သံဖြူဇရပ်မြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၁၆.၆.၂၀၂၆ ရက်နေ့ နံနက် (၀၈:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် စားအုန်းဆီရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ အငယ်တန်းစာရေး ဒေါ်ဇင်မာသင်းမှ အဆိုပါ ရပ်ကွက်များတွင် ရောင်းချနေသော စားအုန်းဆီလက်လီကိုယ်စားလှယ်အား မိမိတို့ရရှိသော ခွဲတမ်းများကို စားသုံးသူပြည်သူ လက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် ရောင်းချပေး စေလိုကြောင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပေးစေလိုကြောင်း ပြောကြားခဲ့ပြီး မသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း များရှိပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာ/ ရပ်ကွက်များကိုလည်း စဉ်ဆက်မပြတ် ရောင်းချပေးနိုင်ပါရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)