ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

            ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇူလိုင်လ ဒုတိယပတ်တွင် စပါး /ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၂၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၅၄၀၀၊ တန်အားဖြင့် ၅၂၇၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၄၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၆၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၁၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ပခုက္ကူသို့ အိတ်ရေ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၂၂၀၀၀ ၊ တန်အားဖြင့် ၆၁၀၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၁၆၆၀၀၊ တန်အားဖြင့် ၈၃၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇူလိုင်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၁၆၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၅၇၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၁၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၄၆၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၆၅၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၈၅၀၀၊ ၇၄၇စပါး တင်း ၁၀၀လျှင် ကျပ် ၆၇၀၀၀၀၊ ၇၄၇ ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၈၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တမူးမြို့နယ်၏ နာမည်ရလျက်ရှိတဲ့ ရေဆယ်မုန့်ဟင်းခါး

        တမူးမြို့တွင် ရေဆယ်မုန့်ဟင်းခါးကို နံနက်စာ အဆာပြေအဖြစ် အများစု ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိပြီး တမူးရေဆယ်မုန့်ဟင်းခါးဟု နာမည်ရလျက်ရှိပါသည်။ ထိုလုပ်ငန်းကို တစ်ဖက်တစ်လှမ်းမှ မိသားစုဝင်ငွေရရှိရေးအတွက် လုပ်ကိုင်နေသူ ရှုတိုင်းယဉ် ရေဆယ်မုန့်ဟင်းခါးဆိုင်သို့ သွားရောက်မေးမြန်းခဲ့ပါသည်။

          တမူးမြို့နယ်၏ ရေဆယ်မုန့်ဟင်းခါးဆိုင်ရှင် ဒေါ်အေးအေးဝင်းမှ မိမိဆိုင်သည် တစ်ရက်လျှင် ဆန် ( ၅ ) ပြည်ခန့် အသုံးပြု၍ ရေဆယ်မုန့်ဟင်းခါးပြုလုပ် ရောင်းချလျက်ရှိပါသည်။ မုန့်ဟင်းခါးဖတ် ပြုလုပ်နည်းအနေဖြင့် ဆန်ကိုတမူးဒေသထွက် ငရဲဆန် အသုံးပြုပြီး ငရဲဆန်တစ်တင်းလျှင် ( ၁၈၀၀၀ ) ကျပ်ပေး၍ ဝယ်ရပါသည်။ ဆန်တစ်ပြည်လျှင် မုန့်ဟင်းခါးဖတ် ( ၂ - ၂.၅ ) ပိဿာခန့်ထွက်ရှိပါသည်။ မုန့်ဖတ်ဈေးနှုန်းများအနေဖြင့် ( ၁ ) ပိဿာလျှင် ( ၂၀၀၀ - ၂၅၀၀ ) ကျပ် ပေါက်ဈေးနှုန်းများရှိသည်။

            မိမိဆိုင်အနေဖြင့် ရေဆယ်မုန့်ဟင်းခါးဖတ်များကို ကိုယ်တိုင်ပြုလုပ်ကာ ပွဲပြင်များအဖြစ် ပွဲကြီး တစ်ပွဲလျှင် ( ၁၀၀၀ ) ကျပ်နှင့် ပွဲသေး တစ်ပွဲလျှင် ( ၅၀၀ ) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချပါကြောင်း၊ တစ်ရက်ဝင်ငွေအနေဖြင့် ( ၂၅၀၀၀ မှ ၃၀၀၀၀ ) ကျပ်ရရှိကြောင်း  မိမိဆိုင်မှ ရောင်းချ

သည့် ရေဆယ်မုန့်ဟင်းခါးသည် စားသုံးသူများအတွက် အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ပြီး စားသုံးသူ ပြည်သူများ စိတ်ချယုံကြည်စွာ စားသုံးနိုင်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

“မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီဈေးငြိမ်နေပြီး နယ်ဝေးတင်ပို့မှု ပုံမှန်ထက်အနည်းငယ်ပို”

