ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အာလူးဈေးနှုန်း အနည်းငယ်ကျဆင်း

           ကယားပြည်နယ်အတွင်း ထွက်ရှိသော ဒေသထွက် အာလူးသည် ပြည်နယ်အတွင်း စားသုံးသူများအတွက် အရေးပါသော စားဖိုဆောင်သီးနှံတမျိုးဖြစ်သည်။ အာလူးမှာ အသီးသီး သည့်အာလူးနှင့် မြေထဲမှတူးဖော်ရသော အာလူးဟူ၍ (၂) မျိုးရှိသည့် အာလူးများအနက် မြေထဲ မှတူးဖော်ရသောအာလူးကို လူအများဆုံးကြိုက်နှစ်သက်ကြပါသည်။ အာလူးကို ဒေသအတွင်း ဒီးမောဆိုမြို့နယ်၊သေးဆူလဲကျေးရွာ၊ ကုန်းသာကျေးရွာ ၊ဒေါပေါ်ကလဲကျေးရွာတို့တွင်  စိုက်ပျိုး ထွက်ရှိသော်လည်း အခြားဒေသများဖြစ်သည့် ပင်လောင်း၊ အောင်ပန်း၊ ကလော၊ နောင်တရား မြို့တို့မှအများဆုံး ဝင်ရောက်လျက်ရှိပါသည်။ ယခုအပတ်တွင် ပြည်နယ်အတွင်း အာလူးဝင်ရောက်မှုမှာ ( ၆ )အိတ် ( ၁၂၀ ) ပိဿာရှိခဲ့ပြီး ယခုလက်ရှိ  ဈေးကွက်တွင်ဖြစ်ပေါ်နေသော အာလူး ဈေးနှုန်းမှာ အလုံးကြီး တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် (၁၇၀၀)၊ ၁၈၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် ဇွန်လ ဒုတိယပတ်တွင် အာလူးအလုံးကြီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် (၂၃၀၀) ကျပ်သာ ရှိခဲ့ပြီး ယခင်ဇွန်လ ဒုတိယပတ်နှင့် ယခုဇူလိုင်လ ဒုတိယပတ်နှိုင်းယှဉ်မည်ဆိုလျှင် အာလူး အလုံးကြီး တစ်ပိဿာ (၅၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာ( ၄၀၀ - ၅၀၀ ) ကျပ်ခန့်ဈေးနှုန်း ကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ဈေးကွက်အတွင်း ဒေသထွက် အာလူးများဝင် ရောက်မှုများပြားလာသောကြောင့် ဖြစ်သည်ဟု နောင်ယားဈေးရှိ အာလူးရောင်းချသူတစ်ဦးထံမှ သိရပါတယ်။

DOCA(ကယား)

ကယားပြည်နယ်ဘိလပ်မြေဈေးနှုန်း ကျဆင်းလျှက်ရှိ

           ကယားပြည်နယ်တွင် ကုန်စည်စီးဆင်းမှုမှာ ပုံမှန်လည်ပတ်လျက်ရှိပြီး ဇူလိုင်လအတွင်း အိမ်ဆောက်ပစ္စည်းအချို့နှင့် ဘိလပ်မြေများ ပြည်နယ်တွင်းသို့ဇူလိုင်လအတွင်း ဘိလပ်မြေဝင်ရောက်မှုမှာ ကားစီးရေအတွက်(၁၀)စီး၊အိတ်ရေ(၇၀၈၀)အိတ်တင်သွင်းလာ လျှက်ရှိကြောင်းမြို့ဦး ဂိတ်စာရင်းအရသိရှိရပါတယ်။ယခုဇူလိုင်လတွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ အာပါချီဘိလပ်မြေတစ်အိတ်လျှင် (၇၄၀၀) ကျပ်၊ ကမ္ဘောဇဘိလပ်မြေ တစ်အိတ် လျှင်(၇၄၀၀)ကျပ်၊ နဂါးဘိလပ်မြေ တစ်အိတ်လျှင် ( ၇၃၀၀ )ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်ဇွန်လတွင် အာပါချီဘိလပ်မြေ တစ်အိတ်လျှင်(၇၈၀၀)ကျပ်၊ ကမ္ဘောဇဘိလပ် မြေတစ်အိတ်လျှင်(၇၅၀၀)ကျပ်၊နဂါးဘိလပ်မြေတစ်အိတ်လျှင်(၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ၊ ယခင် ဇွန်လ နှင့် ယခုလ ဇူလိုင်လ နှိုင်းယှဉ်ကြည့်လျှင် (အာပါချီ) တစ်အိတ်ကျပ် (၄၀၀)ခန့်၊ (ကမ္ဘောဇ)တစ်အိတ်လျှင်ကျပ်(၁၀၀)ခန့်၊ (နဂါး)တစ်အိတ်လျှင် ကျပ်(၇၀၀)ခန့် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ သိရှိရပါတယ်။

