွင် စိုက်ပြီး (၇၆၃၅)ဧကနှင့် ဗန်းမောက်မြို့နယ် လျာထား (၃၈၈၅၇)ဧကတွင် စိုက်ပြီး (၆၀၉၆)ဧကဖြစ်ကြောင်း ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်ဝယ်လိုအားရှိသည့် ပဲယင်းစိုက်ပျိုး အကျိုးအမြတ်တိုး

           ပဲယင်းကို တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှတင်ပို့ခြင်း၊ အခြားပြည်ပဈေးကွက်သို့ ပုံမှန်ကုန်သွယ်မှုအနေဖြင့်ပင်လယ်ရေကြောင်းမှတင်ပို့ခြင်းဆောင်ရွက်ရရာ ၂၀၂၂ ခုနှစ်တွင် ပဲယင်း ကုန်အဝင်ပေါချိန် ဧပြီလက အမေရိကန်ဒေါ်လာသန်း(၅.၇)ကျော်တန်ဖိုးရှိ ပဲယင်း အရေအတွက် ကီလိုထောင်ပေါင်း (၇၀၀၀)ကျော် တင်ပို့ခဲ့ရပါသည်။ မုံရွာကုန်စည်ဒိုင်ပေါက်ဈေး အရ ဧပြီလက တစ်တင်းလျှင် (၄၁၀၀၀)ကျပ်သာ ဖြစ်ပေါ်ခဲ့ရာက ယခုဇူလိုင်လဆန်းတွင် ပစ္စည်းအဝင်မရှိတော့ဘဲ ပြည်ပဝယ်လိုအားရှိနေခြင်းကြောင့် ကုန်လက်ကျန်ပဲယင်းများကို  တစ်တင်းလျှင်(၇၅၀၀၀)ကျပ်ထိ ရောင်းချရခြင်းကြောင့် ဈေးကွက်ဝယ်လိုအားရှိသည့် ပဲယင်းကို တိုးချဲ့စိုက်ပျိုးခြင်း၊ စိုက်ပျိုးနိုင်သည့်ဒေသကို လေ့လာ၍ တောင်သူများအား တိုက်တွန်းခြင်း ဆောင်ရွက်သင့်ကြောင်း ကုန်သည်တစ်ဦးက အကြံပြုလာသည်။

           ပဲယင်း၏မူရင်းဒေသမှာ အိန္ဒိယ၊ မြန်မာနှင့် ပါကစ္စတန်တို့ဖြစ်ကြောင်း သိရပါသည်။ မြန်မာနိုင်ငံတွင် ပဲယင်းကို သြဂုတ်၊ စက်တင်ဘာနှင့်အောက်တိုဘာလများတွင် စိုက်ပျိုးပြီး မတ်၊ ဧပြီနှင့် မေလများတွင် ရိတ်သိမ်းလေ့ရှိကြပါသည်။ ပဲယင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ဒေသတို့တွင် စိုက်ပျိုးမှုများကြောင်း သိရှိရပါသည်။ ပဲယင်းသည် ပူနွေးသည့် ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အပူချိန် ၁၈ မှ ၃၇ ဒီဂရီ စင်တီဂရိတ်အထိ စိုက်ပျိုးဖြစ်ထွန်းနိုင်ကြောင်းသိရပါသည်။ ပဲယင်းစိုက်ပျိုးသင့်သည့် မြေအမျိုးအစားမှာ ရေစီးရေလာကောင်းသည့် နုန်းမြေ၊ မြေဩဇာကြွယ်ဝသည့် သဲနုန်းမြေများတွင် ပိုမိုသင့်တော်ပြီး ဆားပေါက်မြေ၊ သဲဆန်မြေနှင့်ရေဝပ်မြေများတွင် မစိုက်သင့်ကြောင်းသိရပါသည်။ အတန်းလိုက်စိုက်ပျိုး မည်ဆိုပါက  ၁ ဧကလျှင် (၆- ၈) ပြည်နှုန်း သုံးစွဲနိုင်ပြီး ကြဲပက်စိုက်ပျိုးမည်ဆိုပါက (၁၀-၁၂) ပြည်အထိ သုံးစွဲရမည်ဖြစ်ပါတယ်။  ပဲယင်မျိုးစေ့များကို တန်းကြား (၁၀-၁၂) လက်မ၊ ပင်ကြား (၄-၅) လက်မထား၍ အတန်းလိုက်စိုက်နိုင်ပြီး မျိုးစေ့များကို မြေကြီးအနက် တစ်လက်မ ထားစိုက်ပြီး ရေအနည်း ငယ်ဖျန်းပေးရပါမည်။ စိုက်ပြီးရက်ပေါင်း (၃၀-၅၀) အတွင်း (၂-၃) ကြိမ် ကြားပေါင်းလိုက်ပေးဖို့ လိုအပ်ပါသည်။ ပဲယင်းပင်တွင် သီးလုံးဖောက်ပိုးနှင့် ကျိုင်းနက် ကောင်များ အဓိက ကျရောက် တတ်သည်ကို တွေ့ရပါသည်။ ရောဂါအနေဖြင့် အဝါရောင်မိုစေ့ရောဂါ၊ အရွက်ပုပ်၊ အရိုးပုပ်ရောဂါများ ကျရောက်တတ်ပါသည်။ အပင်တွေ စဝါပါက နှုတ်ပစ်သင့်ပါသည်။ ပဲယင်းကို စိုက်ပျိုးပြီး (၃-၄) လ အကြာ ရက်ပေါင်း (၉၀-၁၂၀) အတွင်း ခူးဆွတ်ရိတ်သိမ်းကြပါသည်။ သီးတောင့်များ၏ ၈၀%  အညိုရောင်ပြောင်းသည့်အချိန်တွင် စတင်ခူးဆွတ်နိုင်ပြီး နံနက်ခင်းတွင် ခူးဆွတ်ခြင်းဆောင်ရွက်ပြီး သီးတောင့်များကို နေလှန်း အခြောက်ခံပြီး အစေ့ထုတ်ကာ သိုလှောင်ရောင်းချခြင်းဖြစ်ပါသည်။ ပဲစေ့၏ဝမ်းဗိုက်တွင် အညှောင့်ဗီဇနေရာ အဖြူစင်းကြောင်းရှည်တစ်ခု ပါရှိသည်။ ပဲယင်းသည် ပဲအခွံမာ၍ အရောင်တောက်ပြောင်ပြီး နီညိုရောင်၊ ကာကီဖျော့ရောင်၊ ဝါညိုရောင်တွေ့ရတတ်သည်။ ဈေးကွက်တွင် ပဲယင်းနီနှင့် ပဲယင်းဝါ ဟုအခေါ်များပြီး ပဲယင်းနီက ဈေးပိုမိုမြင့်သည်။

