ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော ဂေါ်ရခါးညွန့် နှင့် ပန်းဂေါ်ဖီ ဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်း ဂေါ်ရခါးညွန့်နှင့် ပန်းဂေါ်ဖီများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်းမြို့မှ ဝယ်ယူရောင်းချလျက်ရှိ ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  ဂေါ်ရခါးညွန့် ဈေးနှုန်းမှာ ဂေါ်ရခါးညွန့်(၂၅)ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ ပန်းဂေါ်ဖီစိမ်းစျေးနှုန်း (၈၀၀-၂၅၀၀) ကျပ်အထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်၏ ဆန်/ ဆီအရောင်းဈေးနှုန်းများ

         မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံမြို့တွင် နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(၂၄)ပြီ တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်၊ ဧရာပေါ်ဆန်း(၂၄)ပြီ တစ် အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ ဧည့်မထ (၂၄) ပြီ တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်နှင့် မြေပဲဆီ တစ် ပိဿာလျှင် (၁၄၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာလျှင် (၇၅၈၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိကြောင်း၊ တောင်သာမြို့နယ်တွင် ရွှေဘိုပေါ်ဆန်း(၂၄)ပြီ တစ် အိတ်လျှင် (၁၆၀၀၀၀)ကျပ်၊ ဧရာပေါ်ဆန်း(၂၄) ပြီ တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ ဧည့်မထ (၂၄) ပြီ တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်နှင့် မြေပဲဆီ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၇၆၀၀)ကျပ် ဖြင့်အရောင်းအဝယ်ရှိကြောင်း၊ နွားထိုး ကြီးမြို့နယ်တွင် ရွှေဘိုပေါ်ဆန်း(၂၄)ပြီ တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်၊ ဧရာပေါ်ဆန်း(၂၄) ပြီ တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ ဧည့်မထ (၂၄)ပြီ တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်နှင့် မြေပဲဆီ တစ် ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၇၆၀၀)ကျပ် ဖြင့်အရောင်းအဝယ်ရှိကြောင်း၊ ငါန်းဇွန်မြို့နယ်တွင် ရွှေဘိုပေါ်ဆန်း(၂၄)ပြီ တစ်အိတ် လျှင် (၁၆၅၀၀၀)ကျပ်၊ ဧရာပေါ်ဆန်း(၂၄) ပြီ တစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်၊ ဧည့်မထ (၂၄) ပြီ တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်နှင့် မြေပဲဆီ တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၇၆၅၀)ကျပ် ဖြင့်အရောင်းအဝယ်ရှိကြောင်း သိရှိရ သည်။ ညောင်ဦးခရိုင်ရှိ ညောင်ဦးမြို့နယ်တွင် နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(၂၄)ပြီ တစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်၊ ဧရာပေါ်ဆန်း(၂၄)ပြီ တစ် အိတ်လျှင် (၁၂၅၀၀၀)ကျပ်၊ ဧည့်မထ (၂၄) ပြီ တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်နှင့် မြေပဲဆီ တစ်ပိဿာ လျှင် (၁၄၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၇၄၉၅) ကျပ် ဖြင့် အရောင်းအဝယ်ရှိကြောင်းနှင့် ကျောက်ပန်းတောင်းမြို့နယ်တွင် ရွှေဘိုပေါ်ဆန်း(၂၄)ပြီ တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်၊ ဧရာပေါ်ဆန်း(၂၄) ပြီ တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ ဧည့်မထ (၂၄)ပြီ တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်နှင့် မြေပဲဆီ တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၇၄၅၀)ကျပ် ဖြင့် အရောင်းအဝယ်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဈေးကွက်အတွင်း  ခရမ်းချဉ်သီး ဈေးနှုန်း မြင့်တက်

