ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့ရှိ ခဝဲသီးဈေးကွက်

   ခဝဲသီးသည် ဘူး၊ ဖရုံအမျိုးအစားတွင် ပါဝင်ပါသည်။ နှစ်ပတ်လည်စိုက်ပျိုး၍ ရနိုင်ပါသည်။ နွယ်ပင်အမျိုးအစားဖြစ်ပါသည်။ လတ်ဆတ်နေချိန်တွင် ခဝဲသီး၏အရောင်မှာ အစိမ်းရင့်ရောင် ဖြစ်ပါ သည်။ အသီး၏ဘေးပတ်လည်တွင် စောင်း (သို့) မြောင်းကလေးများပါရှိပါသည်။

       ခဝဲပင်၏ အပွင့်မှာ အဝါရောင်ရှိပါသည်။ ခဝဲသီးပင်များသည် နှစ်စဉ်တန်ဆောင်မုန်းလတွင် အသီး များလှိုင်လှိုင်ရရှိပါသည်။ ခဝဲပင်မှာ အပုမျိုးနှင့် အရှည်မျိုးဟူ၍ (၂) မျိုးရှိပါသည်။ အပုမျိုးမှာ အလုံးအပု လေးများဖြစ်ပြီး အရှည်မျိုးမှာ တစ်ပေခန့် ရှည်ပါသည်။

     ခဝဲပင်များအား မိုးရာသီ ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် အစိုက်များပါသည်။ စက်တင် ဘာလ နှင့် အောက်တိုဘာလများတွင် ခူးဆွတ်ရပါသည်။ ခဝဲပင်များအား စင်ထုးပြီးစိုက်ပျိုးခြင်း၊ ဝါးတန်းထိုး စနစ် စသဖြင့် စိုက်ပျိုးကြပါသည်။ ခဝဲပင်များအား အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ခဝဲပင်မှဦ စိုက်ပျိုးပြီး ၁လခွဲ ၂လအကြာတွင် အသီးများခူးဆွတ်ပြီး ဈေးကွက်အတွင်း ရောင်းချ၍ ရပါသည်။

     ဈေးကွက်အတွင်း ရောင်းချရာတွင် ဟင်းသီးဟင်းရွက်ဒိုင်များမှ အခင်းပြတ်ဝယ်ယူပြီး ရန်ကုန်မြို့ ရှိ သီရိမင်္ဂလာဈေးသို့ ပီနံအိတ်များအတွင်းထည့်ပြီး ကုန်တင်ကားများဖြင့် တင်ပို့ကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသည့် ခဝဲသီးဈေးမှာ အတောင့်အပုများအား ၁၀တောင့်ပါတစ်စည်းလျှင် ၅၀၀ ကျော်၊ အတောင့်ရှည်အသီးတစ်တောင့်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း အရောင်းဝယ် ဖြစ်နေပါသည်။

DOCA(ပဲခူး)

 
   

 

                                                                                     

 

 

 

 

 

“ဆေးဖက်ဝင်ပူစီနံပင်ကိုအိမ်တိုင်းစိုက်ပျိုးသင့်ကြောင်း”

