
တောင်သာမြို့နယ်၌ မိုးစပါးသီးနှံကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးခဲ့ပြီး ၂၀၂၅-၂၀၂၆ ခုနှစ် ဒီဇင်ဘာလနှင့် ဇန္နဝါရီလတို့တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ မိုးစပါးသီးနှံကို (၃၈၇၃) ဧကစိုက်ပျိုးပြီး (၇၂၀)ဧက ရိတ်သိမ်းထားရှိပြီး တစ်ဧက အထွက်နှုန်း အနေဖြင့် (၈၃)တင်းခန့် ထွက်ရှိကြောင်း၊ မိုးစပါးစိုက်ပျိုးသောကျေးရွာများမှာ ကျောက်ဖူးကျေးရွာ၊ ဝဲလောင်ရွာ၊ ဆည်ကုန်းကျေးရွာ၊ ဇဂျမ်းကျေးရွာ၊ ရသစ်ကျေးရွာနှင့် မင်းစုကျေးရွာ စသည်တို့တွင် အများဆုံးစိုက်ပျိုးထားကြောင်း၊ ပျိုးထောင်ရက် (၂၁)ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေ အတွင်း ရွေ့ပြောင်းစိုက်ရပြီး စပါးတစ်သီး ရင့်မှည့်ချိန်အထိ ငါးလကြာမြင့်ကြောင်း၊ မျိုး၊ သွင်းအား စု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၈၆၀,၀၀၀)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးသည့် စပါးမျိုးများမှာ မနောသုခနှင့် အောင်နိုင်တိုး စပါးမျိုးများကိုသာ စိုက်ပျိုးထားကြောင်း၊ ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၌ မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ စပါးစျေးနှုန်းအနေဖြင့် မနောသုခ စပါး(မိုး) (၁)တင်းလျှင် (၁၃၀၀၀-၁၄၀၀၀)ကျပ်၊ မိုးစပါးတစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၀၂၀၀၀)ကျပ်ခန့်ရရှိကြောင်း၊ ဒေသတွင်း ဝမ်းစာအဖြစ်စားသုံးရန် အတွက်သာစိုက်ပျိုးကြကြောင်း၊ မနောသုခဆန် (သစ်) ၂၄ပြည် တစ်အိတ်လျှင် (၅၅၀၀၀-၆၀၀၀၀)ကျပ် ခန့်ပေါက်ဈေးရှိကြောင်း၊ ထွက်ရှိသောစပါးများကို ကျေးရွာအတွင်းရှိစက်များ၌ ကြိတ်ခွဲပြီးရရှိလာသောဆန်များကို မိမိတို့၏မိသားစုဝမ်းစာနှင့် တိရိစ္ဆာန် အစာအဖြစ် အသုံးပြုကြကြောင်း စပါးစိုက်တောင်သူတစ်ဦး ထံမှသိရှိရသည်။
DOCA(မန္တလေး)
