၂၀၂၅-၂၀၂၆ ခုနှစ် ငါန်းဇွန်မြို့နယ် မိုးစပါးရိတ်သိမ်းပြီးစီးမှု

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်သည် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးလျာထားဧက (၅၅၃၅)ဧက၊ စိုက်ပျိုးဧက (၄၀၉၂)ဧကစိုက်ပျိုးပြီး ဒီဇင်ဘာလကုန်တွင် (၄၀၉၂)ဧက ရိတ်သိမ်းပြီးစီးကြောင်း အထွက်နှုန်းမှာ (၈၆.၀၄)တင်းနှင့် အထွက်စုစုပေါင်း (၃၅၂၀၇၆) တင်းထွက်ရှိကြောင်း သိရသည်။  သက်ဆိုင်ရာဌာနစာရင်းအရသိရသည်။ စိုက်ပျိုးသော မျိုးများမှာ မနောသုခစပါး (၄၀၄၁)ဧကနှင့် အောင်နိုင်တိုးစပါး (၅၁)ဧက စိုက်ပျိုးထားကြောင်း သိရသည်။  ယခင်နှစ် နွေစပါးထွက်ပေါ်ချိန်တွင် စပါးတစ်တင်းကို (၈၅၀၀/၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ဆန်တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်နှင့် ရောင်းချရကြောင်း သိရသည်။ ဆည်ရေသောက်စနစ်ဖြင့် (၄၅၀)ဧက၊ မြစ်ရေတင်စနစ်ဖြင့် (၅၅၇)ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် (၁၉၈၉)ဧက နှင့် အခြားနည်းလမ်း(စက်ရေတွင်း၊ မြစ်ရေဝင်)ဖြင့် (၁၀၉၆)ဧကစိုက်ပျိုးကြောင်းလည်း သိရသည်။ ယခုနှစ် ပေါ်စချိန်တွင် စပါးဈေးနှုန်းဈေးကွက်ရောင်းဝယ်မှုမရှိဘဲ ဆန်ဈေးနှုန်းအနေဖြင့် (၂၄)ပြည် တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ စပါးစိုက်ပျိုးသော ကျေးရွာများမှာ သားကျင်၊ ဆင်ဖြူကုန်း၊ ငါန်းမြာ၊ မိုးထောင်၊ မရိုးကုန်း၊ ကုလရွာ၊ ဆင်တပ်၊ ရွာဘို၊ ရွာသစ်၊ ကျောက်တလုံးကျေးရွာများတွင် စိုက်ပျိုးကြောင်း သိရသည်။

DOCA(မန္တလေး)