   မြန်မာလူမျိုးများသည် ပူစီနံအပင်ကို အမျိုးမျိုးအသုံးပြုကြပါသည်။ များသောအားဖြင့် ဒံပေါက်၊ စမူဆာစတာတွေနဲ့ တွဲစားလေ့ရှိကြပါသည်။ အချို့သည် ဟင်းခတ်အမွှေးအကြိုင် အနေနဲ့ ဟင်းချက်တဲ့အခါ အသုပ်သုပ်တဲ့အခါတွေမှာလည်း ထည့်သုံးလေ့ရှိကြပါသည်။ ပူစီနံပင် သည် အသုံးဝင်တဲ့နေရာများသလို သူရဲ့ကျန်းမာရေးကောင်းကျိုးတွေလည်း များစွာရှိပါသည်။ ပူစီနံပင် သည် ဓါတ်မတည့်တာနဲ့ ရောင်ရမ်းတာတွေကို သက်သာစေခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ သွေးတိုး ရောဂါ၊ အအေးမိ၊ ချွဲကျပ်ချောင်းဆိုး၊ လည်ချောင်းနာတွေကို သက်သာပျောက်ကင်း စေကြောင်း သိရှိရပါသည်။ ပူစီနံပင်နှင့်အရွက်ရဲ့ အနံ့သည်စိတ်ပင်ပန်းကျပ်တည်းနေတာကို‌ ပြေလျော့စေပြီး စိတ်ကြည်လင်လန်းဆန်းစေအောင် အထောက်အကူပြုပါကြောင်း‌ ပူစီနံပင်ကို ရေမဝပ်သော နှုံးမြေတွင်  ဘောင်စနစ်ဖြင့် စိုက်ပျိုးပါက အထူးကောင်းမွန်ပါသည်။ ပူစီနံမျိုးစေ့များကို အပင် ပေါက်မြန်စေရန်အတွက် ရေတွင်(၂၄)နာရီစိမ်ရပြီး တစ်ပင်နှင့်တစ်ပင်(၀.၅)လက်မခွာ၍ ဘောင်ပေါ် တွင် စတင်စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးပါက ရေကိုတစ်နေ့(၂)ကြိမ် လောင်းပေးရပါသည်။ အပင်ငယ်စဉ်အချိန်တွင် ခါးရိရောဂါကျရောက်နိုင်သည့်အတွက် ရေကိုအစိုဓာတ် ထိန်းရန်အတွက်သာ လောင်းပေးရပါသည်။ အပင်ပေါက်ပြီး (၄၅)ရက်ကျော်လျှင် ပူစီနံအရွက်များ စတင်ခူးယူ စားသုံးနိုင်ပါသည်။ ပူစီနံပင်များကို တစ်ပတ်လျှင်(၂)ကြိမ်နှုန်းဖြင့် ကိုင်းဖြတ်စည်းများ ပြုလုပ်ပြီး ပူစီနံ(၅)ခက်ပါ တစ်စီးလျှင်(၂၀၀-၂၅၀/-)ကျပ်နှုန်းဖြင့် ဈေးများတွင် ရောင်းချရကြောင်း၊ ဒံပေါက် ဆိုင်၊ လ္ဘက်ရည်ဆိုင်များနှင့် အလှူပွဲ၊မင်္ဂလာပွဲများမှလည်း အော်ဒါမှာယူကြကြောင်း၊ ပူစီနံ (၁၀)ဘောင်စိုက်ပျိုးပါက အစည်းရေ (၄၀၀-၅၀၀)စည်းခန့်ထွက်ရှိကြောင်း နေ့စဉ်ဝင်ငွေရရှိပြီး စိုက်ပျိုးစရိတ်သက်သာသည့် ပူစီနံပင်များကို မိသားစုအပိုဝင်ရရှိအောင် စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“နံနံစိုက်ပျိုးသူများဈေးကောင်းရလျက်ရှိ”