           မိတ္ထီလာဈေးကွက်တွင် ယခုတစ်ပတ် ကြက်သွန်နီဈေးငြိမ်နေပြီး ရန်ကုန်၊ ပဲခူးနှင့် မော်လမြိုင်မြို့များသို့ ပုံမှန်ထက် အနည်းငယ် ပိုမိုတင်ပို့ခဲ့ကြောင်းသိရသည်။ မိတ္ထီလာမှ ရန်ကုန်သို့ တစ်ရက်လျင်ကုန်ချိန်(၁၇)တန်ဆံ့ (၁၂)ဘီးကား တစ်စီးဝန်းကျင်၊ ပဲခူးသို့ ကုန်ချိန် (၉)တန်ဆံ့ (၆)ဘီးကား နှစ်စီးခန့်နှင့် မော်လမြိုင်သို့ တစ်ပတ်အတွင်း (၁၂)ဘီးကား နှစ်စီး တင်ပို့ခဲ့သည်။ မလှိုင်မှ တစ်ပတ်အတွင်း ရန်ကုန်သို့ (၁၂)ဘီးကား (၂)စီး နှင့် မော်လမြိင်သို့ (၁၂)ဘီးကား (၃)စီးတင်ပို့ခဲ့သည်။ ကုန်တင်ခနှုန်းထားအနေနှင့် တစ်ပိဿာလျှင် ရန်ကုန်သို့ ၁၀၀ ကျပ်၊ ပဲခူးသို့ ၉၀ ကျပ်နှင့် မော်လမြိုင်သို့ ၁၃၀ ကျပ်ရှိပြီး ကြက်သွန်နီလက္ကားဈေးမှာ တစ်ပိဿာလျှင် ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်တို့ဖြင့် ဈေးငြိမ်နေကြောင်း သိရသည်။

DOCA(မန္တလေး)    

ဇူလိုင်လဒုတိယပတ်၏ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲကျဆင်း

            လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ရောင်းချလျှက်ရှိပြီး စက်သုံးဆီလက်လီ ဈေးနှုန်းများမှာ ဇူလိုင်လဒုတိယပတ်အတွင်း ဒီဇယ်ရိုးရိုးတစ် လီတာကို (၂၂၉၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၃၄၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို(၁၈၇၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၁၉၄၅) ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိရာ ယခင်  ဇွန်လဒုတိယပတ်အတွင်း ဒီဇယ်ရိုးရိုးတစ် လီတာကို (၂၆၀၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၆၃၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၂၂၇၅)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၃၆၅)ကျပ်တို့ဖြင့် ရောင်းချလျက် ရှိပြီး ယခု ဇူလိုင်လ ဒုတိယပတ် နှင့် ယခင် ဇွန်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်း များကို နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်ရိုးရိုး တစ်လီတာကို (၃၁၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၈၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၄၀၅) ကျပ်နှင့်ဓါတ်ဆီ (95) တစ်လီတာ ကို(၄၂၀)ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာကြောင်း လွိုင်ကော်မြို့ပေါ်ရှိ တော်ဝင်စက်သုံးဆီ အရောင်းဆိုင်မှ သိရှိရပါတယ်။

DOCA(ကယား)

ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ ဇွန်လအတွင်း အရောင်းအဝယ်ဖြစ်မှုနှင့် သီးနှံဈေးနှုန်းများ

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း / တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျှက်ရှိပါသည်။

          ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် ဇွန်လအတွင်း ပဲတီစိမ်းနှင့် နှမ်းနက်များ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ပဲတီစိမ်းတစ်တင်းလျှင် အနိမ့်ဈေး(၄၃၀၀ဝိ/-)ရှိပြီး အမြင့်ဈေး(၄၇၀၀ဝိ/-)ရှိသဖြင့် တစ်တန်လျှင် အနိမ့်ဈေး(၁၃၁၆၂၃ဝိ/-)နှင့် အမြင့်ဈေး(၁၄၃၈၆၇ဝိ/-) ပေါက်ဈေးရှိခဲ့ကြောင်း၊ နှမ်းနက်တစ်တင်းလျှင် အနိမ့်ဈေး(၆၈၀၀ဝိ/-)ရှိပြီး အမြင့်ဈေး(၇၇၀၀ဝိ/-)ရှိသဖြင့် တစ်တန်လျှင်အနိမ့်ဈေး(၂၇၇၅၀၈ဝိ/-)နှင့် အမြင့်ဈေး(၃၁၄၂၃၇ဝိ/-)ပေါက်ဈေးရှိခဲ့ကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲတီစိမ်း(၁၁၅၅၀၀) တင်း/ (၃၇၇၃)တန်နှင့် နှမ်းနက်(၁၁၂၀၀)တင်း/(၂၇၄)တန်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်လ အရောင်းအဝယ် ဖြစ်မှုနှင့်နှိုင်းယှဉ်ပါက မေလအတွင်း ပဲတီစိမ်း၊ နှမ်းနက်၊ နှမ်းနီ(ဆီကြိတ်နှမ်း)နှင့် ကုလားပဲများ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ပဲတီစိမ်း(၅၁၅၀၀)တင်း/(၁၆၈၂)တန်၊ နှမ်းနက်(၇၅၀)တင်း/(၁၈)တန်၊ နှမ်းနီ (၁၁၂၅) တင်း/ (၂၈)တန်နှင့် ကုလားပဲ(၁၅၀၀)တင်း/(၄၇)တန် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် ဇွန်လအတွင်း နှမ်းနီနှင့် ကုလားပဲများအရောင်းအဝယ်ဖြစ်မှုမရှိသော်လည်း မေလနှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း(၂၀၉၁)တန်နှင့် နှမ်းနက်(၂၅၆)တန် ပိုမိုအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ပဲ၊ နှမ်း ကုန်စည်ဒိုင်၏စာရင်းများအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြေအိုး

