ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါးစိုက်ခင်းများပိုးကျခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခြင်း

ဧရာဝတီတိုင်းဒေသကြီးရှိ အချို့မြို့နယ်များတွင် စိုက်ပျိုးပြီးစပါးပင်များနှင့်၊ဖုံးချိန်လုံးချိန် အချိန်များ၊ စပါးနှံများထွက်ရှိသည့်အချိန်များတွင် ဒေသအခေါ်အဝေါ်အရ(ဖြုတ်ပိုး)ဟုခေါ်သောပိုးများ ကျခြင်းကြောင့် စပါးပင်အရွက်များခြောက်သွေ့ပြီးသေသွားခြင်း၊ ထွက်ရှိနေသောစပါးနှံများအားစားသုံးကိုက်ဖြတ်ခြင်း၊ စပါးနှံတစ်နှံလျှင်အစေ့(၅၀)ရှိခဲ့သော်အောင်မြင်သောအစေ့မှာ(၅)စေ့မျှလောက်သာရရှိခြင်း၊ ထိုပိုးများအားပိုးသတ်ဆေးဖျန်းရာဆေးဖျန်းချိန်တွင်ရှိနေသောပိုးများသာသေပြီး ကျန်ရှိနေသော ပိုးဥများမှထပ်မံပေါက်ဖွား၍(၃)ရက်လျှင်တစ်ကြိမ် တစ်ပတ်လျှင် (၃)ကြိမ်ဖျန်း ရခြင်းကြောင့် ကုန်ကျစရိတ်များပြားခြင်း၊ ရရှိလာသောစပါးများမှာ ယခင်ကတစ်ဧကလျှင် (၈၀/၁၀၀)တင်းထွက်ရှိခဲ့သော်လည်း၊ ပိုးများဖျက်စီးမှုကြောင့်စပါးအထွက်မှာ တစ်ဧကလျှင် အများဆုံး(၁၅)တင်းခန့်သာရရှိခြင်းတို့ကြောင့် လယ်လုပ်သူတောင်သူလယ်သမားများမှာ အခက်အခဲများစွာရှိကြောင်းနှင့် ယခုနှစ်ဆုံးရှုံးမှု့များမှာ အလွန်များပြားကြောင်း တောင်သူလယ်သမားများထံမှသိရှိရပါသည်။ DOCA(ဧရာဝတီ)

၂၀၂၄ခုနှစ် အောက်တိုဘာလ ဒုတိယပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဆင်းမှုအခြေအနေ

အောက်တိုဘာလအစ ကွမ်းသီးစျေးနှုန်းများ စျေးကောင်းရရှိနေခြင်းနှင့် ကွမ်းသီးနုစျေးကွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှထွက်ရှိလာသော ဒေသထွက်ကွမ်းသီးများကို နေ့စဉ် အခြားတိုင်းနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပြီး စျေးကွက်မှာလည်း တည်ငြိမ်လျက်ရှိသည်။ ကွမ်းသီးတင်ပို့ရောင်းချရာတွင် ကွမ်းသီးခြောက်၊ ခွဲခြမ်းနှင့်ကွမ်းသီးအနုများဟူ၍ အမျိုးမျိုးတင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးသို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြပါသည်။ ယခင်က ကွမ်းသီးနုဝယ်ယူမှုနည်းပါးသော်လည်း ကွမ်းသီးနုကုန်ချော ခေတ်စားလာသည်နှင့်အမျှ တရုတ်နိုင်ငံမှ ဝယ်ယူမှုအားကောင်းလာခဲ့ရာ ယခုအချိန်တွင် ကွမ်းသီးနုစျေးနှုန်းမြင့်တက်လာပြီး ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့စျေးနှုန်းအရ တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ခန့်ထိဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၏ (၁၀-၁၀-၂၀၂၄)ရက်နေ့ရှိ ကွမ်းသီးစျေးနှုန်းသည် ကွမ်းသီးခြောက်တစ်ပိဿာလျှင် (၉၅၀၀)ကျပ်ခန့်၊ ခွဲခြမ်းတစ်ပိဿာလျှင်(၅၅၀၀)ကျပ်ခန့်နှင့် ကွမ်းသီးအနုတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်ခန့်ထိ ဖြစ်ပေါ်နေကြောင်း ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။ DOCA(တနင်္သာရီ)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

မြိတ်ခရိုင်ရှိ ပြည်သူများစားသုံးရန်အတွက် ကြက်သွန်နီများကို ရန်ကုန်မြို့ရှိပွဲရုံများမှ အများဆုံးဝယ်ယူ၍ မြိတ်မြို့သို့ ကားလမ်းဖြင့်သယ်ယူလျက်ရှိပြီး မိုးတွင်းကာလများတွင် တစ်ခါတရံ လမ်းခရီးတွင် ကြန့်ကြာမှုအနည်းငယ်ရှိသော်လည်း ကြက်သွန်နီများပုံမှန်ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ (၁၁-၁၀-၂၀၂၄)ရက်နေ့တွင် ကြက်သွန်နီ(၁၀)ပိဿာဝင်(၁)အိတ်လျှင် လက်ကားစျေး (၂၉၀၀၀)ကျပ်၊ တစ်ပိဿာစျေး (၂၉၀၀)ကျပ်ခန့်ရှိပြီး လက်လီဆိုင်များတွင် တစ်ပိဿာလျှင် (၃၁၀၀) ကျပ်မှ (၃၂၀၀)ကျပ်များဖြင့် ရောင်းချနေကြောင်းသိရှိရပါသည်။ DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း