စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၁၆-၆-၂၀၂၆) ရက်နေ့ (၁၁:၀၀)နာရီ အချိန်တွင် မိုးညှင်းမြို့၊ နမီးစုရပ်ကွက်ရှိ သစ်သီးဝလံအမျိုးမျိုး ရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင်ပါရှိသော အခန်း(၁)ပုဒ်မ(၂) အရ စီးပွားရေး လုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အကြောင်း၊ အခန်း(၁၀)ပုဒ်မ(၂၁)အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့် တန်ဖိုးကို စားသုံးသူက ဝယ်ယူအသုံးမပြုမီ သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာ ဆုံးရှုူံးမှုဖြစ်ပွားစေမည့် ကုန်စည်/ဝန်ဆောင်မှုကို တိုက်ရိုက် ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိပါက  ကတိပြုထားသည့်အတိုင်း တာဝန်ယူ ဆောင်ရွက်ပေးခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ စားသုံးသူအပေါ်  ထိခိုက်နစ်နာစေရန်ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန်ပြောဆို ခြင်း၊ ရေးသားခြင်းနှင့် ပြုမူပြောဆိုခြင်းတို့ကိုရှောင်ကြဉ်ခြင်း စသည့်အချက်များအကြောင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊တားမြစ် ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို  ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)