
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မုံရွာမြို့ပေါ်ရှိ MSME ထုတ်ကုန်များဖြစ်သည့် အရန်သင့်အစားအစာအမျိုးမျိုးနှင့် အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်ရာတွင် နန္ဒဝန်ရပ်ကွက်ရှိ လွင်၊ ရသာမွန်နှင့် ရွှေလပ်ကီး အမှတ်တံဆိပ်များ၊ သလ္လာရပ်ကွက်ရှိ ဒို့မုံရွာအမှတ်တံဆိပ် မုန့်မျိုးစုံလုပ်ငန်းများ၊ စက်မှုဇုန်ရပ်ကွက်ရှိ စိန်မြင်း အမှတ်တံဆိပ် ပဲကြော်လုပ်ငန်း၊ ထန်းတောရပ်ကွက်ရှိ ဝိုင်းအုံ အမှတ်တံဆိပ် လက်ဖက်နှင့် ပဲကြော်လုပ်ငန်း၊ မြို့သစ်ရပ်ကွက်ရှိ ဆာကူရာ အမှတ်တံဆိပ် ယိုမျိုးစုံလုပ်ငန်းနှင့် ပွဲတော်အုပ် အမှတ်တံဆိပ် လက်ဖက်နှင့်ပဲကြော်စုံလုပ်ငန်းတို့အား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကိုက်ညီမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ လိုအပ်နေသေးသော အမှတ်တံဆိပ်များအား ပညာပေးကာလ (၁) လသတ်မှတ်ခဲ့ပြီး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