    ရွှေဘိုမြို့၌ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများ   ၂၀၂၅ခုနှစ် နိုဝင်ဘာလ တတိယပတ်တွင်  ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာပြီး ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ယခင်  နိုဝင်ဘာလ ဒုတိယပတ် တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၃၂၀၀ကျပ် ဈေးရှိခဲ့သဖြင့် ယခင်ပတ်နှင့် ယခုပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ယခင်ပတ်ထက် ၈၀၀ကျပ် ဈေးနှုန်း ပြန်လည်မြင့်တက်လာခဲ့သည်။

     ခရမ်းချဉ်သီးဈေးနှုန်း မြင့်တက်လာရခြင်းမှာ ဒေသတွင်းမှ စိုက်ပျိုးသော  ခရမ်းချဉ်သီး အဝင်နည်းပါးလာပြီး တောင်ကြီး၊ အင်းလေး ၊ညောင်ရွှေ စသည့် မြို့များမှ တစ်ဆင့် မှာယူရောင်းချရခြင်းကြောင့်ဖြစ်ပြီး သယ်ယူစရိတ်များ များပြားသောကြောင့် ဖြစ်သည်ဟု ရွှေဘိုမြို့ စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး ပွဲရုံများမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် ရောင်းချနေသော ကုလားပဲဆံ၊ ကုလာပဲလုံးနှင့် မြေပဲဆံဈေးနှုန်း

    ကုလားပဲဆံ

    ရွှေဘိုမြို့ ဈေးကွက်အတွင်း နိုဝင်ဘာလ၊ ဒုတိယအပတ်တွင်ရောင်းချသည့် ကုလားပဲဆံဈေးနှုန်းမှာ ()ပြည်လျှင်(၈၂၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၁၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင် (၈၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ကုလားပဲလုံး

     ရွှေဘိုမြို့ ဈေးကွက်အတွင်း နိုဝင်ဘာလ၊ ဒုတိယအပတ်တွင်ရောင်းချသည့် ကုလားပဲလုံး ဈေးနှုန်းမှာ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင် နှင့်အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်းတူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး (၁)ပြည်လျှင် (၆၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီးဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

မြေပဲဆံ

     ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ ဒုတိယအပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ ()ပြည်လျှင်(၉၂၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၄၇၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ (၁)ပြည်လျှင်(၉၂၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏  အရောင်းအဝယ်ဖြစ် သည့်ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် မြေပဲဆီကြိတ်ခွဲမည့်သူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ လ္ဘက်၊ အကြော်ဆံရောင်းချသည့်ဆိုင်များနှင့် စားသုံးမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

နိုဝင်ဘာလပထမပတ်ရှိပဲကြားစျေး

             မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲကြားသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါ သည်။ ပဲကြားမှာ ပြည်တွင်းစားသုံးမှုများသည့်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေး တိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်ပဲကြားသီးနှံအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇) ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသောပဲကြားပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်၄၀၀၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ၇၁၁၁ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ယခင်    အောက်တို ဘာလကာလတူ ပဲကြားသီးနှံပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ် လျှင် ၂၇၅၀၀၀ ကျပ်နှင့် ၂၇၈၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ၄၈၈၉ကျပ်နှင့် ၄၉၄၂ကျပ်၊ ယခင်လနှင့်ယခုလ စျေးနှုန်း နှိုင်းယှဉ်ပါက ပဲကြား စျေးမှာ ပိုမိုရရှိကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