DOCA(ကယား)

မြစ်ကြီးနားမြို့ တညင်းသီးဈေးကွက်

             တညင်းသီးကို ကချင်ပြည်နယ်ရှိ ခြံဝန်းများ၊ ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးကြပါသည်။ ဇွန်လ နောက်ဆုံးပတ်မှစ၍ တညင်းသီးဈေးကွက် စတင်လာပြီး ဒညင်းသီး ၁ လုံးလျှင် ၃၀ ကျပ်မှ ၅၀ ကျပ် အထိပေါက်ဈေးရှိပါသည်။ တညင်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူများမှာ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများတွင် အပင်ပြတ် (သို့မဟုတ်) အလုံးရေဖြင့် ဝယ်ယူကြရာ စိုက်ပျိုးသူများအနေဖြင့် အလုံးအရွယ်အစား ပေါ်မူတည်ကာ ၁၃ ကျပ် မှ ၁၇ ကျပ်အထိ ရရှိပါသည်။ ဒညင်းသီးဒိုင်များသို့ သွင်းပါက အလုံး အရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ၁၈ ကျပ်မှ ၂၀ ကျပ်အထိ ရရှိပါသည်။ တညင်းသီးကို အခွံနွှာပြီး တညင်းသီးများကို ပိုက်အိတ်များဖြင့် တစ်အိတ်လျှင် အလုံးရေ ၅၅၀၀ ခန့်ထိ ထည့်သွင်း၍ မန္တလေးဈေးကွက်သို့ အဓိကတင်ပို့ကြပါသည်။ကားဖြင့် သယ်ဆောင်ပါက အလုပ်သမားခအပါအဝင် တစ်အိတ်လျှင် မြစ်ကြီးနားမှ မန္တလေးသို့ ၆၅၀ဝိ/-ကုန်ကျစရိတ် ရှိပါသည်။ မန္တလေးဈေးကွက်တွင် တညင်းသီးအလုံးရေ ၅၀ မှ ၇၀ ပါ တစ်ပိဿာလျှင် ၂၅၀ဝိ/- ခန့်ပေါက်ဈေးရှိကြောင်း သိရှိရပါသည်။

DOCA(ကချင်)

ပန်းတောင်းမြို့နယ်ရှိ ဥသျှစ်ပင်မြို့၊ လမင်းပွဲရုံသို့ကွင်းဆင်း

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်း မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၈.၇.၂၀၂၂)နေ့ နေလယ် (၁၄:၀၀)အချိန်တွင် ဥသျှစ်ပင်မြို့ရှိ လမင်း ပဲနှမ်းပွဲရုံသို့ သွားရောက်၍ ပဲဈေးနှုန်းဈေးကွက် အခြေအနေအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ဥသျှစ်ပင်မြို့ရှိ လမင်းပဲနှမ်းပွဲရုံပိုင်ရှင် ဦးကျော်သူစိုးနှင့်တွေ့ဆုံ၍ မေးမြန်းရာတွင် ပန်းတောင်းဒေသ အနီးတဝိုက်ရှိ ပဲနှမ်းများအား ဝယ်ယူ၍ ပြည်မြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်း ချကြောင်း၊ ယခုအချိန်တွင် ဈေးကွက်၌ ပဲလက်ကျန်နည်းပါးလာသောကြောင့် အရောင်းအဝယ်အေး နေကြောင်း သိရှိရပါသည်။ လမင်းပဲနှမ်းပွဲရုံရှိ ဈေးများမှာ မတ်ပဲတစ်တင်းလျှင် ၅၃၅၀၀ကျပ်၊ ပဲတီစိမ်းတစ်တင်းလျှင် ၅၀၀၀၀ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)မျိုးတစ်တင်းလျှင် ၄၃၀၀၀ကျပ်၊ မြေပဲဆန် တစ်ပိဿာလျှင် ၄၅၀၀၀ကျပ်၊ ပဲကြီးတစ်တင်းလျှင် ၆၈၀၀၀-၇၀၀၀၀ ကျပ်နှင့် ဆီကြိတ် နှမ်းနီတစ်တင်းလျှင် ၅၅၀၀၀ကျပ်ဈေးဖြင့်ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပေါက်ခေါင်းမြို့ရှိ ဥစားဘဲမွေးမြူရေးလုပ်ငန်းသို့ ကွင်းဆင်းလေ့လာ