   နံနံပင်သည် အထင်ရှားဆုံးဟင်းခက်အမွှေးကြိုင်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး၊ အုန်းနို့ ခေါက်ဆွဲ၊ အသုပ်စုံတို့တွင်တွဲဘက်စားသုံးပြီး၊ တို့စရာအဖြစ်လည်းစားသုံးကြပါသည်။ နံနံပင်ကို ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှားပါးကာဈေးကြီးပေးဝယ်ရပါသည်။ နံနံစိုက်ပျိုးရန်အတွက် ရေမဝပ်သောနုံးမြေသည် အထူးသင့်လျော်ပါသည်။ နံနံပင်ကိုဘောင်များ ပြုလုပ်၍ စိုက်ပျိုးပါက ဘောင်ကို(၄-၅)လက်မပြုလုပ်ပြီး (၂-၃)ပေအကျယ်ဖြင့် အရှည်ကိုလိုသလို ပြုပြင်နိုင်ပြီး ဘောင်ပေါ်တွင်(၀.၅)လက်မ အနက်မြောင်းများကို (၄)လက်မခြားဆွဲပြီး မျိုးစေ့များ ချကာ နွားချေးမှုန့်၊ မြေဆွေးမှုန့်များ ပါးပါးဖုံးပေးရပါသည်။ စိုက်ပျိုးပြီးပါက ရေကိုတစ်နေ့နှစ်ကြိမ် လောင်းပေးရပါသည်။ အပင်ငယ်များပေါက်လာပါက ရေကိုလျော့လောင်းပေးခြင့်ဖြင့် ခါးရိရောဂါကို ကာကွယ်ပေးပြီးသားဖြစ်ပါးသည်။ နံနံမျိုးစေ့(၁)ပြီလျှင် (၃၅၀၀/-) ကျပ်ဖြင့်ဝယ်ယူပြီး တစ်ဘောင် လျှင် တစ်ဘူးနှုန်းဖြင့် စိုက်ပျိုးနိုင်ကြောင်း၊ နံနံကို ခရမ်းချဉ်သီး၊ငရုတ်၊ပဲများနှင့်ရော၍ သီးညှပ် အဖြစ် စိုက်ပျိုးနိုင်ကြောင်း၊ တနွေလုံးပေါက် နံနံပင်လိုချင်လျှင် (၂)ပတ်ခြား၊ (၄)ပတ်ခြား စိုက်ပျိုး နိုင်ကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်သားမှ စတင်၍နှုတ်ယူစားသုံးခြင်း၊ ရောင်းချခြင်းများ ပြုလုပ် နိုင်ပါသည်။ နံနံပင်တစ်ဘောင်လျှင် အစည်းရေ(၇၀)ခန့် ထွက်ရှိပြီး၊ နံနံပင်(၁၀)ပင်ပါ တစ်စည်းလျှင် လက်ကားဈေး(၂၅၀)ကျပ်၊ လက်လီ ဈေးအနေဖြင့် (၄၀၀/၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချ ရကြောင်း၊ ဈေးကောင်းရရှိသောကြောင့် အကျိုးအမြတ်အနေဖြင့် နံနံမျိုးစေ့(၁)ပြီစိုက်ပျိုးပါက (၁၀၀၀၀၀/-) ကျပ်ခန့် အမြတ်ရရှိ ကြောင်း၊ နံနံပင်ကို အိမ်ရှင်မများမှ ငါးလေးအိုးကပ်ချက်၊ မုန့်ဟင်းခါး/ မုန့်တီသုပ်နှင့်အစုံသုပ်တို့တွင်မပါမဖြစ်သောအရွက်ဖြစ်သောကြောင့်၊ နံနံကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် နေ့စဉ်မိသားစုဝင်ငွေရရှိပြီး ဈေးကွက်ဝယ်လိုအားရှိသောကြောင့် နံနံပင်ကို စိုက်ပျိုး သင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

ဥတုရာသီကိုပြ ထန်းပင်ပေါက်/ထန်းပင်မြစ်က ဝင်ငွေရ

        ဆောင်းဝင်စပြုသည်နှင့် အမျှထန်းပင်ပေါက်/ ထန်ပင်မြစ်များလည်း ဈေးကွက်မှာစတင်မြင်တွေ့ နေရပြီဖြစ်ပါသည်။ ထန်းပင်ပေါက်/ ထန်းပင်ပေါက်သည် ဆောင်းရာသီနှင့်လိုက်ဖက်ညီသော စားစရာတစ်ခုဆိုလျှင်မှားဖွယ်မရှိပါ။ ဆောင်းရဲ့အအေးဓာတ်ကို မီးအပူနဲ့အနွေးဓာတ်ပေးချိန် ထန်းပင်ပေါက်/ ထန်းပင်မြစ်ကို မီးဖုတ် ဆီ၊ ဆားလေးနဲ့ စားရတဲ့အရသာကိုပြောရရင် သွားရည်ကျဖွယ်တောင်ရှိပေလိမ့်မည်။ ထန်းပင်ပေါက်/ ထန်းပင်မြစ်လှိုင်လှိုင်ပေါချိန်ဆို တောတောင်သူများ ထန်းပင်ပေါက်/ ထန်းပင်မြစ်များကို ဈေးတန်းတွင်ချ၍ရောင်းသူရှိသလို ဆိုင်းတန်းဖြင့်ထမ်း၍ရောင်းချသူများလည်းရှိ တောင်သူများ အပိုဝင်ငွေရကြကြောင်းသိရသည်။ ယခုလည်း မြင်းခြံဈေးကွက်အတွင်းသို့ ထန်းပင်ပေါက်/ ထန်းပင်မြစ်များ တွေ့နေရပေပြီ တောင်သာနယ် ထန်းပင်ကန်၊ လက်ထုပ်၊ မာလာ အစရှိသောနယ်များမှ ထွက်ရှိသော ထန်းပင်ပေါက်/ ထန်းပင်မြစ်များ ဖြစ်သည်လို့သိရပါသည်။ လှိုင်လှိုင်မပေါ်သေးသည့် အတွက် အချောင်း ၂၀ ပါတစ်စီးလျှင် ၁၈၀၀-၂၀၀၀ ကျပ်ဈေးရှိပြီး ဥတုသည်လည်း အအေးဓာတ်နည်း၍ သုံးသူလည်းနည်းသလို ရောင်းသူလည်းမပေါ၍ ဈေးတန်သည့်အတွက် တောင်သူများအတွက်တော့ အပိုဝင်ငွေပင်ရနေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“မျှစ်များလှိုင်လှိုင်ထွက်ပေါ်မှုနည်းပါး၍မျှစ်ဈေးနှုန်းတက်”

