ကန့်ဘလူမြို့နယ်ရှိ စားသုံးသူများမှ Consumer Call Center (1535)သို့ဖုန်းခေါ်ဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ် တာဝန်ခံဦးမျိုးဝင်းသန်းသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ ဖြင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ သိရှိလိုသည်များကို Consumer Call Center (၁၅၃၅)ကို ရုံးဖွင့်ရက် များမှာ ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျှက်ရှိရာ (၂၃.၁.၂၀၂၆) ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူတစ်ဦးက Consumer Call Center (၁၅၃၅) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ စားသုံးသူ၏အခွင့်အရေးများအကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းတို့အား ဖုန်းခေါ်ဆိုမေးမြန်းခဲ့ရာ Consumer Call Center မှတာဝန်ရှိသူများကစားသုံးသူသိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)