       ပြည်ခရိုင်အတွင်းရှိ၊ ပေါက်ခေါင်းမြို့နယ်တွင် ဥစားဘဲ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံ ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများသည် (၈.၇.၂၀၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် ကင်ပွန်းခြုံအုပ်စု ရေဖြူကျေးရွာသို့ သွားရောက်၍ ဘဲမွေးမြူရေးခြံပိုင်ရှင်နှင့် တွေ့ဆုံ၍မေးမြန်းခဲ့ပါသည်။

          ပေါက်ခေါင်းမြို့နယ်၊ ကင်ပွန်းခြုံအုပ်စု ရေဖြူကျေးရွာရှိ ဥစားဘဲ မွေးမြူရေး လုပ်ကိုင်လျှက်ရှိသော ဦးချစ်ငွေနှင့်တွေ့ဆုံ၍ မေးမြန်းရာတွင် ၎င်းမှဘဲအကောင်ရေ (၃၀၀၀)မွေးမြူထားကြောင်း စတင်မွေးမြူသည့်အရွယ်မှာ အကောင်ပေါက်အရွယ်မှ စတင်မွေးမြူထားကြောင်း သိရပါသည်။ ဘဲများကို ကျွေးသည့်အစာမှာ CPစာ၊ ဆန်ကွဲ၊ ပုစွန်ဖွဲနှင့် စပါးများကိုကျွေးမွေးရပါသည်။ စတင်မွေးမြူသည့် အကောက်ပေါက်အရွယ်မှစ၍ ဥစမ်းသည့်အချိန် (၆)လတာကာလတွင် အစားကျွေးခ တစ်လလျှင် ၄သိန်းခွဲခန့်ကုန်ကျသည်ဟုသိရပါသည်။ ဥစမ်းကာလမှစ၍ တစ်နေ့ကုန်ကျစရိတ်မှာ ၈သောင်းဝန်းကျင်ခန့်ကုန်ကျပါသည်။ ဥစမ်းကာလတွင် တစ်နေ့လျှင် ဘဲဥ ၂၅/၃၀လုံးထိဥ ဥပြီး ဥစမ်းကာလအပြီး(၁)လအကြာတွင် တစ်နေ့လျှင် ဘဲဥနှုန်း ၁၁၀၀လုံး ခန့်ဥနိုင်ပြီး၊ ဥများ လှိုင်လှိုင် ဥချိန်တွင် တစ်နေ့လျှင် အလုံး ၂၀၀၀ခန့် ဥ ဥကြောင်းသိရပါသည်။ ဘဲဥဈေးမှာ ဖောက်သည်ဈေး တစ်လုံးလျှင် ၁၅၀ မှ ၂၀၀ကျပ်အထိ ရရှိသဖြင့် တစ်နှစ်လျှင် အသားတင်အကျိုးအမြတ်မှာ ပျမ်းမျှ သိန်း(၂၀၀) ဝန်းကျင်ခန့် ရရှိသည်ဟု သိရပါသည်။

          ထို့ကြောင့် ဘဲမွေးမြူရေးလုပ်ငန်းကို တပိုင်တနိုင်မှ စီးပွားဖြစ်မွေးမြူရန်အတွက် အရင်းအနှီးများစွာ လိုအပ်လျှက်ရှိပြီး ယခုအချိန်တွင် ဘဲဥဈေးများမြင့်တက်လာသဖြင့် ယခင်နှစ်ထက် အကျိုးအမြတ်များပိုမိုရရှိလာ၍ နောက်နှစ်များတွင် ပိုမိုတိုးချဲ့၍ မွေးမြူရန် စီစဉ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့၌ စားသုံးဆီများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ နတ်တလင်း မြို့နယ်တွင် စားအုန်းဆီများအား သက်သာ သော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို နတ်တလင်းမြို့ ရွာမရပ်ကွက် တာပွန်လမ်းရှိ အောင်ချမ်းသာ ဆီစက်တွင် ၄.၇.၂၀၂၂ ရက်နေ့ နေ့လည်ပိုင်း က စတင်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          နတ်တလင်းမြို့ရှိ ဒေသခံ ပြည်သူများအား သက်သာ‌သော ဈေးနှုန်းဖြင့် စားသုံးဆီများ ဝယ်ယူ စားသုံးနိုင်စေရန် တစ်ပိဿာလျှင် ၆၃၀၀/ကျပ် နှုန်းဖြင့် တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး  ဖောက်သည် ဆီဆိုင်များကိုလည်း လက်လီ/လက်ကား ရောင်းချပေးမည်ဖြစ်ကြောင်း ၊ စားအုန်းဆီများအား First Top Co; Ltd ငုဝါလမ်း ဘုရင့်နောင်ပွဲရုံမှ တင်သွင်း ရောင်းချမည်ဖြစ်ကြောင်း အောင်ချမ်းသာ ဆီစက်ပိုင်ရှင် ဦးအောင်ကျော်ဇော၏ ပြောကြားချက်အရ သိရှိရပါသည်။

          ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် သက်သာသော ဈေးနှုန်းဖြစ်စေရေး အတွက် ဆီလုပ်ငန်းရှင်များမှ ရောင်းချပေးခြင်းဖြစ်ကြောင်း ဇူလိုင်လဆန်းပိုင်းတွင် ဈေးကွက်အတွင်း စားအုန်းဆီ တစ်ပိဿာဈေးနှုန်း ၇၆၀၀/၇၈၀၀/၈၀၀၀ ခန့်၊ နှမ်းဆီတစ်ပိဿာ ၉၅၀၀ ကျပ်၊ ပဲဆီ တစ်ပိဿာလျှင် ၁၀၀၀၀/ကျပ်ခန့် ရှိသဖြင့် ပြည်သူများ စားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါရောင်းချပေးမှုအား စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက် ပေးလျှက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                               

ဇီးကုန်းမြို့နယ်တွင် စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

          ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်တွင် (၄.၇.၂၀၂၂) ရက်နေ့ နေ့လယ် ( ၁၃:၀၀) အချိန်၌ ဇီးကုန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား ဦးခင်မောင်ဆွေ ကုန်စုံဆိုင်၊ ရုံးလမ်းတွင် စားအုန်းဆီများကို တစ်ပိဿာလျှင် ၆၃၀၀/ကျပ် ဈေးနှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

          မြို့နယ်အတွင်း စားအုန်းဆီများအား ဖြန့်ဖြူးရောင်းချပေးရာ၌ ကျန်းမာရေးနှင့် ညီညွတ်စေရန် Food Grade Clean Drum များဖြင့် လည်းကောင်း၊ Food Grade Bowser Truck ဖြင့်လည်းကောင်း၊ ပေပါအဝါများဖြင့်သာ ထည့်သွင်းရောင်းချမှု ရှိ/မရှိ ၊ သက်သာသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချနိုင်စေရန်နှင့်  ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရန် ရည်ရွယ်၍ စားသုံးသူ ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ ကြီးကြပ်ပြီး ဆီလုပ်ငန်းရှင်များမှ First Top Co; Ltd ၊ ငုဝါလမ်း ဘုရင့်နောင်ပွဲရုံမှ တင်သွင်း၍ ဒေသခံပြည်သူများအား ဖြန့်ဖြူး‌ရောင်းချပေးနေကြောင်း သိရှိရပါသည်။

          ဇီးကုန်းမြို့နယ်၌ ဇူလိုင်လဆန်းပိုင်းတွင် ဖြစ်ပေါ်နေသော စားအုန်းဆီဈေးမှာ ၆၈၀၀/၇၀၀၀/ ၇၃၀၀/၇၅၀၀ ကျပ်ရှိခဲ့ပြီး ၄.၇.၂၀၂၂ ရက်နေ့တွင် ၈၀၀၀/ ကျပ်ဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချနေပြီး မြေပဲဆီ တစ်ပိဿာလျှင်  ၁၀၀၀၀/၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၁၀၀၀/ကျပ် ဈေးနှုန်းများဖြင့် ရောင်းချပေးလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ညောင်လေးပင်မြို့နယ်၏ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းဈေးကွက် အခြေအနေ