   သစ်တောထွက်ပစ္စည်းများအနက် ဝါးသည်လည်း အခြေခံလူတန်းစားများအတွက် အိမ်ယာအဆောက်အဦများ ဖန်တီးပေးရုံသာမက ၄င်းမှထွက်ရှိသော ဝါးမျှစ်များမှာ မိသားစုစားနပ်ရိက္ခာ ဖူလုံရေးအတွက်လည်း အထောက်အကူပြုသော သဘာဝအစားအစာ တစ်မျိုးဖြစ်ပါသည်။ ဝါးမျိုးမျှစ်များကို နှစ်စဉ်ဇူလိုင်လမှ စက်တင်ဘာလလောက်အထိ သဘာဝတောများတွင် ပေါက်ရောက်သော ဝါးပင်များမှ ဝါးအနုလေးများအား ခူးယူပြီး မျှစ်ပြုလုပ်ခြင်းဖြင့်လည်းကောင်း ၊ မျှစ်ချဉ်ပြုလုပ်၍ လည်းကောင်း ၊ အခြောက်ခံ၍လည်းကောင်း စားသုံးကြပါသည် ။ မျှစ်ကိုပြုတ်ပြီး ရေအထပ်ထပ် ဆေးပြီးမှစားသုံးသင့်ကြောင်း ၊ ကျောက်ဆည်မြို့နယ် ကျောက်ဖျာ နှင့် ကင်းကျေးရွာစသည့် ကျေးရွာနေဒေသခံများမှ မျှစ်ထွက်ပေါ်ချိန်တွင် တောင်ပေါ်သို့ သွားရောက်၍ ချိုးယူကြကြောင်း၊  လူတစ်ဦး(၁)ရက်လျှင် မျှစ်(၁၀)ပိဿာအထက် ချိုးယူ၍ရကြောင်း၊ တောထဲမှချိုးယူလာသော မျှစ်များအား အိမ်တွင် တစ်ဗွက်ဆူပြုတ်ပြီး တစ်ပိဿာထုပ်များ ပြုလုပ်ကာ လှည့်လည်ရောင်းချရ ကြောင်း၊ မျှစ်များ ပေါ်ဦးပေါ်စအချိန်တွင် တစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀)ကျပ်ဖြင့် ရောင်းချရပြီး၊ လှိုင်လှိုင်ပေါ်ထွက်သည့်အချိန်တွင် (၂၀၀၀-၂၅၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း ၊ ယခုချိန်တွင် မျှစ်ထွက်ရှိမှုမရှိသောကြောင့် မျှစ်ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ၊ ယခုလက်ရှိ ပေါက်ဈေး အနေဖြင့် မျှစ်(၁)ပိဿာလျှင် (၃၈၀၀-၄၀၀၀)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ အေးမြကြည်လင် ဈေးရှိ မျှစ်ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်ကြက်သွန်နီစျေးနှုန်းဈေးကွက်”

   ကျောက်ဆည်ခရိုင်အနေဖြင့် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှုကိုတစ်နှစ်ပတ်လုံး ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချပေးလျက်ရှိရာ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ် တင်ပို့မှုမှာလည်း အဓိကနေရာမှပါဝင်လျက်ရှိပြီး စျေးနှုန်းများအနေဖြင့် ခပ်အေးအေး‌ရောင်းဝယ်နေ ပြီး ကြက်သွန်နီ (၁)ပိဿာလျှင် အကြီး(၁၅၀၀-၁၃၀၀)ကျပ်၊အလတ်(၁၀၀၀-၁၁၀၀)ကျပ်၊အသေး (၉၀၀-၈၀၀)ကျပ်ဖြင့် စျေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိပါသည်။ ယခုအချိန်တွင် မိုးကြက်သွန်များ အနည်းငယ်စတင်ထွက်ရှိနေပြီဖြစ်ကြောင်း ၊ မိုးကြက်သွန်(အသစ်) (၁)ပိဿာလျှင် (၁၅၀၀/-)ကျပ် ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊  စျေးနှုန်းများအနေဖြင့် ယခင်နှစ် ထွက်ပေါ် ချိန်ထက်ပင် စျေးနှုန်းများကျဆင်းနေကြောင်းသိရှိရပြီး တောင်သူများအနေဖြင့် ကြက်သွန်နီများ ဖြိုင်ဖြိုင် ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများ တက်စျေးမျှော်နေကြကြောင်း၊  တောင်သူများအနေဖြင့် တွက်ခြေ ကိုက်မှုနည်းပါကြောင်း၊ မိုးကြက်သွန်စိုက်ပျိုးသော ကသဲကုန်းကျေးရွာမှ တောင်သူကြီးတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