           မြန်မာ့ရိုးရာ မြေအိုးမျိုးစုံလုပ်ငန်းကို ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးအဖြစ် ထုတ်လုပ် ရောင်းချနေသော စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်ရှိ မြေအိုးမျိုးစုံရောင်းချသော စစ်ကိုင်းမြို့နယ် အိုး လုပ်ငန်းရှင်အသင်းဥက္ကဌ ဖြစ်သည့် ဒေါ်စန်းစန်းဝင်းထံသို့  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်း ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇူလိုင်လ ၁၄ရက်နေ့က သွားရောက်တွေ့ဆုံ၍ ဈေးကွက်/ ဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှု အခြေအနေများ ဆွေးနွေးမေးမြန်းခဲ့ပါသည်။

          ဒေါ်စန်းစန်းဝင်းသည် ၁၉၉၀ခုနှစ်ကစတင်၍ အိုးလုပ်ငန်းကိုလုပ်ကိုင်ခဲ့ပြီး၊ ကုန်ကြမ်းဖြစ် သည့် စစ်ကိုင်းမြို့နယ်၊ စာရေးရွာအနီး ပလပ်မြေမှ မြေနီ၊ မြေနက်ကို ဝယ်ယူအသုံးပြုကာ သောက်ရေအိုး၊ ပန်းအိုး၊ ညောင်ရေအိုး၊ ထမင်းအိုး/ဟင်းအိုး၊ မြေမီးဖိုစသည်တို့ကို အရွယ်အစားမျိုးစုံထုတ် လုပ်၍  အနိမ့်ဆုံး ၅ဝဝိ/- မှ အမြင့်ဆုံး ၃၀ဝဝဝိ/-ထိ ဈေးနှုန်းအမျိုးမျိုးဖြင့် ပြည်တွင်း ဈေးကွက်များဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်သို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပါကြောင်း၊ စစ်ကိုင်းမြို့ပေါ်၌ မြေအိုးမျိုးစုံရောင်းချသည့် လုပ်ငန်းရှင် ၁၀ ဦးခန့် ရှိကြောင်း၊ စစ်ကိုင်းမြို့နယ် အိုးလုပ်ငန်းရှင်အသင်းကို ၂၀၁၁ခုနှစ်က စတင် ဖွဲ့စည်းထားကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့နယ်မှ စိုက်ပျိုးထွက်ရှိပြီး  လူကြိုက်များသော တရုတ်ဇီးသီး

       စစ်ကိုင်းမြို့ထွက် တရုတ်ဇီးသီးများသည် ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလတွင် အဖူးအပွင့်များ စတင်ဖူးကြပြီး မတ်လတွင် အသီးကင်းလေးများ ဖြစ်ပေါ်လာပြီး ဧပြီလနှင့် မေလတွင် တဖြည်းဖြည်း ကြီးထွားလာပြီး ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် လှိုင်လှိုင်ထွက်ရှိပြီး ခူးဆွတ်ရောင်းချလျှက်ရှိကြောင်း သိရပါတယ်။ တရုတ်ဇီးသီးစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ သဲနုံးဆန်သော မြေအမျိုးအစားဖြစ်ပြီး ပိုမို အောင်မြင်ဖြစ်ထွန်းကြောင်း သိရပါတယ်။ အပင်စိုက်ပျိုးချိန်မှာ သုံးနှစ်မှ ငါးနှစ်အကြား အသီးများကို ခူးဆွတ်ရောင်းချနိုင်တယ်လို့ သိရပါတယ်။ ယခုအချိန်မှာ စစ်ကိုင်းဒေသထွက်တရုတ်ဇီးသီးများသည် ရာသီဥတု ကောင်းမွန်သောကြောင့် ဈေးကွက်များတွင် အများအပြားခူးဆွတ်ရောင်းချကြောင်း သိရပါတယ်။

