
စားသုံးသူရေးရာဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ မကွေး/ချောက်ခရိုင်တာဝန်ခံ ဦးဆောင်၍ ဝန်ထမ်းများသည် (၁၄.၆.၂၀၂၆)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့နယ်အတွင်းရှိ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များထံသွားရောက်၍ ကုန်စည်ပေါ်တွင်ဖော်ပြထားသည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မကွေး/ ချောက်ခရိုင်တာဝန်ခံ ဒေါ်တင်တင်လှသည် လုပ်ငန်းရှင်များ ထံမှ မိမိတို့ထုတ်လုပ်ရောင်းချသည့် ကုန်အမှတ်တံဆိပ်တစ်မျိုးချင်းစီအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၈)၊ ပုဒ်မ (၄၁) ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်၍ ကုန်စည်များအား သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိသော ကုန်အမှတ်တံဆိပ်ဖြင့်သာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရေး၊ ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များအားလည်း ကုန်စည်တစ်မျိုးချင်းအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအား ရှင်းလင်း၍ ဖော်ပြချက်များအတိုင်းပြည့်စုံစွာ ဆောင် ရွက်နိုင်စေရေး အသိပညာပေးဆောင်ရွက်ခဲ့ပြီးလက်ကမ်းစာ စောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(မကွေး)