            စစ်ကိုင်းတိုင်းဒေသကြီးတွင် ပဲယင်းကို နှစ်စဉ် ဧက(၃၅၀၀၀)ကျော်စိုက်ပျိုးထွက်ရှိသည်။ အဓိက အများဆုံးစိုက်ပျိုးရာဒေသမှာ ကလေးမြို့နယ်ဖြစ်ပြီး ဧက(၂၈၀၀၀)ခန့် စိုက်ပျိုး ခြင်းဖြစ်သည်။ ကျန်စိုက်ပျိုးသည့်ဒေသများမှာ မင်းကင်းမြို့နယ်တွင် ဧက(၅၈၀)ခန့်၊ ထီးချိုင့် မြို့နယ်တွင် (၅၆၀၀)၊ ကသာမြို့နယ်တွင် ဧက(၁၀၀)၊ မြောင်မြို့နယ်တွင် (၅၀၀)၊ ချောင်းဦး မြို့နယ်တွင် (၃၀၀)၊ ပုလဲမြို့နယ်တွင် ဧက(၂၀၀)ခန့်စိုက်ပျိုးကြခြင်းဖြစ်ကြောင်း တွေ့ရသည်။ တစ်ဧက အထွက်နှုန်းမှာ ပျှမ်းမျှ (၁၃)တင်းခန့်ဖြစ်ရာ တစ်နှစ်လျှင်တင်းရေ (၄)သိန်းကျော် ထုတ်လုပ်မှု ရှိသည်။ တစ်ဧကကုန်ကျစရိတ်မှာ (၂၅၀၀၀၀)ခန့်ကုန်ကျပြီး ပေါ်ချိန်ပေါက်ဈေး (၄၀၀၀၀) ကျပ်ဖြင့်ရောင်းချရပါက တစ်ဧကအကျိုးအမြတ်(၂၇၀၀၀၀)ကျပ်ရရှိမည်ဖြစ်သည်။ ပဲယင်းကို တိုးချဲ့စိုက်ပျိုးရန်စဉ်းစားရာတွင် ပဲယင်းစိုက်ပျိုးမည့်မြေနေရာ၌ မြေပဲစိုက်ပျိုးမည့် အမြတ် အစွန်းနှင့် နှိုင်းယှဉ်စဉ်းစားစိုက်ပျိုးကြခြင်းဖြစ်‌ကြောင်းသိရသည်။ ပဲယင်းကို ပဲအတိုင်းသော်လည်းကောင်း ကောက်ညှင်းဆန်နှင့်တွဲဖက်၍သော်လည်းကောင်း စားသုံးလေ့ရှိကြသည်။ ပဲယင်းဈေးနှုန်းကိုလေ့လာကြည့်လျှင် ပဲရောင်းဝယ်ချိန် မေလအတွက် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်က တစ်တင်းလျှင် ကျပ်၂၀၀၀၀ ခန့်သာရှိခဲ့သော ပဲယင်းသည် ၂၀၂၂ ခုနှစ်တွင် ၄၀၀၀၀ ကျပ် ဖြစ်လာသဖြင့် ယခင်နှစ်ထက် ပဲစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်၂ဆခန့်မြင့်မားလာသကဲ့သို့ ရရှိသည့် ဈေးနှုန်းမှာလည်း ၂ဆခန့် ရရှိခြင်းကြောင့် လူမှုစီးပွားတိုးတက်ရေးအတွက် စိုက်ပျိုးစွမ်းအားကို မလျော့စေရေး ကြိုးပမ်းရမည်ဖြစ်ပါသည်။