နိုဝင်ဘာလပထမပတ်ရှိပဲဇီးကွက်စျေး

              မန္တလေးစျေးကွက်သို့ ပဲသီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ပဲဇီးကွက်မှာ ပြည်တွင်းစားသုံးမှု များပြားသည့်ပဲတစ်မျိုးဖြစ်ကြောင်းသိရပါသည်။ပဲဇီးကွက်မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်စိုက်ပျိုးမှုများပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် ပဲဇီးကွက်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု   ၁၀၁၉၄၇၇ဧကဖြစ်ကြောင်း သိရှိရပါသည်။    မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ခုနှစ် နိုဝင်ဘာလပထမ ပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ပဲဇီးကွက်(ဗမာ) ၃တင်းဝင်တစ်အိတ်လျှင်၄၃၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၇၃၈၂ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူပေါက်စေျးမှာ ၃တင်း ဝင်တစ်အိတ်လျှင် ၂၈၀၀၀၀ကျပ်နှင့် ၂၉၀၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၄၈၀၇ကျပ်နှင့် ၄၉၇၈ကျပ်ဖြစ် ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူ ပေါက်စျေနှိုင်းယှဉ်ချက် ပဲဇီးကွက်စျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ ကလေး/လူကြီး အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး”

  ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် နိုဝင်ဘာလ (၆)ရက်နေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကလေး/လူကြီးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကုန်စုံဆိုင်၊ စတိုးဆိုင်များနှင့် ဆေးပစ္စည်း အရောင်းဆိုင်များသို့ သွား‌ရောက်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ ကလေး/လူကြီး အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှု ရှိ/မရှိ စစ်ဆေးခဲ့ကြရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကို အများဆုံးရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ထိုသို့ စစ်ဆေးရာတွင် ခွင့်ပြုချက်၊ ထုတ်လုပ်မှု၊ အမှတ်စဉ်နှင့် ထောက်ခံချက် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်၊ ကလေး/လူကြီးအာဟာရဖြည့်စွက်စာနှင့်စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာ ဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 မုံရွာမြို့တွင် ရောင်းချနေသော ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးဈေးနှုန်း

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ကျောက်ဖရုံသီးနှင့်ရွှေဖရုံသီး များ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ကျောက်ဖရုံသီးနှင့်ရွှေဖရုံသီးကို မိမိတို့‌ဒေသတွင်း ထွက်ရှိသည့် သီးနှံများကိုရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တတိယအပတ်အတွင်း ရောင်းချနေသော ရွှေဖရုံသီးဈေးနှုန်း များမှာ အလုံးကြီးတစ်လုံးလျှင် (၂၀၀၀)ကျပ် နှင့် အလုံးသေးတစ်လုံးလျှင် (၉၀၀)ကျပ်၊  ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်၊ ကျောက်ဖရုံသီး သေးတစ်လုံးလျှင်(၂၅၀၀)ကျပ် နှင့် ကျောက်ဖရုံသီး တစ်စိတ်လျှင် (၁၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ပျိုးမှိုများစျေးကောင်းရ၍ စိုက်ပျိုးသူများပြားလျက်ရှိ”

