သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး အပါအဝင် ဦးကျော်ခိုင် (ဦးစီးအရာရှိ)၊ စစ်ဆေးရေးအရာရှိ(၂)နှင့် ဝန်ထမ်း(၂)ဦးတို့သည်  ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ညောင်ပင်လေးဈေးအတွင်းရှိ ဒေါ်သွယ်သွယ်လေး ယဉ် (ဆီဆိုင်) နှင့် ဦးခင်မောင်ထွဋ်  (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့်ပူးပေါင်းပြိး ဆီရောင်းချမှု အခြေအနေ များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၃.၆.၂၀၂၅ ရက်နေ့တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်း ချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ ဦးဇော်မင်းလတ် ခရိုင်ဦးစီးမှူး ဦးဆောင်သောပူးပေါင်းအဖွဲ့သည်  ၂.၆.၂၀၂၅ ရက်နေ့ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော နိုင်ဂရုနှင့် သိန်းဦးဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသော တင်ဆောင် ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ခိုင်နှင့် ဝန်ထမ်းများသည် ၃.၆.၂၀၂၅ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ နဂါးညီနောင်ဆန် ဆိုင်နှင့်  ပန်းဧရာဆန်ဆိုင်တို့အား (၁၀:၃၀) အချိန်တွင် အဖွဲ့စုံနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

    ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထား သောရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေး အတွက်စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင် မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၌ စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်

    (၃၀.၅.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ တိုက်ကြီးမြို့နယ် ခွဲတာဝန်ခံပါ (၂)ဉီးတို့သည် တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်တွင် စားသုံးသူပြည်သူများစားသုံးသူ အခွင့်အရေးအပြည့်အဝရရှိစေရန်နှင့် ကုန်စည်များမှန်ကန်စွာ ရွေးချယ်ဝယ်ယူနိုင်ရန် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

   ဟောပြောပွဲတွင် မြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးမှ စားသုံးသူရေးရာဉီးစီးဌာနတွင် လက်ရှိ ဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများအတွက် ညှိနှိုင်းဖြေရှင်းမှုများ ရှိကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိပါက ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူ သတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ(CICC)ရုံးများတွင် တိုင်ကြားနိုင်ပါကြောင်း၊ Consumer Cell Center (၁၅၃၅)သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

 DOCA (ရန်ကုန်)

မသင်းလူသုံးကုန်နှင့်အိမ်သုံးပစ္စည်းများ ဖြန့်ချီရေးလုပ်ငန်းအား အွန်လိုင်းမြေပြင်ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ (၃)ဉီးတို့ သည် ၃၀.၅.၂၀၂၅ ရက်နေ့ နံနက်(၉:၁၅)အချိန်တွင် အမှတ်၊ ၂၉၈/2B ၊ ခ(၈)လမ်း၊ မြို့သစ်(က+ခ) ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ မသင်းလူသုံးကုန်နှင့်အိမ်သုံးပစ္စည်း ဖြန့်ချီရေး လုပ်ငန်းအား အွန်လိုင်း မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/မရှိနှင့် အခြား လိုအပ်သည့်အချက်အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့်စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများနှင့်ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကလေးဝမြို့တွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားရှိမှု ရှိ/မရှိ အပတ်စဉ် ကွင်းဆင်းစစ်ဆေး

                ( ၂.၆.၂၀၂၅ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးဝမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းချသည့် ဒေါ်မြမြဆိုင်သို့ သွားရောက်၍ ဦးထွန်းမြင့် ( လ/ထကြီးကြပ်ရေးမှူး ) မှ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ သည်ဟုသိရှိရပါသည်။

              စားသုံးသူရေးရာဦးစီးဌာနမှ ဦးထွန်းမြင့် ( /ထကြီးကြပ်ရေးမှူး ) အနေဖြင့် မိမိတို့ဆိုင်တွင် ဆန်များရောင်းချရာ၌ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ရန်နှင့် ဆန်များချင်တွယ်ရောင်းချရာတွင်လည်း     အချင်အတွယ်များအား ပြည့်မှီစွာ ရောင်းချရန် ပြောကြားခဲ့ပါသည်။

DOCA (စစ်ကိုင်း)

 