မုံရွာမြို့တွင် ရောင်းချနေသော ပန်းသစ်တော်သီး၊ မင်းကွက်သီး၊ သခွားမွှေးသီးနှင့် ပန်းသီး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် ပန်းသစ်တော်သီးနှင့် ပန်းသီးများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ပန်းသစ်တော်သီးနှင့် ပန်းသီးတို့သည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် အေးမြသော ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ တတိယအပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီး အသေးတစ်လုံးလျှင်(၂၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၃၀၀၀)ကျပ်နှင့်   အကြီးတစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ပန်းသီးဈေးနှုန်းမှာ အသေး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၂၀၀၀)ကျပ်နှင့်   အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မင်းကွက်သီး အသေး (၁)လုံး လျှင် (၄၀၀) ကျပ်၊ အလတ်(၁)လုံးလျှင် (၆၀၀) ကျပ်နှင့် အကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ်၊ သခွားမွေးသီး အလုံးကြီး တစ်လုံးလျှင် (၂၅၀၀၊၄၅၀၀) ကျပ်၊ အလတ်တစ်လုံးလျှင် (၂၅၀၀၊ ၃၀၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၈၀၀၊၁၀၀၀) ကျပ် နှုန်းတို့ဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ် ဖြစ်လျက်  ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“‌ဂွေးပင်စိုက်ပျိုးဝင်ငွေတိုး”

   ကျောက်ဆည်ခရိုင်သည် မြေဆီမြေလွှာကောင်းမွန်သော ဒေသတစ်ခုဖြစ်ပြီး ရာသီပေါ်သီးနှံ မျိုးစုံများစိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံဖြစ်သည့် ဂွေးပင်ကိုလည်းစိုက်ပျိုးလျှက်ရှိရာ မိသားစု အပိုဝင်‌ငွေရရှိသည့် ရာသီမရွေးစိုက်ပျိုးပြီး ရာသီမရွေးစားသုံးနိုင်သည့် စျေးကွက်ဝယ်လိုအားရှိသည့် ဂွေးပင်များကို တိုးချဲ့စိုက်ပျိုးလာကြပါသည်။စိုက်ပျိုးမှုအများဆုံးအနေဖြင့် တစ်နှစ်ပတ်လုံးသီးသော ဂွေးပင်အမျိုးအစားကို အများဆုံးစိုက်ပျိုးကြကြောင်း၊ဂွေးပင်(၁)ဧက စိုက်ပျိုးလျှင် အပင်ရေ(၅၀-၆၀) အထိစိုက်ပျိုးနိုင်ကြောင်း၊ ဂွေးပင်ဝယ်ယူစိုက်ပျိုးလျှင် ပျိုးပင်အနေဖြင့် တစ်ပင်လျှင် အပင် အရွယ် အစားပေါ်မူတည်ပြီး(၂၀၀၀-၄၅၀၀)ကျပ်အထိရှိပြီး ဂွေးပင်စိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မိသားစုလုပ်အားမပါ(၇၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ အများဆုံး စိုက်ပျိုး သော ရွာများမှာ ပင်တလယ်ရွာ၊ကျောက်ခုံရွာနှင့်ပေါင်လောင်ရွာများတွင် စိုက်ပျိုးကြပြီး (၁)ဧက ဂွေးသီး အထွက်နှုန်း အနေဖြင့် တစ်ပင်လျှင် ဂွေးသီး(၃၀၀)လုံးခန့်သီးကြောင်း ၊ အလုံးပေါင်း(၁၅၀၀)ခန့် အထိသီးကြောင်း၊ (၁၀)လုံးလျှင် ပျမ်းမျှစျေး (၂၅၀/-)ကျပ်ခန့်ရောင်းရကြောင်း၊ ရာသီချိန်ပေါ်မူ တည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊စျေးကွက်အနေဖြင့် အချဉ်ပေါင်း ရောင်းသူများမှ ခြံထဲအထိလာရောက်ဝယ်ယူ ကြပြီး ပွဲစားများမှတဆင့် ကုန်စိမ်းရောင်းချသူများထံသို့ ပြန်လည် ရောင်းချကြကြောင်းသိရှိရပါသည်။ ဂွေးသီးသည် ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်ကြောင်း၊  အရည်ရွှမ်းပြီး  အမျှင်ဓာတ်တွေကြွယ်ဝစွာ ပါဝင်တဲ့အသီးဖြစ်သလို သွေးလည်ပတ်မှုကို ကောင်းမွန် ကြောင်း၊ နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးသောအသီးဖြစ်၍ စားသုံးသင့်ကြောင်း၊  ဂွေးသီး ပင်သည်  နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံးဝင်ငွေရရှိပြီး အကျိုးအမြတ်များရရှိကြောင်း၊ ဂွေးသီးပင် ခြံပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