DOCA(စစ်ကိုင်း)

 

 မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင်စတင်ပြန်လည်လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လတတိယပတ်တွင် ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး) တစ်တင်းလျှင် ကျပ်၄၅၀၀၀၊ ပဲစဉ်းငုံ တစ်တင်းလျှင် ကျပ် ၄၄၅၀၀၊ မတ်ပဲ တစ်တင်းလျှင် ကျပ် ၅၂၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၈၀၀၀၊ ကုလားပဲ 929 တစ်တင်းလျှင် ကျပ် ၄၉၀၀၀၊ ကုလားပဲ V2 တစ်တင်းလျှင် ကျပ် ၅၁၅၀၀၊ ကုလားပဲ V3,7 တစ်တင်းလျှင် ကျပ် ၅၁၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

            ဂျုံဖြူသန့်တစ်တင်းလျှင် ကျပ် ၄၅၀၀၀-၄၆၀၀၀၊ ဂျုံနီတစ်တင်းလျှင် ကျပ် ၄၂၅၀၀-၄၃၅၀၀၊ ပဲကြီး(သစ်) တစ်တင်းလျှင် ကျပ် ၇၀၀၀၀-၇၁၀၀၀၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် ကျပ် ၄၄၀၀၀-၄၅၀၀၀၊ ပဲနီလုံးကြား တစ်တင်းလျှင် ကျပ် ၄၅၅၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်းလျှင် ကျပ် ၆၂၅၀၀၊ ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၄၃၅၀၀-၄၅၀၀၀၊  မြေထောက်ပဲ တစ်တင်းလျှင် ကျပ် ၅၁၀၀၀-၅၇၀၀၀၊ ပုဂံပဲ တစ်တင်းလျှင် ကျပ် ၆၃၅၀၀၊ ပဲလွန်းဖြူ တစ်တင်းလျှင် ကျပ် ၃၂၀၀၀-၃၅၀၀၀၊ ပဲလွန်းပြာ တစ်တင်း လျှင် ကျပ် ၃၁၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်းလျှင် ကျပ် ၁၅၀၀၀၊ ပြောင်းနီ တစ်တင်းလျှင် ကျပ် ၁၄၅၀၀၊ ပြောင်းဖြူ တစ်တင်းလျှင် ကျပ် ၁၅၅၀၀၊ ဆီထွက်သီးနှံများ ဖြစ်သော နှမ်းသီးနှံပေါက်ဈေးနှုန်းများမှာ နှမ်းညို တစ်တင်းလျှင် ကျပ် ၆၀၅၀၀၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၀၀၀၀ -၇၃၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၆၆၀၀၀၊ နှမ်းနီ တစ်တင်းလျှင် ကျပ် ၅၉၀၀၀-၆၀၅၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ် ၄၉၀၀-၅၀၀၀၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ် ၄၈၀၀-၄၈၅၀၊ ပဲဖတ်တစ်ပိဿာလျှင်  ကျပ်၁၈၈၀၊ နှမ်းဖတ် တစ်ပိဿာလျှင် ကျပ် ၁၂၈၀၊ နေကြာဖတ် တစ်ပိဿာလျှင် ကျပ် ၁၁၀၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

             ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းများ အနည်းငယ်ဈေးကျနေပြီးနှင့် ဆီထွက်သီးနှံဈေးနှုန်းများဖြစ်သော မြေပဲဆံနှင့် နှမ်းသီးနှံ ဈေးနှုန်းများမှာ အနည်းငယ်‌ဈေး တတ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း