ဖောင်းပြင်မြို့နယ်တွင် စည်သွပ်အစားအစာများအား ဈေးကွက်စောင့်ကြည့်

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးနယ်မြေအတွင်းရှိ ဖောင်းပြင်မြို့တွင် ( ၂.၆.၂၀၂၅ ) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်  ပူးပေါင်း၍ ဖောင်းပြင်မြို့ စည်ပင်ဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

                   စားသုံးသူရေးရာဦးစီးဌာနမှ ဖောင်းပြင်မြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန်သည် ဇွန်လအတွင်း ဦးစားပေးဆောင်ရွက်မည့် ကုန်စည်အမျိုးအစားဖြစ်သည့် စည်သွပ်အစားအစာ အမျိုးမျိုးအား မြန်မာစာဖြင့် ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ မိတ်ဖက်ဌာနများနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

မင်္ဂလာဒုံမြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်လျှေက်ထားခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

   ၃၀.၅.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁၉၇/၁၉၈/၁၉၉)၊ ၁၀ လမ်း၊ ရန်ကုန်စက်မှုဇုန်ရှိ စားသောက်ကုန်ပစ္စည်းများ Xcite ခေါက်ဆွဲခြောက်လုပ်ငန်းအား အွန်လိုင်းမှတ်ပုံ တင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံ တင် လက်မှတ်လျှောက်ထားသူနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/မရှိ၊ မှတ်ပုံတင်လက် မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှုအမျိုးအစား၊ စာရင်းအတိုင်းမြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့်ကုန်အညွှန်းအမှတ်အသားဖော်ပြမှုတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“(၂၆.၅.၂၀၂၅)ရက်နေ့ မှ (၁.၆.၂၀၂၅) ရက်နေ့ထိ တစ်ပတ်အတွင်းစားအုန်းဆီ ထုတ်ပေးမှုအခြေအနေ”

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်  သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်မှထုတ်လုပ်ပေးလျက်ရှိသော စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျှက်ရှိပါသည်။ ထိုသို့ ထုတ်ပေးလျှက်ရှိသော စားအုန်းဆီများအား ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်ထားသော အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအပေါ် လက်ကား ပြန်လည် ဖြန့်ဖြူး  ရောင်းချသူများ အနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချစေရေး နှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေး တို့အတွက်လည်း တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျှက်ရှိရာ (၂၆.၅.၂၀၂၅)ရက်နေ့ မှ (၁.၆.၂၀၂၅)ရက်နေ့အထိ ဆီကုမ္ပဏီ (၂၃)ခုနှင့် စားအုန်းဆီ တန်ချိန် (၅၃၉၈.၆၂)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ကော့မှူးမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်း ကြက်ဥ၊ဘဲဥများ ရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌  အခြေခံစားသောက်ကုန်ပစ္စည်း ကြက်ဥ၊ ဘဲများ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ ဇွန်လ (၂)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ကြက်ဥ၊ ဘဲဥ ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်၊ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်တွင် ရောင်းချလျှက်ရှိသော ဒေါ်လဲ့ကြက်ဥ၊ ဘဲဥဆိုင်၊ ဒေါ်စုကြည် ကြက်ဥ၊ ဘဲဥဆိုင်၊ ဒေါ်သက်မွန် ကြက်ဥ၊ ဘဲဥဆိုင်၊ ဒေါ်တင်မိုးနိုင် ကြက်ဥ၊ ဘဲဥဆိုင်၊ ဒေါ်ခင်ချို မြင့် ကြက်ဥ၊ ဘဲဥဆိုင်တို့အား ကြက်ဥ၊ ဘဲဥများ ဝယ်ယူရရှိမှု အခြေအနေ ပြန်လည်ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေတို့အား မေးမြန်းစုံစမ်းခဲ့ရာတွင် ကော့မှူးမြို့နယ် အနေဖြင့် ကြက်ဥ၊ ဘဲဥ အရောင်းပွဲရုံ၊ ဒိုင်များမရှိပါသဖြင့် ကွမ်းခြံကုန်းမြို့နယ်၊ တွံတေးမြို့နယ်၊ တိုက်ကြီးမြို့နယ်ရှိ ပွဲရုံ၊ ဒိုင်များမှ ဝယ်ယူဖြန့်ဖြူး ရောင်းချပေးလျှက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ယနေ့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ကြက်ဥ၊ ဘဲဥ အကြီး၊ အလတ်၊ အသေး ဈေးနှုန်းများအား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