          စစ်ကိုင်းမြို့အဝင် မုံရွာလမ်းမကြီးဘေးဝဲယာတလျှောက်တွင် စစ်ကိုင်းမြို့မှ ထွက်ရှိသည့် တရုတ်ဇီးသီးများကို ထီးမိုး၍ စားပွဲခုံများတွင် တင်၍ ရောင်းချနေကြပါတယ်။ စစ်ကိုင်းမြို့ရှိ ခြံများ၊ အိမ်များတွင် တစ်ပိဿာ ၂၅၀ဝိ/-၊ ၃၀၀ဝိ/-၊ ၃၅၀ဝိ/- ထိ ဝယ်ယူရပါတယ်။ ပြန်ရောင်းလျှင် ၂၅ ကျပ်သားတစ်စီးကို ၁၅၀ဝိ/- နှုန်းဖြင့် တစ်ပိဿာ ၅၀၀ဝိ/- နှုန်းဖြင့် ပြန်လည်ရောင်းချကြောင်း သိရတယ်။ တရုတ်ဇီးသီးများသည် စစ်ကိုင်းမြို့မှာပင် ထွက်ရှိပါတယ်။ စစ်ကိုင်းမှထွက်တဲ့ တရုတ်ဇီးသီး များသည် အလုံးကြီးပြီး အသားထူ၍ အရသာမှာ ချိုနစ်နေပါတယ်။

          ယခုဈေးဆိုင်များမှာ ရောင်းတဲ့တရုတ်ဇီးသီးများမှာ စစ်ကိုင်းတရုတ်ဇီးသီးများအပြင် မေမြို့ အထက် အုန်းချောက ထွက်တဲ့ ဟုန်းပန်းတရုတ်ဇီးသီးနဲ့ ယိုးဒယားတရုတ်ဇီးသီးများကိုလည်း ရော၍ ရောင်းချကြပါတယ်။ ယိုးဒယားတရုတ်ဇီးသီးကတော့ မော်လမြိုင်မှ ဝယ်ယူရရှိကြောင်း သိရပါတယ်။ ယိုးဒယားတရုတ်ဇီးသီးကတော့ တစ်နှစ်ပတ်လုံး ထွက်ရှိကြောင်း သိရပါတယ်။ ယိုးဒယား တရုတ်ဇီးသီးကို တစ်ခြင်း ၁၂၀၀ဝိ/- ဝယ်ယူရရှိပါတယ်။ တစ်ခြင်းကို ၆ ပိဿာပါရှိပါတယ်။ တစ်ပိဿာ ၂၀၀ဝိ/- နှုန်းနဲ့ ဝယ်ယူရပါတယ်။ ပြန်ရောင်းလျှင် တစ်ပိဿာ ၄၀၀ဝိ/- နှုန်းနဲ့ ပြန်ရောင်း ကြောင်း သိရပါတယ်။ ယိုးဒယားတရုတ်ဇီးသီးများမှာ ဆေးချွတ်ထား၍ စစ်ကိုင်းတရုတ်ဇီးသီးနဲ့ တူနေပါတယ်။ အလုံးကတော့ စစ်ကိုင်းတရုတ်ဇီးသီးထက် အလုံးကြီးကြောင်း၊ စားလျှင် စစ်ကိုင်း တရုတ်ဇီးသီးက စားလို့ကောင်းကြောင်း သိရပါတယ်။

          စစ်ကိုင်းတရုတ်ဇီးသီးများကို မန္တလေးမြို့မှ တရုတ်များက အလွန်ကြိုက်၍ စစ်ကိုင်းမြို့ကို ဆင်းဝယ်ကြပါတယ်။ သွေးအားကောင်းကြောင်း စစ်ကိုင်းမြို့ရှိ ဈေးသည်တစ်ဦးထံမှ သိရှိရပါတယ်။ စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်များတွင် တရုတ်ဇီးသီးများကို စိုက်ပျိုးထားပြီး နှစ်ရှည်သီးပင်ဖြစ်သောကြောင့် မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင်ငွေရရှိသောသီးနှံဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

DOCA(စစ်ကိုင်း)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

          အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ် (၇.၇.၂၀၂၂) ရက်နေ့နှင့် ယခုအပတ်(၁၃.၇.၂၀၂၂) ရက်နေ့အတွင်း နှမ်းဖြူနှင့် နှမ်းနီ(၄၅)ပိဿာမှာ ယခင်အပတ်(၁၆၅၀၀ဝိ/) ရှိခဲ့ရာမှ ယခုအပတ်(၁၈၀၀၀ဝိ/-)ဖြစ်၍ (၁၅၀၀ဝိ/-)စီ ဈေးမြင့်ခဲ့ကြောင်း သိရှိရပါသည်။