           ယခုတစ်ပတ်တွင် ညောင်လေးပင်မြို့နယ်၏    ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းများ အနေဖြင့်  15 : 15 : 15 ( TE) MC 50 kg တစ်အိတ်လျှင် ၉၀၀၀၀ကျပ် ၊  9:9:9 MC 50 kg တစ်အိတ်လျှင် ၇၅၀၀၀ ကျပ် ၊ 16 : 16 : 16 MC 50 kg တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ် ၊ ပုလဲသာ ( ‌ရွှေနဂါး) ဓာတ်မြေသြဇာ 50kg  တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်၊ မြင်းပျံ ပုလဲ (သြဘာ) 50kg  တစ်အိတ်လျှင် ၈၇၅၀၀ကျပ် ၊ ကောမတ်သြဘာ 50 kg တစ်အိတ်လျှင် ၈၇၅၀၀ကျပ် ၊ ပိုတက်ဓာတ်မြေသြဇာ ( GBS  ပိုတက်)   50kg တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ ခရုပိုးသတ်ဆေး (သြဘာ)  200g တစ်ထုပ်လျှင် ၁၁၀၀၀ကျပ်၊ စပါးဖျန်းပိုးသတ်ဆေး (သြဘာ)  200g တစ်ထုပ်လျှင် ၁၁၀၀၀ကျပ် ၊ အန်းကား (သြဘာ) 500 CC တစ်ဗူးလျှင် ၁၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ယခင်အပတ်က ညောင်လေးပင်မြို့နယ်၏    ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းများ အနေဖြင့်  15 : 15 : 15 ( TE) MC 50 kg တစ်အိတ်လျှင် ၉၅၀၀၀ကျပ် ၊  9:9:9 MC 50 kg တစ်အိတ်လျှင် ၇၅၀၀၀ ကျပ် ၊ 16 : 16 : 16 MC 50 kg တစ်အိတ်လျှင် ၉၇၀၀၀ကျပ် ၊ ပုလဲသာ ( ‌ရွှေနဂါး) ဓာတ်မြေသြဇာ 50kg  တစ်အိတ်လျှင် ၇၇၀၀၀ ကျပ်၊ မြင်းပျံ ပုလဲ (သြဘာ) 50kg  တစ်အိတ်လျှင် ၉၅၀၀၀ကျပ် ၊ ကောမတ်သြဘာ 50 kg တစ်အိတ်လျှင် ၉၅၀၀၀ကျပ် ၊ ပိုတက်ဓာတ်မြေသြဇာ ( GBS  ပိုတက်)   50kg တစ်အိတ်လျှင် ၉၀၀၀၀ ကျပ်၊ ခရုပိုးသတ်ဆေး (သြဘာ)  200g တစ်ထုပ်လျှင် ၁၂၀၀၀ကျပ်၊ စပါးဖျန်းပိုးသတ်ဆေး (သြဘာ)  200g တစ်ထုပ်လျှင် ၁၀၀၀၀ကျပ် ၊ အန်းကား (သြဘာ) 500 CC တစ်ဗူးလျှင် ၁၅၀၀၀ ကျပ်ဖြစ်၍  ယခုအပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက  ဈေးနှုန်းများ အတက်အကျရှိသည်ကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၃၆၆၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး   စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ရောင်းဝယ်ဖောက်ကားရမည့် အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

              ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၃၆၆၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

              ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

              အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page  တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

             

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

              အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇူလိုင်လ (၈)ရက်နေ့မှ ဇူလိုင်လ (၁၄)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် (ပိဿာ)ကျပ် ၁၂၀၀ မှ ၁၅၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်) ကျပ် ၅၀၀ မှ ၈၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၆၀၀ မှ ၈၀၀ အတွင်း၊ အာလူး(ပိဿာ) ကျပ် ၁၈၀၀ မှ ၂၀၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် ၁၂၀၀ မှ ၁၇၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၅၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၂၀၀ မှ ၁၇၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) (ပိဿာ) ၂၀၀၀ မှ ၃၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) (ပိဿာ) ကျပ် ၂၅၀၀ မှ ၂၈၀၀ အတွင်း၊ ချင်း(ပိဿာ) ကျပ် ၈၀၀ မှ ၁၀၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၁၀၀ မှ ၁၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် ၅၀ မှ ၁၀၀ အတွင်း၊ ခရမ်းသီး(ရှည်)(ပိဿာ)ကျပ် ၁၂၀၀ မှ ၁၇၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၂၀ မှ ၁၀၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ) ၁၅၀၀ မှ ၂၀၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၂၅၀၀ မှ ၃၅၀၀ အတွင်း ဖြစ်ကြောင်း သိရှိရပါတယ်။ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (၁၂၉၆၀၀)ကျော်၊ ခရမ်းသီး(ရှည်)(ပိဿာ)(၉၀၇၀)ကျော်၊ ဗူးသီးအလုံး ပေါင်း (၂၄၅၀)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း (၁၆၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၃၁၉၀၀)ကျော်၊ ပန်းဂေါ်ဖီ ထုပ်ပေါင်း (၂၀၅၀၀)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (၁၁၇၁၅)ကျော်၊ ဖရဲသီးလုံး ပေါင်း (၁၈၂၀၀)ကျော်  အသီးသီးကုန်အဝင်ရှိကြောင်း သိရပါတယ်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း