သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ ချမ်းမြဝတီရပ်ကွက်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့ စည်သွပ်အစားအစားအမျိုးမျိုး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

                စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက်လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသော ကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက် အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ  မုံရွာမြို့နယ်နှင့် ဝန်ထမ်း (၂) ဦးတို့သည် (၂၀.၁.၂၀၂၆) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ စည်သွပ်အစားအစားအမျိုးမျိး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ ချမ်းမြဝတီရပ်ကွက်ရှိ  စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းအရောင်း ဆိုင်များသို့   အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

      ထိုသို့ဆောင်ရွက်ရာတွင် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံမှုမရှိသော စည်သွပ်အစားအစားအမျိုးမျိုး ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှုမရှိသောကုန်စည်များအားတင်သွင်းရောင်းချခြင်းမပြုကြရန် ပြောကြား ခဲ့ပြီး လက်ကမ်းစာစောင်များပေးဝေခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း မြှင့်တင်နိုင်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေး လုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းရှိ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတို့ကိုပါ ဆောင်ရွက်လျက်ရှိရာ ၁၇.၁.၂၀၂၆ ရက်နေ့တွင် တိုင်းဒေသ ကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း မြှင့်တင်နိုင်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့ ကြောင်း သတင်းရရှိပါသည်။

    အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီးပွားရေးရာ ဝန်ကြီးက ဦးစွာပထမ နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီးနောက် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်မှ ကုန်အမှတ်တံဆိပ်များကို မှတ်ပုံတင်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင် ထားသည့် လုပ်ငန်းများအနေဖြင့် ဥပဒေ၏ အကာအကွယ်ပေးမှုကို ခံစားရမည်ဖြစ်ကြောင်း၊ မှတ်ပုံ တင်ထားခြင်း မရှိလျှင် လုပ်ငန်းရှင်များအနေဖြင့် နစ်နာမှုများ ရှိမည်ဖြစ်ပြီး ထိုသို့မဖြစ်စေရန် အတွက် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေးဟောပြောရာ တက်ရောက်လာသူများကလည်း မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးဟောပြောပွဲသို့ စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒု တိုင်းဒေသကြီးဦးစီးမှူးနှင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

အွန်လိုင်းစနစ်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းများအား အသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦး‌ကျော်မိုးလွင် (ဌာနခွဲစာ‌ရေး) သည် ၂၂..၂၀၂၆  ရက်နေ့ တွင် မိုးညှင်းမြို့ရှိ စားသုံးသူ (၁၅) ဦးတို့အား မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍  အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ ဟောပြောရာတွင် စားသုံးသူ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၏ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်၊ အွန်လိုင်းမှလိမ်လည်မှုပုံစံ () မျိုး၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်းစနစ် ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာ ဆောင်ရွက်ရန်ကုန်သွယ်ရေးဦးစီးဌာန၏ eComReg System Report နှင့် ပတ်သက်သည့် အသုံးပြုရန် နည်းလမ်းများ၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူ ရောင်းချခြင်းပြုရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု ပြစ်ဒဏ်များအကြောင်း တက် ရောက်လာသော စားသုံးသူများအား 1535 Consumer Call Center လိုင်းခွဲ (1) သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့်နည်းလမ်းအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။ 

DOCA(ကချင်)                                                                                                  

ဂတ်အိုးနှင့်ဂတ်မီးဖိုအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် (၂၃..၂၀၂၆)  ရက်နေ့(၀၉:၀၀) အချိန်တွင် မိုးညှင်းမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ဂတ်အိုးနှင့်ဂတ်မီးဖိုအမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါရှိသော စီးပွားရေးလုပ်ငန်းရှင်၊ ကုန်စည်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများဖြစ်သော စားသုံးသူက လက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ကုန်စည်၏ အရည်အသွေး၊ ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ သုံးစွဲသူ၏ လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်းစသည့်အချက်များ၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများဖြစ်သော မိမိဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန်ကြိုတင်အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက် နှင့်ပြည့်စုံသော ဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီ ပြည့်ဝစွာပေးခြင်း၊ စားသုံသူ၏လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်း စသည့်အချက်များ  ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