 

ရွှေဘိုဈေးကွက်တွင် ရောင်းချနေသောစားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်နှင့် မြေထောက်ပဲဈေးနှုန်း

  စားတော်ပဲ

     ရွှေဘိုမြို့ ဈေးကွက်အတွင်း နိုဝင်ဘာလ၊ ဒုတိယအပတ်တွင်ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ ()ပြည်လျှင်(၈၈၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၄၀၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ(၁)ပြည်လျှင် (၈၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့် သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

စားတော်ပဲလုံးရေစိမ်

      ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ ဒုတိယအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံး ရေစိမ်ဈေးနှုန်းမှာ ()ပြည်လျှင်(၅၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်း အဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီ ကြောင်း၊  နေ့စဉ်စားတော်ပဲလုံး(၈)ပြည်ခန့်ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင် များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

မြေထောက်ပဲ

     ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ ဒုတိယအပတ်တွင်ရောင်းချသည့် မြေထောက်ပဲ(ညို) ဈေးနှုန်းမှာ (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ညို)(၁)ပြည်လျှင် (၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ခရမ်းကြွပ်သီး စိုက်ပျိုးဝင်ငွေတိုး”

   ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် ငရုတ်၊ ကြက်သွန်၊ မြေပဲစသည့်သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းကြွပ်သီးပင်ကို ကျောက်ဆည်မြို့နယ်၊ ပေါင်လောင်ကျေးရွာတွင် စိုက်ပျိုးကြောင်း သိရှိရပါသည်။ ခရမ်းကြွပ်ပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ ခရမ်းကြွပ် စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ကိုအရင် ပျိုးထောင်ပြီး၊ ပျိုးသက် (၁)လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ (၂)လ၊ (၃)လခွဲ အကျော်တွင် အသီးများစတင် ခူးဆွတ်နိုင်ပြီး တစ်ပတ်ခြား တစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်နှင့် တစ်ပတ်အထွက်နှုန်းပိုမိုလာကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် စတင်ခူးဆွတ်ချိန် တွင် ပိဿာ (၂၀-၃၀)ခန့် ထွက်ရှိပြီး အထွက်နှုန်းအများဆုံးအချိန်တွင် ပိဿာ (၁၅၀)ခန့် အထိ ထွက်ရှိကြောင်း၊ သက်တမ်းအနေဖြင့် (၂)လခန့်အထိ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧက ကုန်ကျစရိတ် လုပ်သားခ၊ မျိုး၊ သွင်းအားစု၊ မြေဆီ၊ ပိုးသတ်ဆေး စုစုပေါင်း ကုန်ကျစရိတ် (၉၀၀၀၀၀/- မှ ၁၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ခရမ်းကြွပ်သီး ဖောက်သည်ဈေးအနေဖြင့် တစ်ပိဿာလျှင် (၁၇၀၀/-)ကျပ်၊ လက်လီဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၀၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်း ဝယ်ဖြစ်နေကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် (၁၀၀၀၀၀၀/-) ကျပ် အမြတ်ရရှိကြောင်း၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူပြီး ကျောက်ဆည်၊ စဉ့်ကိုင်နှင့် မန္တလေးမြို့ များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း