          ပဲမျိုးစုံဈေးကွက်တွင် ကုလားပဲ(HL)(၂၀)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၅၀၀၀ဝိ/-)ဖြစ်ခဲ့ပြီး ယခုအပတ် (၅၀၀၀ဝိ/-)ဖြစ်၍ ၊ကုလားပဲ(မြကြေး)ယခင်အပတ်(၅၀၅၀ဝိ/-) ဖြစ်ခဲ့ပြီး ယခုအပတ်(၅၀၅၀ဝိ/) ဖြစ်၍ ၊ ဘိုကိတ်ပြာ ယခင်အပတ် (၃၂၀၀ဝိ/-) ဖြစ်ခဲ့ပြီး ယခုအပတ်(၃၂၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ပဲတီစိမ်းမှာ ယခင်အပတ် (၅၀၅၀ဝိ/-) ဖြစ်ခဲ့ပြီး ယခုအပတ်(၄၆၀၀ဝိ/-)ဖြစ်၍ (၄၅၀ဝိ/-)ဈေးလျှော့နည်းခဲ့ကြောင်း၊ ပဲစဉ်းငုံနီ ယခင်အပတ် (၄၅၇၀ဝိ/-) ဖြစ်ခဲ့ပြီး ယခုအပတ် (၄၅၈၀ဝိ/-)ဖြစ်၍(၁၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ မတ်ပဲယခင်အပတ်(၅၃၅၀ဝိ/-) ဖြစ်ခဲ့ပြီး ယခုအပတ်(၅၀၅၀ဝိ/-)ဖြစ်၍ (၃၀၀ဝိ/-)ဈေးလျှော့နည်းခဲ့ကြောင်း၊ ပဲကြီးယခင်အပတ်(၇၁၀၀ဝိ/-) ဖြစ်ခဲ့ပြီး ယခုအပတ်(၇၂၀၀ဝိ/-)ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံနီမှာ(၁)ပိဿာလျှင် ယခင်အပတ်(၄၅၅ဝိ/-) ဖြစ်ခဲ့ပြီး ယခုအပတ်(၄၆၅ဝိ/-)ဖြစ်၍ (၁၀ဝိ/-)ဈေးမြင့်တက်ခဲ့ကြောင်း၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၄၅၅ဝိ/-) ဖြစ်ခဲ့ပြီး ယခုအပတ်(၄၈၀ဝိ/-)ဖြစ်၍ (၂၅ဝိ/-)ဈေးမြင့်တက်ခဲ့ကာအရောင်းအဝယ် ပမဏအနေဖြင့် နှမ်းဖြူ(၁၁၅)အိတ်၊ နှမ်းနီ(၁၄၅)အိတ်၊ ပဲစဉ်းငုံနီ(၃၅၀)အိတ်၊ မတ်ပဲ(၂၇၀)အိတ်၊ ကုလားပဲ(HL)(၅၅၀)အိတ်၊ ကုလားပဲ(မြကြေး)(၇၀၀)အိတ်၊ ဘိုကိတ်ပြာ(၃၆၀)အိတ်၊ ပဲကြီး(၄၅၀) အိတ်၊မြေပဲလုံးဆံဖြူ(၈၀)အိတ်၊ မြေပဲလုံးဆံနီ(၁၀၀)အိတ်၊ ပဲတီစိမ်း(၁၂၀၀၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူမြို့  (နွေ)နှမ်းများ စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးဒေါ်မြင့်မြင့်သန်းသည် (၁၀.၇.၂၀၂၂)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပြည်တွင်း၌စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဆိပ်ဖြူမြို့ပေါ်ရှိ (နွေ)နှမ်းစိုက်တောင်သူ ဦးဝင်းဌေးနှင့်တွေ့ဆုံပြီး စိုက်ပျိုး ထွက်ရှိမှု အခြေအနေများကို သိရှိရန် ကွင်းဆင်းလေ့လာ မေးမြန်းခဲ့ပါသည်။

          ကွင်းဆင်းလေ့လာမေးမြန်းမှုအရ (နွေ)နှမ်းစိုက်တောင်သူ ဦးဝင်းဌေးမှကို ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ဆိပ်ဖြူမြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာများတွင် နှစ်စဉ် (နွေ)နှမ်းများကို ကြက်သွန်၊ မြေပဲ၊ ကုလားပဲများရိတ်သိမ်းပြီးသော မြေကွက်များတွင် သီးထပ်အဖြစ် စိုက်ပျိုးကြ ကြောင်း၊ နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းနက်အမျိုးမျိုး စိုက်ပျိုးကြပြီး စိုက်ပျိုးမြေအမျိုးအစားမှာ မြစ်ရိုး တစ်လျှောက်ရှိ မြေသားအမာနှင့် လယ်ယာမြေများတွင် စိုက်ပျိုးကြောင်း၊ (နွေ)နှမ်းဖြစ်၍ ရေသွင်း ပြီးပိုက်သွယ်တန်း၍ ရေဖြန်းရေမွှားစနစ်ဖြင့် စိုက်ပျိုးကြပြီး ကျဲပက်စိုက်ပျိုးကြောင်း၊ ယခုဘဏ္ဍာနှစ် (၂၀၂၁-၂၀၂၂)တွင် ဆိပ်ဖြူမြို့၊ ရွာသစ်၊ အမှတ်(၄)ရပ်ကွက်တွင် (နွေ)နှမ်းစိုက် တောင်သူ(၃၀)ဦးခန့် စိုက်ပျိုးပြီး (၂၅)ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် စိုက်ပျိုး စရိတ် ရင်းနှီးမတည်ငွေများပြီး အကျိုးအမြတ်နည်းခြင်း၊ ရာသီဥတုမမှန်ကန်ခြင်းကြောင့် (နွေ)နှမ်း စိုက်ပျိုးတောင်သူဦးရေ ယခင်နှစ်ထက်နည်းသွားကြောင်း တောင်သူပြောကြားချက်အရ သိရှိရပါသည်။