နတ်တလင်းမြို့တွင်အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းနှင့် စပ်လျဉ်းသည့် Talk Show အသိပညာပေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီဲးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့် မည်သူမဆို မှတ်ပုံတင် လက်မှတ် မှတ်ပုံတင်စနစ်အား သတ်မှတ်သော လျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍ အွန်လိုင်း (Online)စနစ်ဖြင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားနိုင်ရန် အွန်လိုင်းနှင့်စပ်လျဉ်း၍ Talk Show အသိပညာပေး ဆွေးနွေးခြင်းကို နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဇန်နဝါရီလတတိယပတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ Talk Showတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက်မှတ်နှင့် သက်ဆိုင်သော ကိစ္စရပ်များကို စားသုံးသူရေးရာဦးစီးဌာနမှ အောက်ဖော်ပြပါ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales)လုပ်ငန်းများ မှတ်ပုံတင် လက်မှတ်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်စစ်ဆေးဆောင်ရွက်ခြင်း၊ အမိန့်ကြော်ငြာ စာအမှတ်( ၅၁/၂၀၂၃)၏ အပိုဒ် ၁၈ပါ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက်မှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဖော်ထုတ်စိစစ်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိပြီး လုပ်ငန်းဆောင်ရွက်ပါက မိမိ၏လုပ်ငန်းနှင့် ပတ်သတ်၍ စားသုံးသူ၏ ယုံကြည်မှုကို ရရှိနိုင်ကြောင်း အသိပညာပေး သိကောင်းစရာများအား  အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူပြည်သူများသိရှိနိုင်စေရန်  Talk Show အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(ပဲခူး)

         

အောင်ကိုလတ် အမှတ်တံဆိပ် မြေပဲဆားလှော် ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများ သည်   ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)အတွင်းရှိ အောင်ကိုလတ် အမှတ်တံဆိပ် မြေပဲဆားလှော် ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် အောင်ကိုလတ် အမှတ်တံဆိပ် မြေပဲဆားလှော်သည် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့်ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိ ရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူ များ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျ သိုလှောင်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခဲ့ကြပါသည်။

DOCA(ရှမ်း)

ဇန်နဝါရီလ ၁ ရက်နေ့ မှ ဇန်နဝါရီလ ၁၅ ရက်နေ့အတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

                စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဈေးကွက်စောင့်ကြည့်စစ်ဆေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဌာနမှ ဦးဆောင် ၍ သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊အထွေ‌ထွေ အုပ်ချုပ်ရေးဦးစီးဌာန တို့ပါဝင်သောအဖွဲ့ဖြင့်သော်လည်းကောင်းဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်နှစ်ပတ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

                 စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက် သွားစေရေးတို့အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသော ကုန်စည် (၁၀) မျိုးဖြစ်သည့် အသင့်သောက်အချိုရည်၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး၊ စည်သွပ်အစား အစာအမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အေးခဲအစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အရန်သင့် အစားအစာအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ ကလေးကစားစရာအရုပ်နှင့်ပစ္စည်းအမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုး တို့အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှ ဇန်နဝါရီလ ၁၅ ရက်နေ့အတွင်း နှစ်ပတ်တစ်ကြိမ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း (၁၃) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။    

 DOCA(စစ်ကိုင်း)

 

