သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခြင်း

        ၈.၁၁.၂၀၂၅ ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် လှိုင်မြို့နယ် ရတနာမွန်ဈေးနှင့် ကမာရွတ်မြို့နယ် လှည်းတန်းဈေးတို့တွင် ရောင်းချလျက်ရှိသော  အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းများကို  ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန် ဒု-ကြီးကြပ်ရေးမှူးနှင့် ဝန်ထမ်း(၂) ဦးနှင့် ဈေးမှတာဝန်ရှိသူတို့မှ ပူးပေါင်း၍ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးများတွင်ရောင်းချနေသော  အသင့်သောက် အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိကြောင်း သိရှိရပါသည်။ ဒေါ်မြတ်မွန် ဒု-ကြီးကြပ်ရေးမှူးမှ ၎င်းတို့ဈေးတွင် ရောင်းချနေသော အသင့်သောက်အချိုရည်များတွင် စားသုံးသူများဘေးအန္တရာယ်မရှိစေရန်အတွက် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းမှု၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ပါဝင်ပစ္စည်း၊ အလေးချိန်အရွယ်အစားစသည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းထားသည့် အသင့်သောက်အချိုရည်များကိုသာ ရောင်းချစေလိုကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လက်ပံတန်းမြို့တွင်ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းမြင့်တက်ရောင်းချခြင်းရှိ/ မရှိကွင်းဆင်းခြင်း

   ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နေထိုင်ကြသော ပြည်သူ များ၏ နေ့စဉ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်လျှက်ရှိရာ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား  တစ်လလျှင် (၂)ကြိမ် ဆေးနှင့် ဆေးပစ္စည်း ရောင်းချနေသည့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများကို‌ဒေသတွင်း ဖြစ်သင့် ဖြစ်ထိုက်သည့်   ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ ရှိ/ မရှိ နှင့် ဆေးများ ပြတ်လပ် ခြင်းရှိ / မရှိ တို့ကို စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက် လျှက် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မိုးညိုမြို့တွင် စားအုန်းဆီလက်လီ/လက္ကားဈေးကွက် ရှောင်တခင်စစ်ဆေး

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် မိုးညိုမြို့နယ်အတွင်း စားအုန်းဆီလက်လီ/လက္ကားရောင်းချနေသော ပြည်တော်အေးလမ်း၊ ရွှေဥဒေါင်းရပ်ကွက်ရှိ  ဦးအေးလွင် ကုန်စုံဆိုင်အား ၂၄.၁၀.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် ရှောင်တခင်ဝင်ရောက် စစ်ဆေး  ခဲ့ကြပါသည်။

     ထိုသို့စစ်ဆေးရာတွင် မိုးညိုမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေသော ဆိုင်များအနေ ဖြင့်သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဗွီနိုင်းများချိတ်ဆွဲရောင်းချကြောင်း သတ်မှတ်  ဈေးနှုန်းများအတိုင်း အိမ်ထောင်စုအလိုက်၊ စားအုန်းဆီဝယ်ယူခွင့်၊ စားအုပ်များဖြင့်ရောင်းချနေ ကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့၌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌  ခရိုင်ဦးစီးမှူး၏ လမ်းညွှန် မှုဖြင့် ၂၃.၁၀.၂၀၂၅ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် သာယာဝတီဈေးအတွင်းရှိ ဒေါ်သန်းသန်းချို (ကုန်မျိုးစုံဆိုင်) အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သာယာဝတီ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ   တိကျမှန်ကန် ရှင်းလင်းသော သတင်းအချက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်၊  စိတ်ကျေနပ်မှုရှိ စေရန်အတွက်အာမခံချက်ပေးနိုင်သည့် အရည်အသွေး မြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပပြုလုပ်

       ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍စားသုံးသူကာကွယ်ရေး အသိပညာပေး(Talk Show) ကို၂၀၂၅ခုနှစ်၊နိုဝင်ဘာလ၆ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

        ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်မှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းအရာများနှင့် ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-လက်ထောက်ကြီးကြပ်ရေးမှူး ဦးခန့်စည်သူက မိမိတို့ဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်ကုန်စည်နှင့် ဝန်ဆောင်မှုများကိုအဓိကထား ဈေးကွက်စောင့်ကြည့်လျှက်ရှိကြောင်းနှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၇) ကုန်စည်(သို့)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်ပြီးပုဒ်မခွဲများ အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူမိဘပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာမှုများရှိလာပါက တိုင်းဒေသကြီးပြည်နယ်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားသော CICC စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးCenter မှ တိုင်ကြားနိုင်သလို၊ ဖုန်းဆင်းကတ်မှတဆင့်တိုင်ကြားလိုသူများ အနေဖြင့်Call Center 1535 သို့ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

“ရွှေမြန်မာ”ငါးရံခြောက်ဖုတ်လုပ်ငန်းသို့ MSME ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

          ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ပူးပေါင်းကာ (၆.၁၁.၂၀၂၅)နေ့ (၁၁:၃၀)နာရီအချိန်တွင် ကျိုက်လတ်မြို့ အမှတ်(၅)ရပ်ကွက်ရှိ “ရွှေမြန်မာ” ငါးရံ့ခြောက်ဖုတ် လုပ်ငန်းသို့သွားရောက်၍ ငါးရံ့ခြောက်ဖုတ် ထုတ်လုပ်ပုံအဆင့်ဆင့်၊အလုပ်သမားများအခြေအနေ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများနှင့်၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထို့နောက်ထုတ်လုပ်သော ကုန်စည်များနှင့် ပတ်သတ်၍စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရးနှင့် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကိုလည်းကုန်စည်ထုတ်ပိုးထားမှု အပေါ်တွင်ထည့်သွင်း ဖော်ပြရန်လိုကြောင်းမြို့နယ်တာဝန်ခံက ပြောကြားခဲ့ခြင်းအပေါ် သတင်းရရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီများရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

          ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာ၅ရက်နေ့ နေ့လယ် (၁၂း၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ အမှတ်(၁) ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသောစားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ စားအုန်းဆီခွဲတမ်းရရှိသော  လက်လီ/လက်ကားကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် အညီစနစ်တကျ ဖြန့်ဖြူးရောင်းချရန်၊ စားသုံးသူများထင်ယောင်ထင်မှား မဖြစ်စေရေးအတွက် ဈေးနှုန်းဆိုင်းဘုတ်များကို သတ်မှတ်ရည်ညွှန်းဈေးအလိုက်  မြင်သာထင်သာရှိသော နေရာများတွင် ချိတ်ဆွဲရောင်းချမှုရှိ/ မရှိတို့ကို လိုက်လံစစ်ဆေးခဲ့ရာ စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဒိုက်ဦးမြို့၊ မြို့မ (၂) ရပ်ကွက်၊ (အ.လ.က ခွဲ) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို  ကြိုးစားပမ်းစား ဆောင် ရွက်လျက်ရှိရာ ၇.၁၁.၂၀၂၅ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းသည် ဒိုက်ဦးမြို့၊ မြို့မ (၂) ရပ်ကွက်၊ အောင်ချမ်းသာလမ်း  (အ.လ.က ခွဲ) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

    ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အငယ်တန်းစာရေး ဦးခွန်ကျော်ဝင်းထွန်းသည် မိတ်ဖက်ဌာနများဖြစ်ကြသော ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်အတူ  (အ.လ.ကခွဲ)ကျောင်းတွင် ကျောင်း သား၊ ကျောင်းသူများအား စားသုံး သူကာကွယ်ရေး ဥပဒေပါ အချက်အလက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံး သူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန် အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆို ပါဟောပြောပွဲသို့ ဆရာ/ ဆရာမ ၁၀ဦး နှင့် ကျောင်းသား/ ကျောင်းသူ ၂၀၀ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့နယ်ရှိ ဆန်စပါး သိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စများ ကွင်းဆင်းဆောင်ရွက်

  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း ကိစ္စရပ်များ နှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကိစ္စရပ်များကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိရာ ၅.၁၁. ၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်း တို့သည် ဒိုက်ဦးမြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ My Ro ကိစ္စရပ်များ အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် ဒိုက်ဦးမြို့ပေါ်ရှိ ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြပါသည်။ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်း တည်ငြိမ်မှန်ကန်စေ ရေးနှင့် ဆန်စပါးသိုလှောင်မှု အခြေအနေများကို စနစ်တကျ စာရင်းပြုစု မှတ်ပုံတင် ပြုစုထားနိုင် ရေးတို့အတွက် ပြည်တွင်း၌ စီးပွားဖြစ် ဆန်စပါးသိုလှောင်ထားသူများအနေဖြင့် ဆန်စပါး သိုလှောင် ရုံများကို မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးတစ်နှစ်ကြာလျှင် သိုလှောင်ရုံအား သက် တမ်းတိုးရမည် ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီး ဆန်စပါးသိုလှောင်ရုံများတွင် လစဉ်လတိုင်း ဆန်စပါး အသွင်း၊ အထုတ်၊ လက်ကျန်စာရင်းများကို ထည့်သွင်းပေးရမည်ဖြစ်ကြောင်း၊ ထိုလုပ်ငန်းစဉ်များကို မလုပ်ဆောင်ပါက  သိုလှောင်ရုံပိတ်သိမ်းခံရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ်ရှိ ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် တာဝန်ခံရုံး အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အားတက် သရော ဆောင်ရွက်လျက်ရှိရာ ၇.၁၁.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်း နှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် မိတ်ဖက်ဌာနများနှင့်အတူ ကျောက်တံခါးမြို့နယ်ရှိ ဆေးဆိုင် များတွင် ဆရာဝန် ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ ကျောက်တံခါး မြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည်  မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ကျောက်တံခါးမြို့နယ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဈေးကွက် ထဲ၌ ဆရာဝန်ညွှန်ကြား ချက်မလိုသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကျော်လွန်သော ဆေးဝါးများ ရောင်း ချခြင်း ရှိ/ မရှိတို့ကို  စစ်ဆေးခဲ့ပါသည်။  စစ်ဆေးချက်များအရ ကျောက်တံခါးမြို့တွင်းရှိ ဆေးဆိုင် များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာပါရှိကာ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း မရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