          (နွေ)နှမ်းစိုက်ပျိုးရာတွင် စိုက်ပျိုးမြေကို ဦးစွာပထမထွန်ရေးညက်အောင် ပြုပြင်ပြီး ဖေဖော်ဝါရီလလယ်တွင် စိုက်ပျိုးပြီး မေလတွင်ရိတ်သိမ်းကြောင်း၊ စိုက်ပျိုးသက်တမ်းမှာ (၃)လခန့် ကြာမြင့်ကြောင်း၊ စိုက်တောင်သူဦးဝင်းဌေးအနေဖြင့် ယခုနှစ်တွင် မိုးကြက်သွန် (ဥ)စိုက်များ စိုက်ပျိုး ပြီးသော အခင်းကျွတ်တွင် သီးထပ်အဖြစ် နှမ်းနက်(စမုံ)နှမ်းမျိုးကို (၄)ဧကခန့် စိုက်ပျိုးထားရှိ ကြောင်း၊ စိုက်ပျိုးရန် နှမ်းမျိုးစေ့ကို မိမိဒေသထွက် မျိုးကို စိုက်ပျိုးခြင်းမရှိဘဲ (ထိုင်ဝမ်)နှမ်းမျိုးစေ့ အထုပ်ကို ဝယ်ယူစိုက်ပျိုးထားရှိကြောင်း၊ တစ်ထုပ်လျှင်(၁)ပြည်ပါရှိပြီး (၁၅၀၀၀)ကျပ်ဈေးနှုန်းရှိ ကြောင်း၊ ဒေသထွက်နှမ်းမျိုးမှာ တစ်ပြည်(၈၀၀၀)ကျပ်ဖြင့် အချို့တောင်သူများ ဝယ်ယူစိုက်ပျိုးရ ကြောင်း၊ စိုက်ပျိုးရာတွင် မြေကို ညီညာစွာပြုပြင်ပြီး ကြောင်းဆွဲ၍ ကျဲပက်စနစ်ဖြင့် အတန်းလိုက် စိုက်ပျိုးကြောင်း၊ (၁)ဧကလျှင် နှမ်း မျိုးစေ့(၂)ပြည်ခန့်ကုန်ကျကြောင်း၊ (၄)ဧကစိုက်ပျိုးထားရှိ၍ (၈)ပြည်ခန့်ကုန်ကျကြောင်း၊ တောင်သူတစ်ဦးချင်း မျိုးကုန်ကျမှုမှာ ကျဲပက်အထူအပါးပေါ် မူတည် ပြီး မတူညီကြကြောင်း၊ စိုက်ပျိုးရာတွင် ရေသွင်းစိုက်ပျိုးခြင်းဖြစ်၍ ပထမဦးရေမှာ ကြက်သွန်ခင်းကျွတ် မြေတွင် စိုက်ပျိုးခြင်းဖြစ်၍ မြေအစိုဓါတ်ရှိ၍ ရေမသွင်းရကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ရေ(၃)ကြိမ်ထိ သွင်းရကြောင်း၊ မိုးရွာသွန်းမှုရှိပါက ရေသွင်းအကြိမ်ရေ လျော့နည်းသွားကြောင်း၊ စိုက်ပျိုးပြီး(၂)လခန့်အကြာ အပွင့်ပွင့်ချိန်တွင် မိုးများစွာရွာသွန်းခြင်းကြောင့် သီးနှံ ဖျက်ပိုးဝင်၍ အသီးတင်မှုနည်းခြင်းကြောင့် အထွက်နှုန်းမများသော်လည်း သင့်တင့်မျှတမှုရှိကြောင်း၊ ယခုနှစ်တွင် စိုက်ခင်း ရေသွင်းရန် ဝယ်ယူရသော စက်ဆီဈေးနှုန်းများ အဆမတန်ကြီးမြင့် ခြင်း၊ သွင်းအားစုများ ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် ယခင်နှစ်ထက် ကုန်ကျစရိတ်များကြောင်း တောင်သူပြောကြားချက် အရသိရှိရပါသည်။ 