နတ်တလင်းခရိုင်တွင် ဆီလက်လီ/လက်ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်း ခရိုင်ဦးစီးမှူးရုံး၌ (၂၀.၁.၂၀၂၆)နေ့ နေ့လယ်(၁၃:၀၀)နာရီတွင် ခရိုင်ဦးစီးမှူးနှင့် ဆီရောင်းချသော လက်လီ/လက်ကား ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ စားအုန်းဆီတင်သွင်းဖြန့်ဖြူးရာတွင် နိုင်ငံတော်ကိုယ်စား ကုမ္ပဏီမှ တာဝန်ယူတင်သွင်းဖြန့်ဖြူးခြင်းဖြစ်ကြောင်း ကုမ္ပဏီမှတစ်ဆင့် လက်ကားကိုယ်စားလှယ်များ၊ လက်ကားကိုယ်စားလှယ်များမှတဆင့် လက်လီရောင်းချသော ဆိုင်များ၊ လက်လီရောင်းချသောဆိုင်များမှတဆင့် စားသုံးသူပြည်သူများထံအရောက် ဖြန့်ဖြူးရောင်း ချရန်အတွက် လက်ကားကိုယ်စားလှယ်ကို ကုမ္ပဏီမှတာဝန်ယူ၍ လက်လီရောင်းချသူများကို လက်ကားကိုယ်စားလှယ်မှ တာဝန်ယူကာ ပြည်သူထံအရောက် ရောင်းချရန်လိုပါကြောင်း လက်ကားနှင့်လက်လီကြားတွင် တာဝန်ယူမှု တာဝန်ခံမှုရှိရန်လိုကြောင်း နိုင်ငံတော်ကချမှတ်ထား သည့် အရေးကြီးကုန်စည်စာရင်းတွင် ပါဝင်သောကြောင့် မိမိတို့တာဝန်ယူထားသည့်မြို့နယ်အလိုက် အမှားအယွင်းသတင်းမရှိစေရေး အလေးထားဆောင်ရွက်ရန် ဆီဖြန့်ဖြူးခြင်းနှင့်လုပ်ငန်းများနှင့် ပတ်သက်၍ မှန်(၆)မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန် လက်လီလက်ကားစာရင်း မှန်ကန်ရန်အတွက် လက်လီလက်ကားရောင်းချ သောသူများသည် ဒေသခံဖြစ်ရန်၊ ဆီအသင်းဝင်ဖြစ်ရန်၊ အချိန်မရွေးစစ် ဆေးခံနိုင်သူဖြစ်ရန်၊ မြေပြင်သို့ အဓိက ဆီပျံ့ပျံ့နှံ့နှံ့ဆီရောက်ရှိရေး တာဝန်ယူနိုင်သူဖြစ်ရန်လို ကြောင်း ပြည်သူများထံသို့ ဆီဖြန့်ဖြူးရာတွင် ဈေးကွက်ဖြန့်ဆီ၊ ဈေးကားဆီ၊ အရန်ဆီ၊ စက်မှုကုန်ကြမ်းဆီများ၊ နေရာမှန်ကန်ရန်နှင့် ဗီနိုင်းချိတ်ဆွဲရန် လိုအပ်ပါကြောင်း၊ အချိန်မှန်ကန်ရန် သတ်မှတ်ထားသော ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချရန် တိုင်းဒေသကြီးပြည်နယ်အလိုက် ဒေသအရောက်အရင်းဈေးနှုန်းများတွက်ချက်၍ အပတ်စဉ်ပေးပို့ ထားရှိကြောင်း မိမိတို့ရောင်းချရမည့် ဒေသဦးရေ အရေအတွက်မှန်ကန်ရန် အလေးချိန်ပြည့်စွာ ရောင်းချရန်နှင့် ဆီအရည်အသွေးမှန်ကန်စေရန် လိုအပ်ပါကြောင်း လက်လီရောင်းချသော ဆီဆိုင်များမှလည်း သတ်မှတ်ချက်ကျော်၍ လာထုတ်ယူပါက ထုတ်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။   

DOCA(ပဲခူး)

တောင်ငူမြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဌတို့ပူးပေါင်း၍ တောင်ငူမြို့ပေါ်ရပ်ကွက်များတွင် ၂၀.၁.၂၀၂၆ ရက်နေ့နံနက်ပိုင်းက စားအုန်းဆီရောင်းချနေမှုများအား သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှုရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

    ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမျိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကေတုမတီမြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းလတ်နှင့်အဖွဲ့ သည် ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့်ရောင်းချရာတွင် သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှုရှိ/မရှိ မြို့ပေါ်ရပ်ကွက်များရှိလက်လီ/လက်ကား ကိုယ်စားလှယ်အရောင်းဆိုင်များသို့ လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

     တောင်ငူခရိုင်တွင် ရပ်ကွက်ကျေးရွာ ၂၀၄ အုပ်စု၊ အိမ်ထောင်စုဝင်ဦးရေ (၁၇၆၆၆၁)ဦးအား လစဉ်စားအုန်းဆီ (၃၂၂၈) ပေပါကို လက်ကားကိုယ်စားလှယ် (၆)ဦး၊ လက်လီဆိုင်ခွဲပေါင်း (၁၂၁) ဆိုင်တို့ဖြင့် ပြည်သူများထံသို့ ဖြန့်ဖြူးပေးလျက်ရှိပြိး တောင်ငူမြို့နယ်အနေဖြင့် တစ်ရက်လျှင် (၃၉.၄)ပေပါနှုန်း၊ တစ်လလျှင် (၉၈၅)ပေပါခွဲတမ်းရရှိကာ ရပ်ကွက်ကျေးရွာ (၅၁)ခုတွင် အိမ်ထောင်စုဝင်လူဦးရေ (၄၄၇၄၈)ဦးအား အိမ်ထောင်စုတစ်စုလျှင် လစဉ်ဆီ(၁၅)ပိဿာကို သတ်မှတ်ရည်ညွန်းဈေးအတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)

စတိုးဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီးဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် (၁၉.၁.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင်ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ရွှေလင်းအိမ်စတိုးဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံ ဆွေးနွေးပါသည်။

            ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူများ သာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများအွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့်ပတ်သက်၍သိကောင်းစရာများ သိပညာပေးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။  

  DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