  ကျောက်ဆည်ခရိုင်အတွင်းရှိ စျေးများတွင် ပျိုးမှိုများရောင်းချလျက်ရှိရာ ပျိုးမှိုစိုက်ပျိုးသော သူများမှကိုယ်တိုင်လာရောက်၍ စျေးအတွင်းသို့ရောင်းချကြသလို ကုန်စိမ်းသည်များကိုလည်း (၁၀) ကျပ်သားအထုပ်များထုပ်၍ဖောက်သည်ပေးကြောင်း၊ ပျိုးမှိုစိုက်ပျိုးမှုတွင် ငွေနှင်းမှို နှင့် ကောက်ရိုးမှို ဟူ၍(၂)မျိုးစိုက်ပျိုးရောင်ချကြကြောင်း၊ ငွေနှင်းမှိုကိုလူကြိုက်နည်းပြီး ကောက်ရိုးပျိုးမှိုကို စားသုံးသူ များကြိုက်နှစ်သက်ကြောင်း ၊ ကောက်ရိုးမှိုသည် နေရာဒေသမရွေး စိုက်ပျိုးနိုင်ပြီး(၁)နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း၊ကုန်ကြမ်းအနေဖြင့် ကောက်ရိုး၊ ဗေဒါ၊ ငှက်ပျောရွက်၊ ဂျက်စက္ကူနှင့် နွားချေး များ အသုံးပြုရပြီး ရေလောင်းရာတွင် သန့်စင်သော ရေကိုလောင်းပေးရကြောင်း၊ မှိုမျိုးအသုံးပြုမှု အနေဖြင့်(၁)ဘောင်လျှင် မျိုးထုပ် (၅)ထုပ်စိုက်ပျိုးရကြောင်း ၊ မျိုးဈေးနှုန်းအနေဖြင့် တစ်ထုပ်လျှင် (၈၅၀/-)ကျပ်၊ မှိုစိုက်ဘောင်(၁၀)ခုပြုလုပ်ထားပြီး ဘောင်တစ်ခုလျှင် မှိုအထွက်(၇-၁၀)ပိဿာ အထိထွက်ရှိကြောင်း၊စိုက်ပျိုးပြီး(၁၅-၂၀)ရက်အကြာတွင် မှိုများစတင် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မှိုသက်တမ်း(၁)လအတွင်း အနည်းဆုံး (၂-၃) ကြိမ်အထိ ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မှိုစိုက်ပျိုးရာတွင်ရေခဏခဏလောင်းပေးရကြောင်း ၊ မှိုသက်တမ်း (၁)လအတွင်း (၁၀-၁၅)ပိဿာခန့်အထိ ထွက်ရှိကြောင်း ၊ တစ်နိုင်တစ်ပိုင် မှိုစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် (၄၈၀၀၀၀/-)ကျပ်ခန့် ကုန်ကျ ကြောင်း ၊ ယခုလက်ရှိ ပျိုးမှိုပေါက်စျေးအနေဖြင့် (၁)ပိဿာလျှင် လက်လီ(၃၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး ဖောက်သည်စျေး လက်ကား(၁)ပိဿာလျှင် (၂၃၀၀၀/-)ကျပ်ဖြင့် ဖောက်သည်ပေးကြောင်း ၊ အကျိုးအမြတ်အနေဖြင့် အနည်းဆုံး (၂) ကြိမ် ခူးဆွတ်‌ရောင်းချပါက စိုက်ပျိုးစရိတ် နှုတ်ပြီး (၁၂၉၀၀၀၀/-)ကျပ်ခန့် အကျိုးအမြတ်ဖြစ်ထွန်းကြောင်း ၊ ဈေးနှုန်းများ ကောင်းမွန်သောကြောင့် မှိုစိုက်ပျိုးသူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းခဲ့ကြောင်း၊  ပျိုးမှိုကို ချက်ပြုတ်စားသုံးရာတွင် မှိုကန်စွန်းချက် ၊ မှိုပလိန်းချက်စသည်ဖြင့် အမျိုးမျိုးချက်ပြုတ်စားသုံးကြောင်း ၊ ဝယ်လိုအားရှိပြီး ကုန်ကျစရိတ်သက်သာပြီး စီးပွားလည်းဖြစ် မိသားစုအပိုဝင်ငွေတိုးသော ပျိုးမှိုများကို စိုက်ပျိုးရောင်းချသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

    မြေထောက်ပဲစျေးအနည်းငယ်ကျဆင်း

          မြေထောက်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ပြည်ပသို့တင်ပို့သည့် ပဲတစ်မျိုး ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရှိရပါသည်။မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်နိုဝင်ဘာလပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော၃တင်းဝင်တစ်အိတ်လျှင်မြေထောက်ပဲပေါက်စျေးမှာ၂၂၀၀၀၀ကျပ်နှင့်၂၇၅၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၄၀၇၄ကျပ်နှင့် ၅၀၉၃ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင် နှစ်ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ်နှင့် ၃၅၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၃၇၀ကျပ်နှင့် ၆၂၉၆ ကျပ်ဖြစ်ပြီး ယခုနှစ်နှင့်ယခင်နှစ် စျေးနှိုင်းယှဉ်ပါက မြေထောက်ပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း တွေ့ရှိရပါသည်။ 

DOCA(မန္တလေး)

                                                                                             

                                                                                        

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း