        ဈေးနှုန်းဈေးကွက်အနေဖြင့် ယခင်မိုးရာသီစိုက် နှမ်းနက်(စမုံ)(၁)တင်းလျှင် (၆၈၀၀၀)ကျပ် ရောင်းချခဲ့ရပြီး ယခု(နွေ)နှမ်း(၁)တင်းလျှင် (၇၀၀၀၀)ကျပ်ဖြင့် သီးနှံပေါ်စအချိန်တွင် ရောင်းချရ ကြောင်း၊ ဈေးနှုန်းကွာဟမှုနည်းကြောင်း၊ သီးနှံအရည်အသွေးလိုက်၍ တောင်သူတစ်ဦးချင်း၏ ရောင်းဈေးနှုန်းများ မတူညီကြောင်း၊ ရွာသစ်ရပ်ကွက်အနေဖြင့် ထွက်ရှိသော နှမ်းများကို ချောက်မြို့ ပေါ်ရှိ အေဝမ်းပွဲရုံသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မြေ ပြုပြင်ခ၊ မျိုးစေ့ဝယ်ယူခ၊ အလုပ်သမားငှားရမ်းခ၊ သွင်းအားစုအမျိုးမျိုးဝယ်ယူခ၊ စက်သုံးဆီ ဝယ်ယူခ စုစုပေါင်း(၃)သိန်းခွဲခန့် (၄)ဧက စိုက်ပျိုးထား၍ ပျမ်းမျှ(၁၄)သိန်းခန့် ကုန်ကျကြောင်း၊ ကြက်သွန်ခင်း ကျွတ်စိုက်ပျိုးခြင်းဖြစ်၍ သွင်းအားစုများ အနည်းငယ်သာထည့်သွင်းရခြင်းဖြစ်၍ ကုန်ကျစရိတ် အနည်းငယ် လျော့နည်းသွားကြောင်း၊ ယခုနှစ်အထွက်တင်းမှာ (၁)ဧကလျှင် ပျမ်းမျှ(၈)တင်းခန့် ထွက်ရှိ၍ (၄)ဧကစိုက်ပျိုးထားရှိခြင်းကြောင့် (၃၂)တင်းခန့် ထွက်ရှိကြောင်း၊ (၁)တင်းလျှင်(၇၀၀၀၀)ကျပ်ခန့် ဈေးနှုန်းဖြင့် ရောင်းချခဲ့ရ၍ ဝင်ငွေမှာ (၂၂)သိန်းခန့်ရရှိပြီး အသုံးစရိတ်မှာ (၁၄)သိန်းခန့် ကုန်ကျ၍ (၁)ဧကလျှင်ကျပ် (၃)သိန်းခွဲခန့်ကုန်ကျကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် (၂)သိန်းခန့်ရရှိကြောင်း၊ နှမ်းဈေးနှုန်းမှာ ယခင်နှစ်နှင့်ယခုနှစ်ရောင်း ဈေးနှုန်းမကွာခြားသော်လည်း စိုက်ပျိုးရာတွင် အသုံးပြုသော စက်ဆီနှင့် သွင်းအားစုဈေးနှုန်း အဆမတန် မြင့်တက်သွား၍ အသုံးစရိတ် များလာ ခြင်းကြောင့် အကျိုးအမြတ်ရရှိမှုနည်းသွားကြောင်း၊ တောင်သူပြောကြားချက်အရ သိရှိရပါသည်။

          ဆီထွက်သီးနှံများတွင် တစ်မျိုးအပါအဝင်ဖြစ်သော နှမ်းကို စိုက်ပျိုးခြင်းဖြင့် မိမိပြည်တွင်း၌ စားသုံးသူများအနေဖြင့် စားသုံးဆီကို နေ့စဉ်မပါမဖြစ်စားသောက်သုံးစွဲလျက်ရှိပါသည်။ နိုင်ငံအတွင်း ရှိစားသုံးသူလူဦးရေနှင့် စိုက်ပျိုးထွက်ရှိမှု မမျှတ၍ ပြည်တွင်းစားသုံးမှုလိုအပ်ချက်အရ ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်သည့် စားအုန်းဆီများ ယခုချိန်တွင်ဈေးနှုန်းများမြင့်တက်လာ၍ သုံးစွဲမှုကို လျှော့ချပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ပြည်တွင်းထွက် ပဲဆီ၊ နှမ်းဆီများကို ပိုမိုစားသုံးလာရေး ပြည်တွင်းဆီစက်လုပ်ငန်းနှင့် နှမ်းလှော်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး လုပ်သားပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများစွာရရှိသည့်အပြင် နှစ်စဉ်ပြည်ပနိုင်ငံသို့လည်း ပို့ကုန်အဖြစ် တင်သွင်းခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေးကို အထောက်အကူဖြစ်စေသော နှမ်းသီးနှံကို စိုက်တောင်သူ များမှ စိုက်ပျိုးရန် သင့်တော်သောမြေများတွင် နှစ်စဉ်မပျက် စိုက်ပျိုးသင့်ကြောင်း နိုင်ငံတော်အစိုးရ မှလည်း အရည်အသွေးပြည့်မှိီ၍ တန်ဖိုးမြင့်ထုတ်လုပ်နိုင်ပြီး နှစ်စဉ်ပြည်ပပို့ကုန် တိုးမြင့်နိုင်စေရေး အတွက် လိုအပ်သောနည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် စံချိန်စံညွှန်း အရည်အသွေး ပြည့်မှီသော လယ်ယာထွက်ကုန်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်၍ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြပါရန် အကြံပြုရေးသားတင်ပြအပ်ပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူ ကြက်သွန်နီ ဇူလိုင်လပထမ(၂)ပတ်အတွင်း ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှုအခြေအနေ

          ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဇူလိုင်လ ဒုတိယပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်ပြီး တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ (၂)သောင်းခန့် (၂)ပတ်အတွင်း စုစုပေါင်းပိဿာ (၃)သိန်းခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာပျမ်းမျှ (၂)ပတ်အတွင်း ကုန်ချိန် (၄)သိန်းခန့် ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဇူလိုင်လ(၁)ရက်မှ(၁၄)ရက်ထိ (၂)ပတ်အတွင်း ကုန်စည်ဒိုင်နှင့် သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီ ပိဿာ(၇)သိန်းခန့်ရှိကြောင်း မြို့ပေါ်ရှိ ကုန်စည်ဒိုင်အသင်းဝင်  ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။

            ဈေးနှုန်းဈေးကွက်အနေဖြင့် ဇူလိုင်လဒုတိယပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စ အမြင့်ဆုံးဈေးနှုန်းမှာ(၁၄၀၀)ကျပ်မှ (၁၃၀၀)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စအမြင့်ဆုံးဈေးနှုန်းမှာ (၁၀၀၀)ကျပ်မှ (၈၀၀)ကျပ်ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံအရည် အသွေးများ မတူညီခြင်းကြောင့် ဈေးနှုန်းများကွာခြားကြောင်း၊ ယခင်အပတ် ကြက်သွန်နီ အမြင့်ဆုံး ဈေးနှုန်းမှာ (၁၅၂၅)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအပတ် အမြင့်ဆုံးဈေးမှာ (၁၄၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်အပတ်ထက် (၁၂၅)ကျပ်ခန့် ဈေးနှုန်း ကျဆင်းသွားကြောင်း၊ အနိမ့်စအမြင့်ဆုံးဈေးနှုန်းမှာ ယခင်အပတ်က (၁၁၀၀)ကျပ်၊ ယခုအပတ် (၁၀၀၀)ကျပ် ဈေးနှုန်းဖြစ်၍ (၁၀၀)ကျပ်ခန့် ကျဆင်းခဲ့ကြောင်း၊ ကြက်သွန်နီ ဈေးနှုန်းများ ယခင်အပတ်ထက် ဈေးအနည်းငယ် ကျဆင်းသွားရခြင်းမှာ ပြည်တွင်းဖြန့်ဖြူးမှုသာရှိပြီး ပြည်ပ ဝယ်လက်နည်းကြောင်း၊ ကြက်သွန်နီစိုက် တောင်သူကုန်သည်များမှလည်း ‌ဈေးငြိမ်နေ၍ ထုတ်ကုန်များကို ထိန်း၍ ရောင်းချနေကြောင်း၊ ယခင်အပတ်ထက် ကုန်စည်စီးဆင်းမှု နည်းသွားကြောင်း ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစားတစ်ဦးထံမှတစ်ဆင့် သိရှိရသည်။

         ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၁၆၀၀)၊ လတ်(ကြီး) ကျပ်(၁၅၀၀/၁၄၀၀)၊ လတ်(သေး) ကျပ်(၁၂၀၀/၁၁၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဇူလိုင်လဒုတိယပတ်အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့(၃၀)စီး၊ ပြည်မြို့(၁၅)စီး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ (၁၈)စီး၊ မော်လမြိုင်မြို့(၄)စီး၊ မြဝတီမြို့(၈)စီး စုစုပေါင်း(၇၅)စီးခန့် (၆/၁၂)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီပျမ်းမျှပိဿာ(၇)သိန်း၊ တန်ချိန်(၄)သောင်းခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း